Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 18, 2018

သမီးကုိ မုဒိန္း ၀ိုင္းက်င့္တဲ့ သံုးဦးအနက္ တစ္ဦးကို ေသေအာင္ ဓါး နဲ႔ထိုးသတ္ၿပီး ႏွစ္ဦးကို ဒဏ္ရာ ရေစခဲ႕တဲ႕အာဇာနည္ အေမ အမႈမွ ကြင္းလံုးကၽြတ္လြတ္


လူတစ္ဦး ကုိ ဓားျဖင့္ အေသထိုးသတ္ၿပီး က်န္ႏွစ္ဦးကုိ ျပင္းထန္စြာ ဒဏ္ရာ ရရွိသည္အထိ တုိက္ခိုက္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးကုိ ေတာင္အာဖရိကႏုိင္ငံ၊ အမ်ားျပည္သူတရားရံုးက လူသတ္မႈမွ ကင္းလြတ္ခြင့္ ေပးလုိက္ေၾကာင္း သိရပါတယ္။

သူမရဲ႕ သမီး ကုိ အဆိုပါ သံုးဦးက မုဒိန္းက်င့္ ေနခ်ိန္ ယခုလိုတစ္ဟုန္ထိုး တုိက္ခုိက္ခဲ့တာျဖစ္ၿပီး “ ျခေသၤ့ ေမေမ ” လို႔ ေတာင္အာဖရိကႏိုင္ငံတစ္၀ွန္း အင္တာနက္သံုးစြဲသူမ်ားက ေခၚဆိုၾကပါတယ္။

သူမကုိ တရားစီရင္ေနစဥ္အတြင္း ျပစ္ဒဏ္ခ်မွတ္လုိက္ပါက လူထုရဲ႕ ေဒါသေပါက္ကြဲတဲ့ဖိအားနဲ႔ ၾကံဳေတြ႕မယ့္ အလားအလာမ်ားရွိေနခဲ့ၿပီး၊ Lady Frere Magistrates တရားရံုးေရွ႕မွာလည္း စုရံုးဆႏၵျပမႈမ်ား ျဖစ္ေပၚခဲ့ကာ၊ ေနာက္ဆံုးအားျဖင့္ အခုလိုဆံုးျဖတ္ခ်က္ကုိ အမ်ားျပည္သူမ်ားက ၾကိဳဆိုခဲ့ၾကေၾကာင္း သိရပါတယ္။

ေတာင္အာဖရိကႏိုင္ငံ ကိတ္ပ္အေရွ႕ပုိင္းမွ၊ ကမ္ဘူးရြာ အိမ္အလြတ္တစ္လံုးမွာ သူမရဲ႕ သမီး ကုိ လူသံုးဦးက မုဒိန္းက်င့္ေနခဲ့တာ ျဖစ္ပါတယ္။

စက္တင္ဘာ ၂ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ အဆိုပါ ျဖစ္စဥ္အတြင္း သမီး ျဖစ္သူ အႏၱရာယ္က်ေရာက္ေနၿပီလို႔ သိသိရျခင္း၃ ကီလိုမီတာ ခရီးကုိ မီးဖိုေခ်ာင္သံုး ဓားကုိဆြဲလ်က္ အေျပးသြားေရာက္တုိက္ခိုက္ခဲ့တာေၾကာင့္ ၾကားရသူအေပါင္း အ့ံအားသင့္ခဲ့ပါတယ္။ေၾကာက္မက္ဖြယ္ တုိက္ခိုက္မႈ မ်ား အၿပီး အသက္ ၂၇ ႏွစ္အရြယ္ သမီးျဖစ္သူကုိ ႏွစ္သိမ့္ေပးလ်က္ ရဲတပ္ဖြဲ႕၏ ဖမ္းဆီးမႈကုိ ေစာင့္ဆုိင္းေနတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ေတာင္အာဖရိက အမ်ိဳးသား ျပစ္မႈ ဥေပဒ ဆုိင္ရာ အာဏာပုိင္ မ်ားက သမီး ျဖစ္သူရဲ႕ အိေျႏၵ သိက ၡာကုိ ကာကြယ္ရန္အလို႔ငွာ က်ဴးလြန္ခဲ့တာျဖစ္လို႔ လူသတ္မႈ ဆိုတဲ့ စံႏႈန္းေတြနဲ႔ မကိုက္ညီေၾကာင္း ဆံုးျဖတ္ခဲ့ပါတယ္။

အမ်ိဳးသမီး ရဲ႕ အမည္ရင္းကုိေတာ့ ေဖာ္ထုတ္ျခင္းမျပဳဘဲ တရားခံသံုးဦး အနက္ Xolisa Siyeka ကေတာ့ အခင္းျဖစ္ပြားစဥ္မွာပင္ ဓား ဒဏ္ရာ နဲ႔ ေသဆံုးခဲ့ရၿပီး Mncedisi Vuba နဲ႔ Zamile Siyeka တို႔ကေတာ့ ဒဏ္ရာ ကုသမႈခံယူအၿပီး၊ မုဒိန္းမႈနဲ႔ ဆက္လက္တရားရင္ဆုိင္ရမွာ ျဖစ္ေၾကာင္း သိရပါတယ္။
best myanmar new
 သစၥာရွင္ အကိုက္အခဲေပ်ာက္ေဆး

သမီးကို မုဒိန်းကျင့် သူ သုံးဦးအနက် တစ်ဦး ကို အသေ၊ နှစ်ဦး ဒဏ်ရာရအောင် ဓားဖြင့်ထိုး

သမီးကို မုဒိန်းကျင့် သူ သုံးဦးအနက် တစ်ဦး ကို အသေ၊ နှစ်ဦး ဒဏ်ရာရအောင် ဓားဖြင့်ထိုးသည့် အမျိုးသမီး အမှု မှ ကွင်းလုံးကျွတ်လွတ်

လူတစ်ဦး ကို ဓားဖြင့် အသေထိုးသတ်ပြီး ကျန်နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာ ရရှိသည်အထိ တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်အာဖရိကနိုင်ငံ၊ အများပြည်သူတရားရုံးက လူသတ်မှုမှ ကင်းလွတ်ခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

သူမရဲ့ သမီး ကို အဆိုပါ သုံးဦးက မုဒိန်းကျင့် နေချိန် ယခုလိုတစ်ဟုန်ထိုး တိုက်ခိုက်ခဲ့တာဖြစ်ပြီး “ ခြင်္သေ့ မေမေ ” လို့ တောင်အာဖရိကနိုင်ငံတစ်ဝှန်း အင်တာနက်သုံးစွဲသူများက ခေါ်ဆိုကြပါတယ်။

သူမကို တရားစီရင်နေစဉ်အတွင်း ပြစ်ဒဏ်ချမှတ်လိုက်ပါက လူထုရဲ့ ဒေါသပေါက်ကွဲတဲ့ဖိအားနဲ့ ကြုံတွေ့မယ့် အလားအလာများရှိနေခဲ့ပြီး၊ Lady Frere Magistrates တရားရုံးရှေ့မှာလည်း စုရုံးဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ၊ နောက်ဆုံးအားဖြင့် အခုလိုဆုံးဖြတ်ချက်ကို အများပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံ ကိတ်ပ်အရှေ့ပိုင်းမှ၊ ကမ်ဘူးရွာ အိမ်အလွတ်တစ်လုံးမှာ သူမရဲ့ သမီး ကို လူသုံးဦးက မုဒိန်းကျင့်နေခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်အတွင်း သမီး ဖြစ်သူ အန္တရာယ်ကျရောက်နေပြီလို့ သိသိရခြင်း၃ ကီလိုမီတာ ခရီးကို မီးဖိုချောင်သုံး ဓားကိုဆွဲလျက် အပြေးသွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ကြားရသူအပေါင်း အ့ံအားသင့်ခဲ့ပါတယ်။ကြောက်မက်ဖွယ် တိုက်ခိုက်မှု များ အပြီး အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူကို နှစ်သိမ့်ပေးလျက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို စောင့်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တောင်အာဖရိက အမျိုးသား ပြစ်မှု ဥပေဒ ဆိုင်ရာ အာဏာပိုင် များက သမီး ဖြစ်သူရဲ့ အိန္ဒြေ သိက ္ခာကို ကာကွယ်ရန်အလို့ငှာ ကျူးလွန်ခဲ့တာဖြစ်လို့ လူသတ်မှု ဆိုတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသမီး ရဲ့ အမည်ရင်းကိုတော့ ဖော်ထုတ်ခြင်းမပြုဘဲ တရားခံသုံးဦး အနက် Xolisa Siyeka ကတော့ အခင်းဖြစ်ပွားစဉ်မှာပင် ဓား ဒဏ်ရာ နဲ့ သေဆုံးခဲ့ရပြီး Mncedisi Vuba နဲ့ Zamile Siyeka တို့ကတော့ ဒဏ်ရာ ကုသမှုခံယူအပြီး၊ မုဒိန်းမှုနဲ့ ဆက်လက်တရားရင်ဆိုင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

Bestmyanmar news

No comments:

Post a Comment