Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 26, 2018

NLDအစိုးရလက်ထက်တွင် အေးမြသည့်ဆောင်းရာသီနှင့် ကြုံနေရပြီ ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ပြော


ရန်ကုန်၊ဒီဇင်ဘာ ၂၇

NLDအစိုးရလက်ထက်တွင် သစ်ခုတ်မှုတားမြစ်ခဲ့ခြင်းနှင့် သစ်ပင်များစိုက်ပျိုးခဲ့မှုကြောင့် အေးမြသည့်ဆောင်းရာသီနှင့် ကြုံနေရပြီဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောသည်။
"NLD အစိုးရ တက်လာပြီးတဲ့နောက်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ သစ်ခုတ်လှဲမှုတွေကို တားမြစ်ခဲ့တယ် ။
နေရာဒေသအသီးသီးမှာ သစ်ပင်တွေ ပြန်ပျိုးထောင်ခဲ့တယ် ဒါကြောင့် သစ်ပင် သစ်တောတွေ ပြန်ပေါ်လာတယ် အပူဒဏ်တွေ လျှော့ချလာတယ် ။
အအေးဓာတ်တွေ ရလာတယ် အေးမြမှုတွေ လူတွေ စခံစားလာရပြီ ။
ငယ်စဉ်တုံးကလို ဆောင်းရာသီရဲ့ အထိအတွေ့ အေးမြမှုလေးတွေကို ယခုအချိန်မှာ ကြည်နူးစွာ ထိတွေ့ နေရပြီ "ဟု ဦးလင်းနိုင်းမြင့်က ယနေ့ နံနက်ပိုင်းတွင်
၎င်း၏ Facebook ၌ ရေးသားထားသည်။

BZ

No comments:

Post a Comment