Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 14, 2019

လောကဓံတရားရှစ်ပါး☢


၁။လာဘ=လာဘ်ရခြင်း။
၂။အလာဘ=လာဘ်မရခြင်း။
၃။ယသ=အခြံအရံရှိခြင်း။
၎။အယသ=အခြံအရံမရှိခြင်း။
၅။နိန္ဒ=ကဲ့ရဲ့ခံရခြင်း။
၆။ပသံသ=ချီးမွမ်းခံရခြင်း။
၇။သုခ=ချမ်းသာခြင်း။
၈။ဒုက္ခ=ဆင်းရဲခြင်း။

ထို့ကြောင့်
လာဘော,အလာဘော
ယသော,အယသော
နိန္ဒံ,ပသံသံ
သုခံ,ဒုက္ခံ လောကဓံတရားနဲ့ရယ် လောကီဘုံအလယ် ဆုံလာကြတယ်
ပုထုဇဉ်လည်းမလွဲပါတယ် သံသရာခရီးသည်.... စသည်ဖြင့်တေးဖွဲ့၍ သီဆိုကြသည်။
၎င်းလောကဓံတရား(၈)ပါးနှင့်တွေ့ကြုံရသောအခါ အကောင်း(၄)ပါးနှင့်ကြုံကြုံ အဆိုး(၄)ပါးနှင့်ကြုံကြုံ စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းချုပ်ပါ။ အကောင်း(၄)ပါးနှင့်တွေ့ကြုံလို့လည်း သိပ်မမြူးထူးမပျော်ရွှင်ပါနဲ့။အဆိုး(၄)ပါးနှင့်တွေ့ကြုံငြားလည်း အရမ်းစိတ်မညစ်ပါနဲ့ ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားပါ။
တို့တွေဟာ ပုထုဇဉ်မို့ တုန်လှုပ်မှုတော့ အနည်းနှင့်အများ ဖြစ်ကြမှာ ဧကန်ပါပဲ။
ရဟန္တာ ပုဂ္ဂိုလ် များမှာတော့ အဘယ်လောကဓံနှင့်တွေ့ကြုံရသည်ဖြစ်စေ မတုန်လှုပ်ပါဘူး၊
ထို့ကြောင့်
ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။
ဘော ဒေဝပုတ္တ-အိုနတ်သား။
လောကဓမ္မေဟိ-လောကဓံတရားရှစ်ပါးတို့နှင့်။
ဖုဋ္ဌဿ-တွေ့ထသော။ယဿ-အကြင်ရဟန္တာပုဂ္ဂိုလ်၏။စိတ္တံ-စိတ်သည်။န ကမ္ပတိ-မတုန် မလှုပ်"ဟူ၍ မင်္ဂလသုတ်၌ သင်ခဲ့ မြင်ခဲ့ ကြားခဲ့ရသည် မဟုတ်ပါလား။
အရှင် ဝိစိတ္တ

No comments:

Post a Comment