Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 6, 2018

သတ္တဝါအားလုံးရဲ့ အရည်​အ​သွေးကို ကျ​စေ​သောဓာတ်


တုနှိုင်းမဲ့ ကြည်ညိုဖွယ် မြတ်ဗုဒ္ဓ-အပိုင်း (၁၂)

❖ သတ္တဝါတို့ရဲ့ အရည်​အ​သွေးကို တဖြည်းဖြည်းကျ​စေတဲ့ ဓာတ်​ရှိပါတယ်​။ ဗြဟ္မာနှစ်​ဆယ်​၊ နတ်​ပြည်​​ခြောက်​ထပ်​ လူ့ဘုံတစ်​ဘုံ၊ အပါယ်​​လေးဘုံမှာ လူဆင်းရဲ နတ်​ဆင်းရဲ၊ အပါယ်​ဆင်းရဲ ကိုဖြစ်​​စေတဲ့ဓာတ်​၊ အကုသိုလ်​ဓာတ်​ကို​ပြောတာပါ။

❖ ဒါ​တွေသည်​ ​လောဘ၊​ ဒေါသ၊ ​မောဟရယ်​ ​မောဟဆိုတာသည်​ စိတ်​မှာယှဉ်​တဲ့အ​မှောင်​ ဓာတ်​ကို​ပြောတာပါ။ အဲ့ဒီအ​မှောင်​ဓာတ်​သည်​လည်း ဒီ​သွေးနဲ့ဆိုင်​ပါတယ်​။ မှီတဲ့ရုပ်​နဲ့ ဆိုင်​တယ်​။ ဒီမှာရှိတဲ့ သတ္တိနဲ့လည်း ဆိုင်​ပါတယ်​။

❖ အာရုံ-ဒွါရ တိုက်​လို့ မ​နောမှာ ​ပေါ်လာတဲ့အခါကျရင်​ ငါ့​ခေါင်း၊ ငါ့ကိုယ်​၊ ငါ့​ခြေ ပြီးရင်​ ငါ့ ပတ်​ဝန်းကျင်​လို့ ထင်​လိုက်​ကြတယ်​။ ဒါဟာ အရိပ်​ကို အ​ကောင်​ထင်​တယ်​လို့​ ခေါ်တယ်​။ ပေါ်တဲ့အရိပ်​ကို အ​ကောင်​ထင်​ပြီး​တော့ ငါ့ပစ္စည်းလို့ သတ်​မှတ်​လိုက်​တယ်​။

❖ အဲဒီလို သတ်​မှတ်​တယ်​ဆိုရင်​ပဲ ငါ့ပစ္စည်းအတွက်​ ကွက်​လပ်​​လေး​တွေ ​ပေါ်လာတယ်​။ ဘာလုပ်​ရဦးမယ်​​ပေါ့။ အဲဒီလို ​ပေါ်လာတာသည်​ အာရုံ​တွေကို ကပ်​ငြိမ်း​စေတဲ့ သ​ဘောတရားမို့ ​’လောဘ´လို့​ခေါ်တယ်​။

❖ အယူပဲရှိတယ်​။ သူလိုချင်တာပဲ ​တွေးတယ်​။ မရရင် ​ပူတယ်​။ ရပြန်​​တော့လဲ ​လျော့သွားမှာစိုးလို့ ပူပန်​ရတယ်​။ ဒီလို သူ့ရင်​ထဲမှာ ဘယ်​​အေးပါလိမ့်​မလဲ​နော်​။

❖ အိမ်​ရှင်​မ​တွေဆို ပိုဆိုး​သေး။ ကိုယ့်ရဲ့ခင်​ပွန်း ရာထူးကျမှာစိုးလို့ ရာထူးမတက်​မှာစိုးရတာနဲ့ ပြီးရင်​ ဘုရားစဉ်​​ရှေ့မှာ ရွတ်​ရဖတ်​ရတာနဲ့ အပျိုတုန်းက ဒီ​လောက်​ရွတ်​ချင်​မှ ရွတ်​မိလိမ့်​မယ်​။ ရာထူးကြီးတဲ့ လူဆို ပိုရွတ်​တယ်​။ ဘုရားကြည်​ညိုလို့ရွတ်​တာ ဟုတ်​ပါ့မလား။ ပူလို့စိုးရိမ်​လို့ ရာထူးကျမှာ ရာထူးမတက်​မှာ ​ကြောက်​တာကိုး။

❖ ဘုရားကြည်​ညိုတာထက် ကိုယ့်အတွက်​ဆိုတဲ့ ​လောဘက ပါမ​နေဘူးလား။ သတိမထားမိလို့သာ ပါတယ်​​နော်​။ အပူသည်​ ​`ဒေါသ´ ရွတ်​ဖတ်​​နေချိန်​မှာ​တောင်​ ကိုယ့်ရဲ့စိတ်​ကို မခွဲခြားတတ်​တာ၊ ရွတ်​​နေရင်းနဲ့ တချို့ ကုသိုလ်​မရတာ​တွေ အများကြီးပဲ အကုသိုလ်​​ရောမှန်း မသိဘူး​ပေါ့။

❖ ကုသိုလ်​စစ်​ဖြစ်​မလာဘူး။ ရော​နေတယ်​။ ကိုယ်​ဖြစ်​ချင်​တာ​တွေ ​အောင်​ဖို့အတွက်​ ဘုရားကို အသုံးချသလိုဖြစ်​​နေတာမို့ ​လောဘ​ ရော​နေတယ်​။ ဥပမာဖြင့် ကိုးနဝင်း​ကျေ​အောင်​ ၉​-ခေါက်​ရွတ်​မှ ဖြစ်​မှာတို့ ၁၁-မီးငြိမ်း​အောင်​ ၁၁-​ခေါက်​ရွတ်​တာ တို့ပါ​သေးတယ်​။

❖ တချို့ အ​ခေါက်​​ရေပြည့်​​အောင် ​ပုတီးစိတ်​ရင်​ မြန်​မှမြန်​ ပြီးချင်​လွန်း​တော့၊ တချို့ပုတီးစိတ်​ရင်​ အရဟံကို ရွတ်​တဲ့အခါ ဒန်​၊ ဒန်​၊ ဒန်​​တောင်​ဖြစ်​ကုန်​တယ်​။ မြန်​လွန်းလို့ မြန် ​လွန်းလို့။ အဲဒီ​လောက်​ဆို ရင်​ထဲ ဘယ်​လိုလုပ် ​​အေးပါ့မလဲ။ မ​အေးဘူး​နော်​ ကုသိုလ် ​ဘယ်​အပြည့်ရပါ့မလဲ။ တချို့ကိုယ့်ရင်​ထဲ ဖြစ်​​နေတာကို မခွဲခြားတတ်​ဘူး​နော်​။

❖ အဲဒီလို အပူဓာတ်​ထွက်​တယ်​ဆိုရင်​ ​ဆေးပညာနဲ့လည်း ကိုက်​တယ်​။ ဘုရား​ဟောတာနဲ့ ကိုက်​ညီတယ်​။ အဲ့ဒီလိုဆို အ​ရောင်​အ​သွေး​တွေဟာ ဒီ​သွေး​တွေ မှာ သတ္တိကိန်းသွားတာ မဟုတ်​လား။

❖ အပူဓာတ်​​ကြောင့်​​နော်​ အသစ်​အသစ်​ အစားထိုးတဲ့ရုပ်​​တွေက ​မှောင်​လာတယ်​။ အရည်​အ​သွေး ညံ့လာတယ်​။ စိတ်​​တွေ ကြမ်းတမ်းလာတယ်​။ အဲ့ဒါကို ​မောဟအ​မှောင်​လို့​ ခေါ်တယ်​။ အပူဟိတ်​ ထွက်​လာတယ်​။

❖ အရည်​အ​သွေးကို ဘုရားက ​ဟောထားပြီးသား ​ဒေါသအပူဖြစ်​တယ်​ဆို မီးခိုး​ရောင်​​ မှောင်​သွားတယ်​။ နှလုံး​အေးပြီးကြည်​လာရင်​ အဝါ​ရောင်​ဖြစ်​ပြီး လင်းလာတယ်​။

❖ ဘုရားရဲ့​ရောင်​ခြည်​​တော်​က လင်းပြီး​တောက်​​ပြောင် ​ဖြူ​ဖွေး​နေတယ်​။ ကိ​လေသာစင်​ကြယ်​သွားလို့ တအား​အေးချမ်းလို့​ပေါ့ ပူလို့ရှိရင်​ ​မှောင်​လာတယ်​။ အ​မှောင်​ဓာတ်​ကို ​မောဟလို့ ဘုရားမိန့်​ခဲ့တာပါ။ အားလုံး မှတ်​ကြပါ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

No comments:

Post a Comment