Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 20, 2019
မန္တလေးက သန်းခေါင်ယံ အကျွတ်လွတ်ပွဲ (ကြောက်စရာကြီးဗျာ)
kingsaye
Unicode
မန္တလေးမြို့ရဲ့အထွက် ကျောက်မီး ရွာသုသာန် မှာလုပ်တဲ့ အကျွတ်လွတ် ပွဲကိုအပ္ပမာဒကမောင်နှမတွေ အယ်ရာဖတ်နှစ်စီးအပြည့်ချီတက်ခဲ့ကြတယ်။
အရင်နိဗ္ဗါန်ယာဉ်ဆိုရဲရဲတောင် မကြည့်ရဲတဲ့ကလေးမတွေ ကခုတော့နိဗ္ဗါန်ယာဉ်ပေါ်မှာ သီချင်းတွေအော်ဆိုနေကြလို့ တားတောင်ယူရတယ်။ အယူသီးခဲ့တာတွေမရှိတော့ဘူးလေ။
အဲ တင်လားမဟုတ်သေးဘူးဗျ။သုသာန်ထဲကိုရောက်တော့ အဲဒီကဧည့်ခံတဲ့ အစားသောက်တွေကိုပါ အားရပါးရအားပေးကြတယ်ဗျာ။ ကြောက်တတ်တာတော့ ကြောက်ကြသေးတယ်။
အကျွတ်လွတ်ပွဲ ဆိုတာကိုဘာလဲဆိုတာကို ခုမှပဲသေသေချာချာသိရတော့တယ်။
“အကျွတ်အလွတ်ပွဲဆိုတာ ဒီသင်္ချိုင်းထဲ ကပရလောကသားတွေ တင်မကပဲ အရပ်ရပ်က သရဲတွေ ပြိတ္တာတွေ တစ္ဆေတွေ စတဲ့မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ်တွေ အားလုံး လာနိုင်သမျှလာကြတယ်။”
” ဒီအထဲမှာ ရောက်လာတဲ့သူတွေကို သူတို့နဲ့ သံသရာအဆက်ဆက် တော်စပ်ခဲ့တဲ့ သူတွေရဲ့ကျွေးမွေးတာတွေ စားသောက် နောက်နေ့မှာ လုပ်တဲ့အမျှဝေတဲ့ အချိန်မှာကျွတ်သင့်တဲ့ သူတွေကျွတ်သွားကြတာပေါ့။”
“ဒီနေရာမှာလာနိုင်သူအားလုံးရှိနေတယ်။ သူတို့နဲ့ အမျိုးတော်စပ်ခဲ့တဲ့သူတွေ ရဲ့ဒါနကို စောင့်နေကြတာ။”
“—-ဒါဆို ဒီထဲမှာသရဲတွေ အများကြီးရောက်နေတာပေါ့ ကြောက်စရာကြီး”
“—မန္တလေးမှာ အကျွတ်လွတ်ပွဲ လုပ်လာတာ၃၅ နှစ်ရှိပြီ ။ငါရောက်ခဲ့တဲ့ သင်္ချိုင်း ၂ဝဝကျော်ပြီ”
အားလုံးပျော်တယ်။ဒီလိုကောင်းမှုမျိူးကလဲ ကြုံခဲတယ်လေ။ညတစ်ချက်ကျော် မှပြန်ရောက်တယ် အားလုံးငိုက်ကုန်ပြီလေ။ မှတ်မှတ်ရပါပဲ။နောက်ဆို ကျနော်တို့ကိုယ်တိုင်စဆုံးပါဝင် ကူညီချင်ပါတယ်။
kingsaye
No comments:
Post a Comment