Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 19, 2018

ကော်ဖီ(၃)ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးများ ရင်သား,သေးငယ်စေနိုင်

လေ့လာမှုတစ်ရပ်အရ ကော်ဖီသောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ရင်သားကို သေးငယ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒီသတင်းဟာ ကော်ဖီပုံမှန် သောက်သုံးတဲ့ အမျိုးသမီးတွေအတွက်တော့ သတိပြု ဆင်ခြင်စရာဖြစ်ပါတယ်။

သိပ္ပံရှင်တွေရဲ့ တွေ့ရှိချက်မှာ တစ်နေ့ကို အနည်းဆုံး ကော်ဖီ (၃)ခွက်သောက်သုံးတတ်တဲ့ မမတွေအနေနဲ့ နဂိုရှိရင်းစွဲ ရင်သားအလှကို လျှော့ကျစေပြီး၊ ရင်သားသေးသွားခြင်း၊ အနေအထားမမှန်ခြင်း စတာတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Lund University မှ ပါမောက္ခ Helena Jernstroem နဲ့အဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပြီး၊ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို သုတေသနပြုလုပ်စဉ်မှာ အခုလို ထူးဆန်တဲ့အချက်အလက်တွေကို အတည်ပြုနိုင်ခဲ့တာပါ။

ပါမောက္ခ Helena ရဲ့အဆိုအရ အနည်းဆုံး ကော်ဖီသုံးကြိမ်ထက် မနည်း သောက်သုံးတယ်ဆိုရင် အဲဒီအမျိုးသမီးရဲ့ ရင်သားအရွယ်အစားဟာ တဖြည်းဖြည်းနဲ့ သေးလာဖို့သာရှိတယ်လို့ တိတိကျကျ အဖြေထုတ်ထားပါတယ်။ ကော်ဖီသောက်ခြင်းကြောင့် အမျိုးသမီးတွေ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို အရင်ဆုံး စစ်ဆေးခဲ့တာပါ။

ဒီလိုသုတေသနပြုပေးဖို့ တောင်းဆိုသူ အမျိုးသမီး(၃၀၀)ရဲ့ ရင်သားဆိုက်အရွယ်အစားတွေကို ကနဦး ရယူထားပြီး၊ သူတို့တစ်တွေရဲ့ ကော်ဖီသောက်သုံးမှု ပမာဏနဲ့ ပြောင်းလဲသွားတဲ့ ရင်သားဆိုက်အရွယ်အစားကို နှိုင်းယှဉ်ခဲ့တာပါ။ ဒါပေမယ့် ကော်ဖီတစ်ခွက်က ဘယ်လောက်အထိ ရင်သားကို ကျုံ့စေတယ်၊ ရင်သားကျုံ့မှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာတော့ တိတိကျကျ ထုတ်ပြန်ခြင်း မရှိပါဘူး။

လင်းဇော်ကို (MyanmarNote)
source : elitereaders.com

ယူနီကုဒ်ဖြင့် ဖတ်ရန်-

လေ့လာမှုတစ်ရပ်အရ ကော်ဖီသော

No comments:

Post a Comment