Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 13, 2019

လမ်းပြောင်းပြန်ဝင်ပြီး ကားခြင်းညှိမိရာမှ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် နှင့် ပြဿနာဖြစ်ပွားခဲ့


ဒီ နေ့ညနေ၅နာရီလောက်မြောက်ဥကလာလေဆိပ်သွားတဲ့လမ်းမှာ…ရထားလမ်းပိတ်ထားပါတယ်…လမ်းမကြီးမှာကားလမ်းပိတ်မှာစိုးတော့ အဲဒီနားကစေတနာ့ဝန်ထမ်းတဦးက….ကားလမ်းရှင်းပေးပါတယ်…တဖက်ယာဉ်ကြောကလဲ ရှင်းနေတော့ ကားတွေကို ယာဉ်ကြောပြောင်းပြန် ဝင်ခိုင်းပါတယ်…စုစုပေါင်း၎စီးမှာကျမတို့က၄စီးမြောက်ပါ….ကျမတို့ကား၎စီးကနီးစပ်ရာကားတွေနဲ့နားလည်မှုယူပြီးဝင်ကြရပါတယ်…







သမီးကြီး







မှတ်ချက် မနှိုင်းယှဉ်ဘက်ကနေ မကြာခင်မှာ ပြန်လည်ဖြေရှင်း သွားမည်လို့ ကြားသိထားရပါသေးတယ် (စောင့်ကြည့်ပေးပါ)
..............
ဒီ နေ့ညနေ၅နာရီလောက်မြောက်ဥကလာလေဆိပ်သွားတဲ့လမ်းမှာ…ရထားလမ်းပိတ်ထားပါတယ်…လမ်းမကြီးမှာကားလမ်းပိတ်မှာစိုးတော့ အဲဒီနားကစေတနာ့ဝန်ထမ်းတဦးက….ကားလမ်းရှင်းပေးပါတယ်…တဖက်ယာဉ်ကြောကလဲ ရှင်းနေတော့ ကားတွေကို ယာဉ်ကြောပြောင်းပြန် ဝင်ခိုင်းပါတယ်…စုစုပေါင်း၄စီးမှာကျမတို့က၄စီးမြောက်ပါ….ကျမတို့ကား၄စီးကနီးစပ်ရာကားတွေနဲ့နားလည်မှုယူပြီးဝင်ကြရပါတယ်…

ကျမတို့နောက်ကကားကYGN 1D/4363ပါ…. အဲဒီကားကလုံးဝလမ်းမပေးတဲ့အပြင်ကား back မှန်ကိုပွတ်ဆွဲပါတယ်. မှန်cover ပြုတ်ထွက်သွားပါတယ်… ကားချင်းညိပြီဆိုတော့ထုံးစံအတိုင်းကျမတို့ကားပေါ်ကဆင်းကြပါတယ်..အဲဒီအချိန်မှာဘဲအဲဒီကားကမောင်းပြေးပါတယ်…ဒါပေမဲ့အဲဒီနားကလူတွေကဝိုင်းတားထားတော့ခပ်လှမ်လှမ်းမှာရပ်သွားပါတယ်…ကျမအပြေးလိုက်သွားပြီးမှန်ကိုပုပ်ပြီးဖွင့်ခိုင်းပါတယ်…

ဘေးကလူတွေကအဲဒါရုပ်ရှင်ထဲကလူတွေလို့ပြောပါတယ်…အမှန်အတိုင်းပြောရရင်ကျမသူတို့ကိုမသိပါဘူး…. ကားမှန်ဖွင့်ပြီးကားမောင်းတဲ့ကောင်လေးကမင်းတို့ကမှားတာတိုက်မှာဘဲလို့ပြောပါတယ်… ရန်ကုန်မှာကားမောင်းနေကြတာနားလည်မှုနဲ့မောင်းတာပါ…နောက်ပြီးကျမတို့လမ်းပြောင်းပြန်ဝင်တယ်ဆိုတာက….စေတနာ့ဝန်ထမ်းလမ်းရှင်းပေတဲ့သူကဝင်ခိုင်းလို့ဝင်တာပါ… ဝင်မယ်ဆိုတော့လဲလက်ပြပါတယ်… သူကလမ်းမပေးတော့လဲ မဝင်ဘဲနေတာကို တမင်ပွတ်ဆွဲတာပါ….

နောက်ပြီးcoverဘဲပြုတ်တာကြီးကြီးမားမားပြသနာမဟုတ်ပါဘူး….ဒါပေမဲ့ကားချင်းညိပြီဆိုယဉ်ကျေးမှုအရဆင်းပြီးပြေပြေလည်လည်ပြောညိနှိုင်းတောင်းပန်ပြီး ကိုယ်လမ်းကိုဆက်သွားကြရတာပါ…ဒါကိုဆင်းမလာတဲ့အပြင်မင်းတို့မှားတာတိုက်မှာဘဲဆိုတော့ကျမတခွန်းဘဲပြန်ပြောလိုက်ပါတယ်…လောကကြီးမှာသတ်မှတ်ထားတဲ့ဥပဒေတွေလဲရှိတယ်….ဥပဒေအရမသတ်မှတ်သော်လည်းထားသင့်တဲ့လူ့ကျင့်ဝတ်ကိုယ်ချင်းစာတရားဆိုတာရှိတယ်…မင်းတို့အလှည့်ကြမနွဲ့နဲ့ပေါ့ကွာလို့ပြောလိုက်ပါတယ်…အဲဒီမှာကောင်မလေးကစွာစွာတလဲရန်ထောင်ပါတယ်…

သူဘာတွေပြောလဲအသေးစိတ်ပြန်မပြောတတ်ပေမဲ့လက်ခုပ်တီးပြောနေတာတော့သေချာမှတ်မိနေပါတယ်…အော်လိုက်တာဆိုတာလဲဆူညံနေတာပါဘဲ…..ယာဉ်ထိမ်းရောက်လာတော့လဲကျမတို့ကဖြစ်စဉ်အသေးစိတ်ဘာ့ကြောင့်လမ်းပြောင်းပြန်ဝင်ရသလဲဆိုတာရှင်းပြပါတယ်….အဲဒီအချိန်ယာဉ်ကြောအခြေအနေကိုနားလည်တဲ့ယာဉ်ထိမ်းကသူနားလည်ကြောင်း၂ဖက်တောင်းပန်ပြီးပြေပြေလည်လည်ပြောဖို့ပြောတာကိုလုံးဝလက်မခံဘဲကောင်မလေးကအော်ဟစ်နေပါတယ်…

ကျမလဲတော်တော်စိတ်တိုလာလို့တော်တော်ကိုပြောခဲ့ပါတယ်…မင်းတို့ celebrityဖြစ်ပြီးပရိတ်သတ်ကိုဒီလိုဆက်ဆံသလား… မင်းတို့celebrityဖြစ်လာတာပရိတ်သတ်ရှိမှcele ဖြစ်လာမှာလို့ပြောခဲ့ပါတယ်…..ကောင်မလေးက…ငါဘယ်သွားမှာလဲသိလားနင်တို့လိုအားနေတမဟုတ်ဘူးတဲ့…ကျမကဘာမှမပြောတော့…လေဆိပ်သွားမှာမအားဘူးတဲ….လေဆိပ်ဘာလုပ်ရမှာလဲ…လူတိုင်းသွားနေတာဆိုတော့…

စစ်တပ်မွေးနေ့ပွဲသွားမလို့တဲ့…. ကျမလဲရီချင်လာတာနဲ့ရီပြီးစစ်တပ်လို့ပြောရင်ကြောက်မယ်ထင်လို့လားလို့မေးလိုက်ပါတယ်…. ဘေးကအမျိုးသမီးတယောက်က….စစ်တပ်ခေတ်ကမပြီးသေးဘူးလားဟယ်လို့ပြောလိုက်တော့အဲဒီကောင်မလေးပိုပြီးအော်ပါတော့တယ်…နောက်ဆုံးအဲဒီရပ်ကွက်တာာဝန်ရှိသူလို့ထင်ရတဲ့သူတွေရောက်မှဘဲအဲဒီ၂ယောက်သူတို့ကားဆီပြန်သွားပါတော့တယ်…..

ဒါကဖြစ်စဉ်အကျဉ်းပါ…. ကျမအံ့ဩတာက…..ရန်ကုန်မှာကားချင်းညိတာမဆန်းပါဘူး…..ဒီလိုဘဲနားလည်မှုနဲ့မောင်း….နားလည်မှုနဲ့သွားနေကြတာပါ…လျော်ကြေးဆိုတာလဲတော်ယုံမယူကြဘဲကျေနပ်ကြတာပါ….ဒါကိုငါမှန်တာဘဲဆိုပြီးတကိုယ်ကောင်းဆန်ဆန်မောင်း..ပြီတော့မောင်းပြေးတာကိုပါ….ဒါသာမာန်လူဆိုရင်တောင်ဘာမှမပြောလိုပေမဲ့… celeတယောက်အနေနဲ့တော့အံ့ဩမိပါတယ်…

နောက်ပြီးceleတယောက်ကစစ်တပ်လို့လွယ်လွယ်လေးသုံးသွားတာကိုပါ…မစဉ်းမစားစစ်တပ်မွေးနေ့လေဆိပ်သွားမလို့ဆိုတာကတော့အရီချင်ဆုံးပါဘဲ… celeတယောက်အနေနဲ့ကားပေါ်ကဆင်းလာsorryပြောပြေလည်အောင်ဖြေရှင်းပြီးပရိတ်သတ်မေတာကိုယူဖို့မစဉ်းစားဘဲလမ်းမှအော်ဟစ်ရန်ဖြစ်ရဲတဲ့cele ကိုတော့အံ့ဩမိပါတယ်…..

credit

No comments:

Post a Comment