Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2018



...........................
သစ္စာရှင်အဆစ်အမြစ် နာနှင့်အကိုက်အခဲပျောက်ဆေး သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်
သစ္စာရှင်အဆစ်အမြစ် နာနှင့် အကိုက်အခဲပျောက်ဆေးသည် အနောက်တိုင်းဆေးရောနှောပြီး စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောဆေးဖြစ်၍ သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က မတ် ၉ ရက်က အသိပေးထုတ်ပြန်ထားသည်။
အသိပေးထုတ်ပြန်
ဈေးကွက်အတွင်းရောင်းချလျက်ရှိသော သစ္စာရှင်အဆစ်အမြစ် နာနှင့်အကိုက်အခဲပျောက်ဆေးကို ရန်ကုန်မြို့ ရွှေပြည်သာစက်မှု ဇုန်ရှိ သစ္စာရှင်ဆေးတိုက်မှထုတ်လုပ်လျက်ရှိပြီး ယင်းတိုင်းရင်းဆေး ဝါးတွင် အနောက်တိုင်း Diclofenac ဆေးရောနှောပြီး တိုင်းရင်း ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ထုတ်လုပ်နေခြင်းဖြစ်ကာ စစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

တရားစွဲဆိုမည်
တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါး ရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန တွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါး အတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ ၃၁၊ ၃၂ အရ တရားစွဲဆိုအရေးယူခံရမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။
The Myanmar Times Daily Newspaper - Myanmar Version
https://myanmar.mmtimes.com/news/121246.html
 ရုပ်ပွားတော်
 lion mom

ဒီပုံတွေက မကွေးကသူငယ်ချင်း မျက်စိဆရာဝန်တင်ထားတဲ့ဆီကယူခဲ့တာပါ
သစ္စာရှင်ဆိုတဲ့အကိုက်အခဲပျောက်တဲ့မြန်မာဆေးကိုသောက်ပြီးဖြစ်သွားတာပါ
မြန်မာဆေးဆိုပြီး SULPHUR ပါတဲ့အတွက် Sulphur နဲ့မတည့်တော့  Steven Johnson Syndrome with Symblepharon ဖြစ်သွားတဲ့လူနာပါ ဒါအသက်အန္တရယ်ရှိပါတယ်မြင်ရတာစိတ်မကောင်းဘူး ဒီလိုဆေးတွေသေချာစိစစ်ပြီးအရေးယူသင့်ပါတယ်
အဲ့ဒီဘက်မှာတော်တော်နာမည်ကြီးသောအကိုက်အခဲပျောက်ဆေး “သစ္စာရှင်” တဲ့
Credit May Thet Hnin Aye







1 comment: