Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 28, 2018

အဆိုတော် ရသ ပါ (၃) ဦးအား မူးယစ်ဆေးဝါး မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်



မန္တလေး ၂၈ ဒီဇင်ဘာ

အဆိုတော် ရသ (ရဲမင်းသိန်း) ပါ (၃) ဦးအား မူးယစ်ဆေးဝါးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ်ကျခံရန် မန္တလေးခရိုင်တရားရုံး က ဒီဇင်ဘာလ ၂၈ ရက်နေ့ ကအမိန့်ချခဲ့သည် ။

ယခုလို ချမှတ်ခံရမှုနဲ့ ပတ်သက်လို့ အဆိုတော် ရသက '' ကျတော်ကြိုက်လို့သုံးတယ် အဲဒီအတွက် တာဝန်ယူပါတယ်။ အခု ပုဒ်မ ၁၉ ရောင်းဝယ်ဖောက်ကားမှုနဲ့ပေါ့၊ တကယ်တမ်း ဟဲဗီးလုပ်နေတဲ့သူလည်း လုပ်နေတာပဲ ။ ရောက်မလာဘူးလေ။ သုံးတဲ့သူတွေပဲ ရောင်းဝယ်ဖောက်ကား မှုချနေတာပဲ အဲတာပဲပြောချင်ပါတယ်'' ဟု ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်း နှင့် လမ်း ၅၀ လမ်းကြားရှိ ``နန်းထိုက်ပန်´´ ဧည့်ရိပ်မွန်တွင် သြဂုတ်လ ၁၄ ရက်နေ့က သတင်းအရဝင်ရောက် ရှာဖွေရာမှ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment