Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 28, 2018

အိန္ဒိယမှာ အစ္စလာမ်ဓလေ့ကွာရှင်းပုံ အခြေခံဥပဒေနဲ့မညီကြောင်း အတည်ပြု


အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ။ (Photo : AFP News)
အိန္ဒိယနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ချက်ချင်းလက်ငင်း လင်မယားကွာရှင်းတဲ့ဓလေ့ ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုတဲ့ တရားရုံးချုပ်ရဲ့တင်ပြချက်ကို အောက်လွှတ်တော်က မနေ့က သဘောတူအတည်ပြုလိုက်ပါတယ်။

ဒါ့အပြင် အဲဒီနည်းနဲ့ ကွာရှင်းတဲ့ လင်ယောက်ျားကို ထောင်ဒဏ် ၃ နှစ် ချမှတ်ဖို့လည်း ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဂရက်ပါတီနဲ့ အဓိက အတိုက်အခံပါတီ အမတ်တွေက ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ လွှတ်တော်အတွင်းကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ တခြားဘာသာတွေမှာ အဲဒီလို ပြစ်ဒဏ်ပေးတာ မရှိကြောင်း၊ ဒီအမှုနဲ့ လင်ယောက်ျား ထောင်ကျသွားတဲ့အခါ ဇနီးမယားအပေါ်ထောက်ပံ့မှုအပေါ် ဘယ်လိုထောက်ပံ့မလဲ ဆိုတာလည်း မရှင်းလင်းကြောင်း ပြောဆိုကြပါတယ်။

ကွန်ဂရက်ပါတီခေါင်းဆောင်တဦးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြေလည်မှုရအောင် နည်းလမ်းရှာ ဆောင်ရွက်ဖို့ လွှတ်တော်ကို တိုက်တွန်းပါတယ်။

အစ္စလာမ်ဘာသာဝင် လင်ယောက်ျားက ဇနီးဖြစ်သူကို တွာလာဒ် ဆိုတဲ့ စကားလုံး သုံးကြိမ်ရွတ်ဆိုပြီး ကွာရှင်းနိုင်တဲ့ ကိစ္စဟာ အခြေခံဥပဒေပါ မွတ်စလင် ဇနီးသည်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ အိန္ဒိယတရားရုံးချုပ်က မနှစ်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ အစိုးရအနေနဲ့ အထက်လွှတ်တော်မှာ ဒီဥပဒေကို အတည်ပြုဖို့ အမတ်နေရာ အများစုမရခဲ့သလို၊ အတိုက်အခံရဲ့ ထောက်ခံမှုလည်းမရရှိခဲ့ပါဘူး။ အိန္ဒိယမှာ အစ္စလာမ်ဘာသာဝင် သန်း ၁၇ဝ လောက်ရှိပြီး အများစုက တွာလာဒ်သုံးကြိမ် နဲ့ကွာရှင်းနိုင်တဲ့ ဓလေ့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment