Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 20, 2018

အခုေခတ္မွာ ကြက္တိမွန္ေနတဲ့ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ


ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ မွန္ပံုကေတာ့ ဒီေန႔ေခတ္ကုိ ေဘးကေန ထုိင္ၾကည့္ၿပီး ေျပာေနသလား မွတ္ရတယ္ဗ်ာ။ ကြက္တိကုိ မွန္ေနေတာ့တာပဲ။ အဲဒါေၾကာင့္ “အတိတ္တေဘာင္ဆုိတာ နိမိတ္ေဆာင္တယ္” ဆုိတဲ့ စကားပံု ေပၚလာတာ ျဖစ္ရမယ္ဗ်။ ေရွးလူႀကီးေတြရဲ႕ အျမင္စူးရွပံုကေတာ့ ခ်ီးက်ဴးဖုိ႔ ေကာင္းပါတယ္။ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြကုိ ေအာက္ပါအတုိင္း ေဖာ္ျပ လုိက္ရပါတယ္ ခင္ဗ်ာ။

တရားကို ေတးဆို ၊အေဖကိုသားကဆဲေဆြမ်ိဳးထဲက ဓါးျပတိုက္ ၊ မိုက္လွ်င္ေသာတာပန္မေကာင္းႀကံလွ်င္ သမာဓိ ၊ေရႊရွိမွ လူလိမၼာလိမ္ႏိုင္မွ သစၥာရွင္ /ပညာရွင္ကို ပယ္၍ထားအခ်စ္ဆံုးက သစၥာပ်က္ ၊႐ိုးသားသူကို အ႐ူးဆိုအပ်ိဳငယ္က လင္ေနေစာ ၊အကၤ်ီပါးနဲ႕ ဥပုသ္သည္ဇရပ္အလယ္ ကို႕ယို႕ကားယား ၊အမ်ိဳးသမီးေကာင္းက ပိုက္ဆံရွာအပ်ိဳမျဖစ္ခင္က ရည္းစားထား ၊ ဆင္းရဲသားက သူေဌးေယာင္ေဆာင္အ၀တ္ေျပာင္မွ လူ႐ိုေသ ၊လင္ရွိမယားက အပ်ိဳလုပ္မသာပို႕ရင္း အပ်ိဳလွည့္ ၊အလွဴေပးရင္းထမင္းေရာင္းဆယ္ႏွစ္သမီးကအိမ္ေထာင္က် ၊ဆယ္အိမ္ေခါင္းကစိတ္ႀကီး၀င္/ပြဲသဘင္ပါမွအလွဴျဖစ္ ၊

စာမတတ္သူကတရားျပဇာတ္သမားမွ လူေခၚခ်င္ ၊သူေတာ္စင္ကို ပယ္၍ထားေၾကြးေပးသူက ကၽြန္နဲ႕တူ ၊ေၾကြးယူသူက သခင္ျဖစ္ မုန္႕ေပးလွ်င္ က်မ္းဂန္တတ္ ၊ေရႊကပ္သည့္ဘုရားမွ လူ႐ိုေသ အေဖ အေမက ကၽြန္နဲ႕တူ ၊သားသမီးက သခင္ျဖစ္ေခတ္ႀကီးကိုေတာ့ အျပစ္ဆို ၊မိမိကိုယ္ေတာ့ အေကာင္းေျပာဂံံုးတိုက္လွ်င္ ေက်းဇူးရွင္ ၊ေျဖာင့္မတ္လွ်င္ လူမသံုးသီလယူရင္း မ်က္စပစ္သူေတာ္ေကာင္းတို႕တရားပ်က္ၾကေလၿပီ ။

ေရွးစာဆို အတိတ္တေဘာင္ ျပန္လည္မ်ွေဝသည္။

( Myint Thein )

====================

ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ ကွက်တိကို မှန်နေတော့တာပဲ။ အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့ စကားပုံ ပေါ်လာတာ ဖြစ်ရမယ်ဗျ။ ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ် ခင်ဗျာ။

တရားကို တေးဆို ၊အဖေကိုသားကဆဲဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာလိမ်နိုင်မှ သစ္စာရှင် /ပညာရှင်ကို ပယ်၍ထားအချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆိုအပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊အမျိုးသမီးကောင်းက ပိုက်ဆံရှာအပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ်မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်းထမင်းရောင်းဆယ်နှစ်သမီးကအိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းကစိတ်ကြီးဝင်/ပွဲသဘင်ပါမှအလှူဖြစ် ၊

စာမတတ်သူကတရားပြဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထားကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ် မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ရွှေကပ်သည့်ဘုရားမှ လူရိုသေ အဖေ အမေက ကျွန်နဲ့တူ ၊သားသမီးက သခင်ဖြစ်ခေတ်ကြီးကိုတော့ အပြစ်ဆို ၊မိမိကိုယ်တော့ အကောင်းပြောဂုံံးတိုက်လျှင် ကျေးဇူးရှင် ၊ဖြောင့်မတ်လျှင် လူမသုံးသီလယူရင်း မျက်စပစ်သူတော်ကောင်းတို့တရားပျက်ကြလေပြီ ။

ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

( Myint Thein )

No comments:

Post a Comment