Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 21, 2019

ေဖာက္ျပန္ေနတဲ႔ ဇနီးကုိ ခင္ပြန္းျဖစ္သူမွ ခရီးထြက္ဟန္ျပဳၿပီး အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အတူေစာင္႔ဖမ္း

နယ္လွည့္အထည္ေရာင္းသမားႏွင့္ ေဖာက္ျပန္ေသာ ဇႏွီးအား နယ္လွည့္ထီေရာင္းေနသည့္ ခင္ပြန္းမွ တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္

မေကြးတုိင္းေဒသၾကီး၊ နတ္ေမာက္ျမိဳ႕နယ္၌ နယ္လွည့္ထီေရာင္းေနသည့္ ခင္ပြန္းသည္မရွိခုိက္တြင္ နယ္လွည့္အထည္ေရာင္းသမားႏွင့္ ေဖာက္ျပန္ခဲ့သည့္ အမ်ဳိးသမီး တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္ခံလုိက္ရေၾကာင္း နတ္ေမာက္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ထံမွ သိရရွိသည္။

“နတ္ေမာက္ျမိဳ ့နယ္၊ အင္းကန္ေက်းရြာေနထုိင္သည့္ အသက္ ၃၁ ႏွစ္အရြယ္ ေအာင္ေက်ာ္စုိးဆုိသူမွ ၄င္း၏ဇနီးကုိ အမႈဖြင့္ခဲ့ျခင္းျဖစ္ျပီး ၄င္းအေနျဖင့္ တစ္ရြာတည္းေန အသက္ ၂၈ ႏွစ္အရြယ္ မစုစု(ခ) မစုလိႈင္ေထြးႏွင့္ ၂၀၀၇ ခုႏွစ္ကတည္းက လက္ထပ္ေပါင္းသင္းခဲ့တယ္၊

ဆယ္စုႏွစ္တစ္ခုေက်ာ္ လက္ထပ္ေပါင္းသင္းေနထုိင္မႈအတြင္း သားသမီးႏွစ္ဦးထြန္းကားခဲ့ေသာ္လည္း ဇနီးျဖစ္သူမွာ အျခားေသာနယ္လွည့္အထည္ေရာင္းသမားႏွင့္ေဖာက္ျပန္ေနျခင္းၾကားသိရ၍ ၂၀၁၈ ခုႏွစ္ေအာက္တုိဘာလအတြင္း ညအခ်ိန္မွာပင္ ခရီးထြက္ဟန္ျပခဲ့ျပီး

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္အတူ ေစာင့္ၾကည့္ေနခဲ့ရာမွ ဇနီးျဖစ္သူမွာ နယ္လွည့္အထည္ေရာင္းသမား ‘ေက်ာ္ေဆြ’ဆုိသူႏွင့္ ေဖာက္ျပန္ေနျခင္းျဖစ္တယ္။ ၄င္းတုိ ့ႏွစ္ဦးကုိလည္း ေနအိမ္ဆုိင္ခန္းအတြင္းမွ အတူထြက္လာသည္ကုိေတြ ့ခဲ့ရဟု ခင္ပြန္းမွ အမႈဖြင့္ တိုင္တန္းလာသည္ဟု ရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ဇနီးျဖစ္သူ မစုလိႈင္ေထြးကုိ နတ္ေမာက္ၿမိဳ႕မရဲစခန္း၌(ပ)၅/၂၀၁၉၊ တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာဥပေဒပုဒ္မ ၁၃ ျဖင့္ ဇန္န၀ါရီ ၁၈ ရက္တြင္ အမႈဖြင့္ေပးလိုက္တယ္ဟု ရဲတပ္ဖြဲ႕မွ ေျပာၾကားသည္။

Munimary

Unicode

နယ်လှည့်အထည်ရောင်းသမားနှင့် ဖောက်ပြန်သော ဇနှီးအား နယ်လှည့်ထီရောင်းနေသည့် ခင်ပွန်းမှ တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နယ်လှည့်ထီရောင်းနေသည့် ခင်ပွန်းသည်မရှိခိုက်တွင် နယ်လှည့်အထည်ရောင်းသမားနှင့် ဖောက်ပြန်ခဲ့သည့် အမျိုးသမီး တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံလိုက်ရကြောင်း နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့ ထံမှ သိရရှိသည်။

“နတ်မောက်မြို ့နယ်၊ အင်းကန်ကျေးရွာနေထိုင်သည့် အသက် ၃၁ နှစ်အရွယ် အောင်ကျော်စိုးဆိုသူမှ ၄င်း၏ဇနီးကို အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ၄င်းအနေဖြင့် တစ်ရွာတည်းနေ အသက် ၂၈ နှစ်အရွယ် မစုစု(ခ) မစုလှိုင်ထွေးနှင့် ၂၀ဝ၇ ခုနှစ်ကတည်းက လက်ထပ်ပေါင်းသင်းခဲ့တယ်၊

ဆယ်စုနှစ်တစ်ခုကျော် လက်ထပ်ပေါင်းသင်းနေထိုင်မှုအတွင်း သားသမီးနှစ်ဦးထွန်းကားခဲ့သော်လည်း ဇနီးဖြစ်သူမှာ အခြားသောနယ်လှည့်အထည်ရောင်းသမားနှင့်ဖောက်ပြန်နေခြင်းကြားသိရ၍ ၂၀၁၈ ခုနှစ်အောက်တိုဘာလအတွင်း ညအချိန်မှာပင် ခရီးထွက်ဟန်ပြခဲ့ပြီး

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စောင့်ကြည့်နေခဲ့ရာမှ ဇနီးဖြစ်သူမှာ နယ်လှည့်အထည်ရောင်းသမား ‘ကျော်ဆွေ’ဆိုသူနှင့် ဖောက်ပြန်နေခြင်းဖြစ်တယ်။ ၄င်းတို ့နှစ်ဦးကိုလည်း နေအိမ်ဆိုင်ခန်းအတွင်းမှ အတူထွက်လာသည်ကိုတွေ ့ခဲ့ရဟု ခင်ပွန်းမှ အမှုဖွင့် တိုင်တန်းလာသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ဇနီးဖြစ်သူ မစုလှိုင်ထွေးကို နတ်မောက်မြို့မရဲစခန်း၌(ပ)၅/၂၀၁၉၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် အမှုဖွင့်ပေးလိုက်တယ်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။

Munimarya

No comments:

Post a Comment