Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 12, 2019

အယူတိမ်းလျှင် အပါယ်လားတတ်သည် ။

မသိနားမလည်သူတွေ မြန်မာမှုလုပ်ငန်း ယွန်းအတတ် မှန်စီရွှေချ သရိုးပညာအတတ် မျက်ပါးရွှေဆိုင်း အကြောင်း ထိစပ်မှု နှံစပ်မှု လေ့လာမှု မရှသူတွေ ထင်ရာ မြင်ရာ မှတ်ချက်မျိုးစုံနဲ့ ပြောဆို ငြင်းခုန်နေကြတဲ့ ရွှေတိဂုံစေတီတော်ရဲ့ အရံစေတီတစ်ဆူမှာ သစ်စေးရည်စီးကျနေတဲ့ ပြဿနာကို
ကျနော်ငယ်စဉ်ဘဝကတည်းက မိဘအမွေ မြန်မာမှု အတတ်ပညာများကို လုပ်ကိုင်ရင်း လေ့လာမိသမျှ အတွေ့အကြုံအရသော်၎င်း
မြန်မာမှု ဗိသုကာပညာရှင်များ၏ စာအုပ်စာပေ မှတ်တမ်းများ ဆရာဦးအေးမြင့် မြန်မာမှုဒီဇိုင်း ပညာရှင်၏ အတိတ်ကမြန်မာမှု မှတ်တမ်းမှတ်ရာများကို လေ့လာဖတ်ရှု စေ့ငုမိသမျှ အတွေ့အကြုံ ဝါသနာတို့ကို အရင်းခံပြီး လေ့လာဆင်ခြင်မိသမျှဖြင့် အဖြေထုတ်မိပါတယ် ။

သရက်ဖူးချိန် သစ်ရည်ပျံချိန်မို့ သစ်စေးဟောင်းများ သစ်ရည်ပျံပြီး မျက်ပါးရွှေကို ဖောက်ထွက်လာတာပါ
မျက်ပါးရွှေမကပ်ခင် ရွှေခံသစ်စေး အညိုရည် သုတ်ရပါတယ် ယင်းနောက် အနက်ရည် သုတ်ပြီး အာငွေ့ကေခာက်လျှင် သစ်စေးရေထိုး သုတ် နှုတ်ပြီးမှ မျက်ပါးရွှေ ကပ်ရပါတယ်။

ငှက်ပျောဖူးကို သစ်စေးသုတ်ပြီး ကြာနုကြာလှန်ကို သစ်စေးသုတ်ချိန် သစ်စေးစုပုံ ဥနေတာပါ စေတီတစ်ဆူမှာ သစ်စေး အခဲဆုံး စုပုံမှုအများဆုံးက ကြာနုနဲ့ ချယားသီး (ရွဲသီး)နေရာတွေပါ
ယခုလို ပြာသို တပို့တွဲ သရက်ဖူးချိန် သစ်ရည်ပျံချိန်မှာ သစ်စေးဟောင်းများ နိုးထပျော်တတ်သလို သစ်စေးသုတ်ပါကလည်း အလွယ်တကူ သွေ့ခြောက်ခြင်းမရှိပါ ။

ယခုလို နတ္တော်ပြာသို လများမှာ
သစ်စေးထည်များကို မြေတိုက်သွင်းပြီး ရေငွေ့ ပျံရည်နဲ့ သွေ့ခြောက်အောင် လုပ်ရပါတယ်
ဒီအခြေအနေကို ယွန်းပညာရှင်များ မှန်စီရွှေချ ပညာရှင်များ မျက်ပါးရွှေဆိုင်း သစ်စေသရိုးပညာရှင်များ သိကြပါတယ်
ထို့ကြောင့် မသိနားမလည်သူတွေ
ထင်ရာမြင်ရာ ပြောဆို ငြင်းခုန်ခြင်းဟာ
မြန်မာမှု မြန်မာ့ရိုးရာအမွေ
ယွန်းအတတ် မှန်စီရွှေချ သစ်စေးသရိုးအတတ်ပညာကို တန်ဘိုးထား မလေ့လာခဲ့ကြတဲ့
အကျိုးဆက်ကြောင့်ပါ ။
ယင်းအခြေအနေဟာ မြန်မာ့ရိုးရာ အတတ်ပညာများ အတွက် အင်မတန်ဝမ်းနည်းစရာကောင်းတဲ့
အနေအထားပါ
ရိုးရာအမွေကို အလေးထား မလေ့လာခဲ့ကြတဲ့ အကျိုးဆက်ကနေ အခုလို အငြင်းအခုန်တွေ မြင်တွေ့ ကြားသိနေရတော့ပါဘဲ ။

သစ်စေးသုတ်တဲ့ လုပ်သားတွေဟာ
တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး ထို့အတူ
ယင်းစေတီမှာ တာဝန်ကျတဲ့ လုပ်သားရဲ့ ပေါ့လျော့မှုကြောင့်
သစ်စေးသုတ် စုတ်ချက်မညီတာ ဖြစ်တတ်သလို သစ်စေးအရည် ရှိသင့်တဲ့ အပူချိန်မှာ မရှိဘဲ အနှစ် အခဲ အပြစ်ကို သုတ်မိရင်လည်း သစ်စေး အထူအပါး မညီတဲ့အတွက် ဖြစ်တတ်ပါတယ် ။

ထို့အပြင် သစ်စေးအညိုရည် မသုတ်ခင် သစ်စေးအဟောင်းကို မခွာဖြစ်တာ ဖြစ်တတ်သလို
ကြာနုနဲ့ ငှက်ပျော ထိစပ်ရာမှာ အပေါက်သော်၎င်း အက်ကြောင်းသော်၎င်း ရှိနေတာကို သရွတ်နဲ့ ဖြည့်တင်း မဖာထေးဘဲ ပြည့်တင်းအောင် သစ်စေးရည် လောင်းထည့်မိရင်လည်း ဖြစ်တတ်ပါတယ်
ထို့ကြောင့် နောက်ဆုံး ပြောတဲ့ ဖြည့်တင်းလောင်းထည့်မှု ဖြစ်ဘို့ များပါတယ် ။

ဗုဒ္ဓသာသနာ ကမ္ဘာမှာ ရောင်ဝါနေသို့ လင်းပါစေ
ဝေနေယျအများ သတ္တဝါများ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ပါစေ ။

ခင်မင်ခြင်းများစွာဖြင့်
Ko Phoe Kyaw

No comments:

Post a Comment