Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 13, 2019

တစ်လက်မ သာရှိတဲ့ မွေးရာပါပစ္စည်းကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့တဲ့ အမျိုးသား




BurmeseAsia

#Unicode Version#
ကနေဒါက အမျိုးသားတစ်ဦးဟာ လိင်အလုပ်သမ အမျိုးသမီးနှစ်ဦးကို အနှောင့်အယှက်ပြုမူခြင်း နဲ့ အဓမ္မပြုကျင့်စော်ကားခြင်းတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခြင်း ခံထားရပါတယ်။

ဒီ့ အတွက်ကြောင့် အစွပ်စွဲခံထားရသူ အသက် ၄၄ နှစ်အရွယ် အမျိုးသား ဂျက်ကူးရော့ချော့ဆိုသူ က သူ့အတွက် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထွက်ဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ကနေဒါ၊ အော့တာဝါမှာ ပြည့်တန်ဆာ အမျိုးသမီးနှစ်ဦးအား လိင်အမြတ်ထုတ်ခဲ့ခြင်းအပေါ် သူ့အနေနဲ့က သူ့ရဲ့ မွေးရာပါ ရှိရင်းစွဲပစ္စည်းမှာ

လူတွေအားလုံး အံ့အားသင့်စရာ ကောင်းလောက်အောင် သေးငယ်နေခဲ့လို့ ဒီလိုပြစ်မှုမျိုးကို ကျူးလွန် ခဲ့ခြင်းဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ထွက်ဆိုထားပါတယ်။

ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ သူ့အတွက်လည်း လုံးဝကျူးလွန်ခဲ့ဖို့ မတတ်နိုင်ဘူးဆိုတာကို တရားရုံးတော်သို့ ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။

တရားစွဲဆို စွဲချက်တင်ထားတဲ့ အမျိုးသမီးနှစ်ဦးကတော့ အဆိုပါ အမျိုးသားမှာ စက်မှုဇုန်ကားပါကင် ဝင်းအတွင်း နောက် လိုက်နှောင့် ယှက်မှုတွေနဲ့ လိင်အဓမ္မပြုကျင့်မှုတွေ ရှိခဲ့တယ်လို့ ထွက်ဆိုထားကြပါ တယ်။

အော့တာဝါရဲ့ တရားလိုရှေ့နေကတော့ အမှုသည်အနေနဲ့ ဒီလိုအပြစ်ကျူးလွန်ခြင်းမျိုးကို လုပ် ဆောင်ဖို့ အမှုသည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ဘယ်လိုမှ တတ်စွမ်းနိုင်ခြင်းမရှိဘူး ဆိုတာ တိကျသေချာနေကြောင်း တရားသူကြီးအား လျှောက်တင်ခဲ့ပါတယ်။

အော့တာမှာ ခန္ဓာကိုယ်အစားအားဖြင့် အဝလွန်းနေသူတစ်ဦးပုံစံဖြစ်ကာ သူ့ရဲ့ ဒီလိုမျိုး ပုံပန်းပျက်နေခဲ့ တဲ့ ခန္ဓာကိုယ်နဲ့ အမျိုးသမီးတွေ စွဲဆောင်သဘောကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာနဲ့

မွေးရာပါ ပစ္စည်း ကလည်း သာမန်ထက်ပိုပြီး အံ့အားသင့်လောက်အောင် သေးငယ်လွန်းနေခဲ့သူလည်း ဖြစ် တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားနဲ့ ရှေ့နေတို့က တရားရုံးတော် လျှောက်လဲတင်သွင်းချက်မှာတော့ တစ်လက်မသာရှိတဲ့ သူ့ရဲ့ ပစ္စည်းကို ဓာတ်ပုံရိုက်ယူပြီး အဆိုပြုခဲ့ကာ

အမှုအနိုင်ရရေးနဲ့ တရားဥပဒေ ပြစ်ဒဏ် ကနေလွတ်မြောက်အောင် ကြိုးစားခဲ့ရာ နောက်ဆုံးမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက် အောင်မြင်ခဲ့ပါတယ်။
BurmeseAsia

No comments:

Post a Comment