Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 12, 2019

အပြောင်းအလဲနဲ့ဈေးဦးပေါက်


ထွေအုပ်ကို သမ္မတရုံးအောက်ပို့ပြီးတော့ဈေးဦးပေါက်သွားသူကတော့ လေးမျက်နှာ
မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးပါပဲ ...
on line အစွမ်းအံ့မခန်းနဲ့ ဘေကုန်သော်ငြား တာဝန်ကျေသည့်လူသားလို့ ခံစားရ
တဲ့အတွက် တန်မှတန် ...
ဆရာဆရာမတွေကို ကြေနပ်သည်အထိတောင်းပန်ဖို့နဲ့ ပြောင်းမိန့်ချလိုက်ပါသတဲ့ ..

မပြောင်းလဲဘူးဆိုသူတွေရေ ...ပြောင်းသမှ မြို့နယ်အုပ်ကြီးတောင် ပြောင်းသွားပြီ ...
နောက်ဆို အပြောအဆို ဆင်ခြင်နော် ...
ကြားလား ...

Aye Chan Phyo(12-1-19)
*********************************
ထွေအုပ်ဆိုတာနဲ့ စော်ကားလို့ရသလား
*********************************
လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာက အများပြည်သူကောင်းမှု သိန်း ၇၂၀တန်
ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ...

ပွဲတက်လာတဲ့ လူကြီးတစ်ယောက်ရဲ့အမျိုးသမီး ဖုန်းပျောက်ပါတယ် ....
အမှန်က သူ့ကားထဲမှာပဲ ထွက်ကျကျန်ခဲ့တာပါ ...

အဲဒါကို မြို့နယ်ထွေအုပ်က အရာရှိဆိုတဲ့ ထူးထက်ဆိုသူက ဆရာ ဆရာမတွေကို အခန်းထဲစုပြီး ရဲခေါ်မယ် .. လှော်ကထားက သူခိုးဒေသလို့ စွပ်စွဲပြောဆိုပါသတဲ့ ...

အခန်းထဲကို ဆရာဆရာမတွေစုခိုင်းရလောက်အောင် မြို့နယ်ထွေအုပ်က ပါဝါတယ်ပြင်းလှသကိုး ...
သူခိုးဒေသလို့ ပညာမဲ့လူမိုက်စကား ပြောနိုင်ရလောက်အောင် တန်ခိုးထွားလှချေလား ကိုထွေအုပ်ရယ် ...

ဖုန်းပြန်တွေ့တာတောင် ပြန်တွေ့ကြောင်းပြန်မပြောပဲ ခပ်တည်တည် ဂရုစိုက်စရာ
မလိုဘူးဆိုတဲ့ သောက်ချိုးနဲ့ သခင်အားရကျွန်ပါးဝပြလိုက်သေး ...

on line မှာဒီသတင်းပြန့်တော့ ဒုတိယတစ်ကြိမ် ဆရာဆရာမတွေကို အခန်းထဲ
ထပ်စုပြီး တောင်းပန်မလို့တဲ့ ...

တောင်းပန်တဲ့သူပြောတဲ့စကားက ...သူ့ရဲ့ဘုန်းတော်ဘွဲ့တွေ ...
တောင်းပန်မှာလား မေးတော့ တောင်းပန်တာမဟုတ်ဘူး .. ငြိမ်းချမ်းရေးလိုချင်တာ ..
သူပြောတဲ့စကားတွေပြန်ပြောတော့ ...သူဒီလိုမျိုးပြောခဲ့သလား .. တဲ့

ဝန်ထမ်းအချင်းချင်းတောင် ဒီလောက်မောက်မာ ရိုင်းစိုင်းနေရင် သာမာန်အရပ်သား
အပေါ်ဆို ဘယ်လောက်တောင် နှိပ်စက်လိုက်မဲ့ဝန်ထမ်းဖြစ်မယ်ဆိုတာ တွေးကြည့်
ရုံနဲ့ သိသာသပ ...

ဒေသခံ ဆရာဆရာမတွေက ဝန်ထမ်းတွေမို့ ဒီလိုအရာရှိဆိုးမျိုးနဲ့ မကင်းနိုင်တော့
နှိပ်စက်ခံရမှာ ကြောက်နေပုံရပါတယ် ...

သူစော်ကားတာက ဒေသတစ်ခုလုံးနော် ..ဒီပွဲမှာ ...
ဒါလောက်နဲ့ ပြီးသွားလို့ကတော့ ...နောက်တစ်ခါထပ်ပြီး အစော်ကားခံဖို့ လူ
စုခိုင်းရင်ထပ်စုပေးနေရဦးမယ်ဆိုတာတော့ပညာတတ်ဆိုတဲ့ ဆရာဆရာမတွေ နည်း
နည်းတော့ စဉ်းစားဖို့ကောင်းပါတယ် ...

အဓမ္မကို အဓမ္မပါလို့ ပြောဖို့ ကြောက်နေသမျှ လူယုတ်မာတို့ခေါင်းမော့ရင်ကော့ပြီး
ထင်တိုင်းကြဲဖို့ အကြိမ်ကြိမ် ကြိုးစားရင်းအမှန်တရားက ခေါင်းငုံ့နေရဦးမယ်ဆိုရင်
အဓိကတာဝန်အရှိဆုံးသူတွေဟာ ..အစော်ကားခံနေတဲ့ ဆရာဆရာမတွေနဲ့
သူခိုးစွဲခံရတဲ့ ဒေသခံတွေပါပဲ ...

Aye Chan Phyo(26-12-18)




No comments:

Post a Comment