CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 23, 2019
ငွေ(၂)သောင်းကျပ် မချေးလို့ ကျောက်ငရုတ်ကျည်ပွေ နဲ့ ထုသတ်တဲ့ လူသတ်မှု တရားခံဖမ်းမိ
ဇန်န၀ါရီလ ၁၉ ရက်နေ့ ညက ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် ၊ ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ လုံခြုံရေးဝန်ထမ်း ဦးလှမောင်ဖေ(၆၂)နှစ်ကို၊ တိုက်(၃) အခန်းအတွင်းမှာ သတ်ဖြတ်သွားသည့် လူသတ်သမားအား ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိကြောင်း သိရပါသည်။
အဆိုပါလူသတ်မှုအား ပြစ်မှုကျူးလွန်ရန်ဖြစ်နိုင်သည့် မသင်္ကာသူများအား စုံစမ်းရာ အခင်းဖြစ်နေ့ ၁၉.၁.၂၀၁၉ ရက်နေ့ ၀၉၃၀ အချိန်ခန့် က ယခင်က လုံခြုံရေးဝန်ထမ်းလုပ်ကိုင်ခဲ့ဖူးသည့်
ကျော်ကျော် ဆိုသူ ရောက်ရှိလာပြီး သေဆုံးသူ ဦးလှမောင်ဖေ နှင့် သစ်ကိုင်များခုတ်ခြင်းပြုလုပ်ကာ အတူထမင်းစားခဲ့ကြောင်း သိရှိရသဖြင့် ကျော်ကျော်အား လိုက်လံစုံစမ်းရှာဖွေ ခဲ့ပါသည်။
၂၁.၁.၂၀၁၉ ရက်နေ့ ၁၆၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မုဒိတာလမ်းနေ ၎င်း၏ညီမ ဖြစ်သူ နေအိမ်တွင် ကျော်ကျော်(ခ) ဇော်မိုးကျော် အား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့က ကျော်ကျော်(ခ) ဇော်မိုးကျော်သည် လုံခြုံရေး အတူလုပ်ကိုင်ခဲ့ဖူးသည့် ဦးလှမောင်ဖေ လုပ်ကိုင်လျက်ရှိသော အောင်ဇေယျ အိမ်ယာသို့ ရောက်ရှိခဲ့ပြီး ဦးလှမောင်ဖေ အား ငွေ(၂)သောင်းကျပ်ချေးရန် ပြောဆိုရာ ဦးလှမောင်ဖေမှ မချေးနိုင်ကြောင်းပြောခဲ့သည်။
ဦးလှမောင်ဖေနှင့်အတူ သစ်ပင်မှသစ်ကိုင်များ ခုတ်ပေးခဲ့ပြီး နေ့လည်စားအတူစားခဲ့ကာ ထပ်မံ၍ ငွေကြေးအကူအညီ တောင်းခံရာမပေးသဖြင့် အနီးတွင်ရှိသော ကျောက်ငရုတ်ကျည်ပွေဖြင့် ဦးခေါင်းအား (၃)ချက်ထု၍ နဖူးအား ဓားမဖြင့် ခုတ်ပြီး ဦးလှမောင်ဖေအား အခန်းအတွင်းသို့ ဆွဲသွင်းခဲ့ပြီး ဦးလှမောင်ဖေ ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုး (၁)ကုံး၊ လက်စွပ်(၁)ကွင်း ၊ ငွေ (၁၂၀၀၀) ကျပ်နှင့် ဖုန်း(၁)လုံးတို့အား ယူဆောင်ခဲ့၍ အ၀တ်အစားများလဲကာ ထွက်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ရွှေကြေးစည်း (၁)လမ်းနေ ကျော်ကျော်(ခ)ဇော်မိုးကျော် (၂၃)နှစ်ထံမှ ပြစ်မှုနှင့်ပတ်သက်သော သက်သေခံပစ္စည်းများအား ရှာဖွေ သိမ်းဆည်းခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ငွေ(၂)သောင်းကျပ် မချေးလို့ ကျောက်ငရုတ်ကျည်ပွေ နဲ့ ထုသတ်တဲ့ လူသတ်မှု တရားခံဖမ်းမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment