Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 19, 2018

အငြိမ်းစား အစိုးရ၀န်ထမ်းများ အားလုံး၏ ပင်စာလစာများ တိုးမြှင့်ပေးတော့မည်ဟု ကြေညာချက်ထုတ်ပြန်


အငြိမ်းစား အစိုးရ၀န်ထမ်းများအားလုံး၏ ပင်စာလစာကို အရာထမ်းဆိုလျှင် ၁၀ ရာခိုင်နှုန်း၊ အမှုထမ်းဆိုလျှင် ၂၀ ရာခို်င်နှုန်းစနစ်ဖြင့် တိုးမြှင့်၊ နှစ်သစ်တွင် တိုးမြှင့်ပင်စင်လစာခံစားနိုင်မည်

အငြိမ်းစား အစိုးရ၀န်ထမ်းများအားလုံး၏ ပင်စင်လစာကို လာမည့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ တိုးမြှင့်ခံစားခွင့် ပေးလိုက်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“၁၀ ၊ ၂၀ စနစ်နဲ့ တိုးမြှင့်လိုက်တာပါ။ အမှုထမ်းဆိုရင် ၂၀ ရာခိုင်နှုန်း၊ အရာထမ်းက ၁၀ ရာခိုင်နှုန်းပါ။ သူတို့ရနေတဲ့ လစာအပေါ်မှာ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း တွက်ချက်ပြီး တိုးပေးမှာပါ။ လာမယ့် ၂၀၁၉ ဇန်န၀ါရီလကစပြီး တိုးမြှင့်ပင်စင်လစာကို ခံစားလို့ရပါပြီ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာကိုတိုးမြှင့်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာကိုလည်း ယနေ့ ထုတ်ပြန်လိုက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး ၂၂ / ၂၀၁၈ အရ တိုးမြှင့်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

khit thit media

No comments:

Post a Comment