Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 25, 2018

ဩစေၾတးလ်သြား ေလယာဥ္ေပၚတြင္ ခရီးသည္တေယာက္၏ အသက္ကို ကယ္ခဲ့သည့္ ပဲခူးသား သမားေတာ္ႀကီး

ဩစေၾတးလ်သြား ေလယာဥ္ေပၚတြင္ ခရီးသည္တေယာက္၏ အသက္ကို ကယ္ခဲ့သည့္ ပဲခူးသား ဆီးႏွင့္ေက်ာက္ကပ္ သမားေတာ္ႀကီး Drတိုးလြင္

ေလယာဥ္ေပၚမွ “က်န္းမာေရးအႏၲရာယ္” သတိျပဳရန္

အျမင့္ေပ ၂၀၀၀၀ – ၃၀၀၀၀ အထက္ ပ်ံသန္းေသာ ေလယာဥ္မ်ားေပၚတြင္ ေအာက္ဆီဂ်င္ဓါတ္မွာ ေလ်ာ့နည္းၿမဲျဖစ္သည္။ ေသြးထဲရွိ ေအာက္ဆီဂ်င္ Oxygen saturation ကိုတိုင္းၾကည့္ပါက ပံုမွန္ ၉၈ ရွိသူသည္ ၉၆ ၉၅၊ ပံုမွန္ ၉၇ ရွိသူသည္ ၉၅ ၉၄ သို႔ က်ေနသည္ကို ေတြ႕ရေလ့ရွိသည္။

ေလေၾကာင္းလိုင္း၏ အရည္အေသြးအေပၚ၊ ခရီးသည္ အနည္းအမ်ားအေပၚ၊ ႐ိုး႐ိုးတန္းႏွင့္ Business class( လူနည္း အခန္းက်ယ္) အေပၚ စေသာ အခ်က္မ်ားေပၚလည္း မူတည္သည္။

ထို႔ေၾကာင့္ အဆုပ္မေကာင္းသူ ရင္ၾကပ္ပန္းနာရွိသူ အတိုင္းအတာတခုထိ အေရးႀကီးေသာ ႏွလံုးေရာဂါရွိသူတို႔သည္ ဒီအခ်က္ကို သိရန္ လိုအပ္ေပသည္။

ယခုေခတ္တြင္ လက္ညႇိုးတြင္ အလြယ္တကူတပ္၍ ေသြးတြင္း ေအာက္ဆီဂ်င္ ပါဝင္ႏႈံး တိုင္းႏိုင္ေသာ Oxymeter ေလး ေဆာင္ထားနိင္လ်င္ေတာ့ အလြန္ေကာင္းပါသည္။ သို႔မပာုတ္လ်င္ ေလယဥ္ေပၚတြင္ အသက္႐ွဴရၽႊ္ မေကာင္းပါက ေလယာဥ္ေပၚတြင္ ေတာင္းယူ၍ တုိင္းႏိုင္ပါသည္။

လိုအပ္လ်င္ ေအာက္ဆီဂ်င္ေတာင္းရွဴပါ။သူတို႔မွာ portable oxygen cylinders မ်ား ပါပါသည္။ ျပည္တြင္း ေလေၾကာင္း ေလယာဥ္မ်ားတြင္ oxygen cylinders မ်ား ေအာက္ဆီဂ်င္ျပည့္မျပည့္ စစ္ေဆးရန္ လိုအပ္ပါေၾကာင္း တာဝန္ရွိသူမ်ားအား သတိေပး အၾကံျပဳအပ္ ပါသည္။ (အေတြ႕အၾကံဳအရ ေမတၱာႏွင့္ ေျပာျခင္းျဖစ္ပါသည္)

ယေန႔ ၂၂/၁၂/၁၈ ျမန္မာစံေတာ္ခ်ိန္ နံက္ ၄ နာရီ (ဆစ္ဒနီစံေတာ္ခ်ိန္ နံက္ ၈ နာရီခြဲ) အေတြ႕အၾကံဳကို ေျပာျပပါမည္။ စကၤာပူမွ ၂၂ ရက္ေန႔ စကၤာပူ စံေတာ္ခ်ိန္ ၀၀:၄၅ နာရီ ထြက္လာေသာ ေလယာဥ္ေပၚတြင္ ပါလာေသာ ႏုိင္ငံျခား ေဆးေက်ာင္းသူေလး တေယာက္သည္ ဆစ္ဒနီၿမိ႕ု ေလဆိပ္ေရာက္ရန္ ၃နာရီ ၃၀မိနစ္ခန္႔ အလိုတြင္ ႏွလံုးတုန္ခါမႈ ျပင္းထန္ျခင္း အသက္မ႐ွဴနိင္ျခင္းျဖစ္ကာ ေဝဒနာျပင္းထန္စြာ ခံစားေနရသည္။ Chief crew မွ PA system မွ အကူအညီေတာင္းသျဖင့္ သြားေရာက္ ၾကည့္ေပးရသည္၊ ယခင္က သူမသည္ ပန္းနာရင္ၾကပ္ ေရာဂါရွိသည္ Paroxysmal Atrial Fibrillation ေခၚ ႏွလံုး ပံုမမွန္ အျမန္ခုန္ျခင္းလည္းရွိသည္၊ စတီးရြဳိက္ steroids ေဆးမ်ားလည္း ေသာက္ေနရေလ့ရွိသည္။ အေမျဖစ္သူကသူမမွာ Sensitive မတည့္ေသာ အစာမ်ားလည္း ရွိသည္ဆိုသည္။

ယေန႔လည္း ေလယာဥ္ စတက္ၿပီး ၂နာရီခန္႔အၾကာတြင္ စ၍ ၾကပ္သည္ဆိုသည္၊၊ သူမက ေဆးေက်ာင္းသူျဖစ္သည့္ အေလ်ာက္ ျဖစ္ကာစတြင္ သူ႔ဖါသာကုသည္။ Ventolin 2 puffs မသက္သာေတာ့ 3 puffs ထို႔ေနာက္ 4 puffs။ ေနာက္ အဆုပ္ထဲက အသံမ်ား ေပ်ာက္သြားသည္။ ၿပီးေတာ့ ရင္ထဲ ေန၍ မရေတာ့ လည္ပင္းတြင္ အရမ္းတုန္ခါေနသည္ပာု ေျပာသည္။ တုန္လႈပ္ ေျခာက္ျခားလ်က္ ရွိသည္။ လက္ဖ်ားမ်ား ေအးလ်က္ရွိသည္၊ သို႔ေသာ္ အေရာင္ေကာင္းသည္။

ေလယာဥ္ အေရးေပၚပစၥည္းမ်ားထဲမွ နားၾကပ္ႏွင့္ oxymeter ရသည္၊ Oxygen ႐ွဴေနၿပီးျဖစ္သျဖင့္ saturation ေကာင္း၏ ၊ အဆုပ္ကလည္း အတိုင္းအတာ တခုထိ ရွင္း၏၊ ႏွလံုးခုန္ႏႈးံက ၁၂၆- ၁၃၀ ၾကားရွိ၏။ ၾကည့္ေနရင္းႏွင့္ ၁၃၆ ျဖစ္လာ၏ Emergency kit တြင္ ေဆးမ်ားျပား စံုလင္စြာ မပါေသာ္လည္း ကံေကာင္းခ်င္ေတာ့ Lanoxin tablet ပါလာ၏။ Metoprolol, Cordarone စသည္တို႔ မရွိ။ ထို႔ေၾကာင့္ Lanoxin 0.5mg oral တိုက္လိုက္၏၊ ၁၄၀ ေက်ာ္ဆိုလ်င္ေတာ့ Injection ေပးရန္ ရည္ရြယ္ေသး၏၊ Chief crew က ဆစ္ဒနီေလဆိပ္သို႔ ေရာက္ရန္ ၂နာရီခြဲလိုေသးေၾကာင္း ေျပာပါသည္။ လမ္းမွာ ဆင္းရမလားပာု သြယ္ဝိုက္ေမးတာလည္း ျဖစ္ႏိုင္ပါသည္။ Lanoxin ဝင္ၿပီးလ်င္ အာနိသင္ တိုးတက္ ေကာင္းမြန္မည္ပာု ယံုၾကည္သျဖင့္ ေစာင့္ၾကည့္မည္ပာု ေျပာၿပီး အနီးကပ္ ေစာင့္ၾကည့္ေနပါသည္။ လိုလ်င္ strategy ေျပာင္းမည္ပာု စဥ္းစားဆံုးျဖတ္ထား၏။

ေဆး absorption ႏွင့္ action မရခင္ ၁၅၀ တခ်က္ေက်ာ္သြား ၁၆၀ ေရာက္ျပီးေနာက္ ေဆးအာနိသင္ရေသာအခါ ( မိနစ္၃၀ ခန္႔တြင္) ၁၃၀ သို႔ က်၏၊ ထို႔ေနာက္ ၁၂၀ – ၁၁၀ ဆက္က်၏။ အေျခအေန ေကာင္းမြန္လာကာ ဆစ္ဒနီေလဆိပ္သို႔ ေရာက္ေသာအခါ ၁၀၂ ျဖစ္၏။ (ဒီ knowledge ရေစေသာ ျမင္ဆရာမ်ား အားလံုးကို ေက်းဇူးတင္ပါသည္)။

ကေလးမေလးလည္း ၿပံဳးႏိုင္ၿပီး လက္ဆြဲႏႈတ္ဆက္၏။ Thank you ပာုလည္း ႀကိဳးစား၍ ၂ခါေျပာ၏။

ေလဆိပ္ေရာက္ေသာအခါ ခရီးသည္မ်ား ဆင္းခြင့္မရေသးဘဲ ေလဆိပ္မွ Quarantine Medical Team က တက္လာသည္။ Chief crew က မိတ္ဆက္ေပးသည္။

သူတို႔က လူနာအား ဖ်ားေသးလား အစရွိသည္ျဖင့္ Infection clues ေတြ ေမးသည္၊ “It’s related to Asthma, Ventolin and heart issue. Not related to infection at all“လို႔ ေျပာေပးသည္။ သူတု႔ိ လူနာကိုပင္ မစမ္းေတာ့ဘဲ Thank you ေျပာကာ ျပန္သြားၾကသည္။

ေမာေနေသာ ေဆးေက်ာင္းသူ လူနာမေလး စိတ္သက္သာရာ ရသြားသည္။ သူမအား ေလေၾကာင္းလိုင္း အစီအစဥ္ျဖင့္ ေဆး႐ုံတြင္ ၂၄ နာရီထားရန္ႏွင့္ Observation and further treatment အတြက္ လိုအပ္ေသာ information မ်ား ေရးေပးခဲ့ပါသည္။

Chief Crew မွ မိမိ၏ Visiting Card ေတာင္းသည္။ ေက်းဇူးမ်ားစြာ တင္ေၾကာင္း ေျပာၾကသည္။ Present ႏွင့္ Krisflyer Prestige မ်ား ေပးသည္။

တိုက္ဆိုင္သည္လား မသိ။ ကၽြန္ေတာ္သည္ ညစဥ္ အာစိဏၰကံ ေျမာက္ေအာင္ လုပ္ေလ့ရွိေသာ တရားမွတ္ျခင္း ေမတၱာသုတ္ႏွင့္ ေဗာဇၥ်ဥ္ သုတ္ရြတ္ျခင္းတို႔ကို Changi ေလဆိပ္ boarding မလုပ္ခင္ အခ်ိန္ပိုတြင္ ရြတ္ခဲ့ၿပီး ေလယာဥ္စတက္ခ်ိန္တြင္ ပဌာန္းနိေဒၵသ ကိုလည္း ရြတ္သည္။ ၿပီးမွ အစာစားၿပီး အိပ္ေပ်ာ္သြားသည္။ ႏိုးလာေသာ္ လူနာၾကည့္ရသည္။ အသက္တေခ်ာင္း ကယ္ျဖစ္သြားသည္ပာုလည္း ေျပာ၍ရမည္ ထင္ပါသည္။

ေလာကႀကီးသည္ ေက်နပ္ဖြယ္ေကာင္းေပစြ။

ေလယာဥ္ျဖင့္ခရီးသြားစဥ္က်န္းမာေရးအႏၲရာယ္ကင္းရွင္းၾကပါေစ…

ခ်စ္ခင္စြာျဖင့္

တိုးလြင္
medialann.com

#Unicode Version#
ဩစတြေးလျသွား လေယာဉ်ပေါ်တွင် ခရီးသည်တယောက်၏ အသက်ကို ကယ်ခဲ့သည့် ပဲခူးသား ဆီးနှင့်ကျောက်ကပ် သမားတော်ကြီး Drတိုးလွင်

လေယာဉ်ပေါ်မှ “ကျန်းမာရေးအန္တရာယ်” သတိပြုရန်

အမြင့်ပေ ၂၀၀၀၀ – ၃၀၀၀၀ အထက် ပျံသန်းသော လေယာဉ်များပေါ်တွင် အောက်ဆီဂျင်ဓါတ်မှာ လျော့နည်းမြဲဖြစ်သည်။ သွေးထဲရှိ အောက်ဆီဂျင် Oxygen saturation ကိုတိုင်းကြည့်ပါက ပုံမှန် ၉၈ ရှိသူသည် ၉၆ ၉၅၊ ပုံမှန် ၉၇ ရှိသူသည် ၉၅ ၉၄ သို့ ကျနေသည်ကို တွေ့ရလေ့ရှိသည်။

လေကြောင်းလိုင်း၏ အရည်အသွေးအပေါ်၊ ခရီးသည် အနည်းအများအပေါ်၊ ရိုးရိုးတန်းနှင့် Business class( လူနည်း အခန်းကျယ်) အပေါ် စသော အချက်များပေါ်လည်း မူတည်သည်။

ထို့ကြောင့် အဆုပ်မကောင်းသူ ရင်ကြပ်ပန်းနာရှိသူ အတိုင်းအတာတခုထိ အရေးကြီးသော နှလုံးရောဂါရှိသူတို့သည် ဒီအချက်ကို သိရန် လိုအပ်ပေသည်။

ယခုခေတ်တွင် လက်ညှိုးတွင် အလွယ်တကူတပ်၍ သွေးတွင်း အောက်ဆီဂျင် ပါဝင်နှုံး တိုင်းနိုင်သော Oxymeter လေး ဆောင်ထားနိင်လျင်တော့ အလွန်ကောင်းပါသည်။ သို့မပာုတ်လျင် လေယဉ်ပေါ်တွင် အသက်ရှူရျွှ် မကောင်းပါက လေယာဉ်ပေါ်တွင် တောင်းယူ၍ တိုင်းနိုင်ပါသည်။

လိုအပ်လျင် အောက်ဆီဂျင်တောင်းရှူပါ။သူတို့မှာ portable oxygen cylinders များ ပါပါသည်။ ပြည်တွင်း လေကြောင်း လေယာဉ်များတွင် oxygen cylinders များ အောက်ဆီဂျင်ပြည့်မပြည့် စစ်ဆေးရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား သတိပေး အကြံပြုအပ် ပါသည်။ (အတွေ့အကြုံအရ မေတ္တာနှင့် ပြောခြင်းဖြစ်ပါသည်)

ယနေ့ ၂၂/၁၂/၁၈ မြန်မာစံတော်ချိန် နံက် ၄ နာရီ (ဆစ်ဒနီစံတော်ချိန် နံက် ၈ နာရီခွဲ) အတွေ့အကြုံကို ပြောပြပါမည်။ စင်္ကာပူမှ ၂၂ ရက်နေ့ စင်္ကာပူ စံတော်ချိန် ၀၀:၄၅ နာရီ ထွက်လာသော လေယာဉ်ပေါ်တွင် ပါလာသော နိုင်ငံခြား ဆေးကျောင်းသူလေး တယောက်သည် ဆစ်ဒနီမြိ့ု လေဆိပ်ရောက်ရန် ၃နာရီ ၃၀မိနစ်ခန့် အလိုတွင် နှလုံးတုန်ခါမှု ပြင်းထန်ခြင်း အသက်မရှူနိင်ခြင်းဖြစ်ကာ ဝေဒနာပြင်းထန်စွာ ခံစားနေရသည်။ Chief crew မှ PA system မှ အကူအညီတောင်းသဖြင့် သွားရောက် ကြည့်ပေးရသည်၊ ယခင်က သူမသည် ပန်းနာရင်ကြပ် ရောဂါရှိသည် Paroxysmal Atrial Fibrillation ခေါ် နှလုံး ပုံမမှန် အမြန်ခုန်ခြင်းလည်းရှိသည်၊ စတီးရွိုက် steroids ဆေးများလည်း သောက်နေရလေ့ရှိသည်။ အမေဖြစ်သူကသူမမှာ Sensitive မတည့်သော အစာများလည်း ရှိသည်ဆိုသည်။

ယနေ့လည်း လေယာဉ် စတက်ပြီး ၂နာရီခန့်အကြာတွင် စ၍ ကြပ်သည်ဆိုသည်၊၊ သူမက ဆေးကျောင်းသူဖြစ်သည့် အလျောက် ဖြစ်ကာစတွင် သူ့ဖါသာကုသည်။ Ventolin 2 puffs မသက်သာတော့ 3 puffs ထို့နောက် 4 puffs။ နောက် အဆုပ်ထဲက အသံများ ပျောက်သွားသည်။ ပြီးတော့ ရင်ထဲ နေ၍ မရတော့ လည်ပင်းတွင် အရမ်းတုန်ခါနေသည်ပာု ပြောသည်။ တုန်လှုပ် ခြောက်ခြားလျက် ရှိသည်။ လက်ဖျားများ အေးလျက်ရှိသည်၊ သို့သော် အရောင်ကောင်းသည်။

လေယာဉ် အရေးပေါ်ပစ္စည်းများထဲမှ နားကြပ်နှင့် oxymeter ရသည်၊ Oxygen ရှူနေပြီးဖြစ်သဖြင့် saturation ကောင်း၏ ၊ အဆုပ်ကလည်း အတိုင်းအတာ တခုထိ ရှင်း၏၊ နှလုံးခုန်နှုးံက ၁၂၆- ၁၃၀ ကြားရှိ၏။ ကြည့်နေရင်းနှင့် ၁၃၆ ဖြစ်လာ၏ Emergency kit တွင် ဆေးများပြား စုံလင်စွာ မပါသော်လည်း ကံကောင်းချင်တော့ Lanoxin tablet ပါလာ၏။ Metoprolol, Cordarone စသည်တို့ မရှိ။ ထို့ကြောင့် Lanoxin 0.5mg oral တိုက်လိုက်၏၊ ၁၄၀ ကျော်ဆိုလျင်တော့ Injection ပေးရန် ရည်ရွယ်သေး၏၊ Chief crew က ဆစ်ဒနီလေဆိပ်သို့ ရောက်ရန် ၂နာရီခွဲလိုသေးကြောင်း ပြောပါသည်။ လမ်းမှာ ဆင်းရမလားပာု သွယ်ဝိုက်မေးတာလည်း ဖြစ်နိုင်ပါသည်။ Lanoxin ဝင်ပြီးလျင် အာနိသင် တိုးတက် ကောင်းမွန်မည်ပာု ယုံကြည်သဖြင့် စောင့်ကြည့်မည်ပာု ပြောပြီး အနီးကပ် စောင့်ကြည့်နေပါသည်။ လိုလျင် strategy ပြောင်းမည်ပာု စဉ်းစားဆုံးဖြတ်ထား၏။

ဆေး absorption နှင့် action မရခင် ၁၅၀ တချက်ကျော်သွား ၁၆၀ ရောက်ပြီးနောက် ဆေးအာနိသင်ရသောအခါ ( မိနစ်၃၀ ခန့်တွင်) ၁၃၀ သို့ ကျ၏၊ ထို့နောက် ၁၂၀ – ၁၁၀ ဆက်ကျ၏။ အခြေအနေ ကောင်းမွန်လာကာ ဆစ်ဒနီလေဆိပ်သို့ ရောက်သောအခါ ၁၀၂ ဖြစ်၏။ (ဒီ knowledge ရစေသော မြင်ဆရာများ အားလုံးကို ကျေးဇူးတင်ပါသည်)။

ကလေးမလေးလည်း ပြုံးနိုင်ပြီး လက်ဆွဲနှုတ်ဆက်၏။ Thank you ပာုလည်း ကြိုးစား၍ ၂ခါပြော၏။

လေဆိပ်ရောက်သောအခါ ခရီးသည်များ ဆင်းခွင့်မရသေးဘဲ လေဆိပ်မှ Quarantine Medical Team က တက်လာသည်။ Chief crew က မိတ်ဆက်ပေးသည်။

သူတို့က လူနာအား ဖျားသေးလား အစရှိသည်ဖြင့် Infection clues တွေ မေးသည်၊ “It’s related to Asthma, Ventolin and heart issue. Not related to infection at all“လို့ ပြောပေးသည်။ သူတု့ိ လူနာကိုပင် မစမ်းတော့ဘဲ Thank you ပြောကာ ပြန်သွားကြသည်။

မောနေသော ဆေးကျောင်းသူ လူနာမလေး စိတ်သက်သာရာ ရသွားသည်။ သူမအား လေကြောင်းလိုင်း အစီအစဉ်ဖြင့် ဆေးရုံတွင် ၂၄ နာရီထားရန်နှင့် Observation and further treatment အတွက် လိုအပ်သော information များ ရေးပေးခဲ့ပါသည်။

Chief Crew မှ မိမိ၏ Visiting Card တောင်းသည်။ ကျေးဇူးများစွာ တင်ကြောင်း ပြောကြသည်။ Present နှင့် Krisflyer Prestige များ ပေးသည်။

တိုက်ဆိုင်သည်လား မသိ။ ကျွန်တော်သည် ညစဉ် အာစိဏ္ဏကံ မြောက်အောင် လုပ်လေ့ရှိသော တရားမှတ်ခြင်း မေတ္တာသုတ်နှင့် ဗောဇ္ဈဉ် သုတ်ရွတ်ခြင်းတို့ကို Changi လေဆိပ် boarding မလုပ်ခင် အချိန်ပိုတွင် ရွတ်ခဲ့ပြီး လေယာဉ်စတက်ချိန်တွင် ပဌာန်းနိဒ္ဒေသ ကိုလည်း ရွတ်သည်။ ပြီးမှ အစာစားပြီး အိပ်ပျော်သွားသည်။ နိုးလာသော် လူနာကြည့်ရသည်။ အသက်တချောင်း ကယ်ဖြစ်သွားသည်ပာုလည်း ပြော၍ရမည် ထင်ပါသည်။

လောကကြီးသည် ကျေနပ်ဖွယ်ကောင်းပေစွ။

လေယာဉ်ဖြင့်ခရီးသွားစဉ်ကျန်းမာရေးအန္တရာယ်ကင်းရှင်းကြပါစေ…

ချစ်ခင်စွာဖြင့်

တိုးလွင်

medialann.com

No comments:

Post a Comment