Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 20, 2018

ေဖ့စ္ဘုတ္တြင္ခင္မင္ရင္းႏွီးသည့္ေကာင္မေလးကခ်ိန္းဆိုေသာေနရာသို႕သြားေရာက္ေသာ လူငယ္တစ္ဦးအား သတ္၍ ပစၥည္းမ်ားလုယက္


၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ေန႔ ညေန ၄ နာရီ ၂၀ မိနစ္ခန္႕က ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ ေမ်ာက္ေတာင္ကမ္းပါးတြင္ အမ်ိဳးသား အေလာင္းတစ္ေလာင္းေတြ႕ရွိေၾကာင္း သတင္းအရ ဘုရားသုံးဆူနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ ေသဆုံးသူမွာ အမွတ္(၄)ရပ္ကြက္ေန ေမာင္ေလးၾကည္ (၂၂)ႏွစ္ျဖစ္ၿပီး ဦးေခါင္းယာဘက္ျပတ္ရွဒဏ္ရာ(၄)ခ်က္၊ ဦးေခါင္းဝဲဘက္ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ယာဘက္ပုခုံးထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ယာဘက္ခ်ိဳင္းေအာက္ထိုးသြင္းဒဏ္ရာ(၂)ခ်က္၊ ေက်ာျပင္တြင္ ထိုးသြင္းဒဏ္ရာ(၁၄)ခ်က္ တို႔ျဖင့္ေသဆုံးေနသည္ကို ေတြ႕ရွိရ၍ ဘုရားသုံးဆူနယ္ေျမရဲစခန္း (ပ)၆၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စုံစမ္းခဲ့သည္။

အမႈမွ မသကၤာသူ အမွတ္(၃)ရပ္ကြက္ေန သန္းထိုက္ဦး(ခ)သန္းထိုက္(၁၇)ႏွစ္ အား စစ္ေဆးခဲ့ရာ ၎သည္ ေစာေအာင္သူရိန္(ခ)ညီညီထြန္း(ခ)ကိုငယ္(၂၅)ႏွစ္၊ ဝင္းျမင့္(ခ)ပန္းသီး(၁၇)ႏွစ္ႏွင့္ ခ်စ္စနိုးဦး(ခ) အိျႏၵာမိုးႏြယ္(၂၀)ႏွစ္တို႔ႏွင့္ အတူက်ဴးလြန္ခဲ့ေၾကာင္း၊ အခင္းျဖစ္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ခ်စ္စနိုးဦး(ခ)အိျႏၵာမိုးႏြယ္ သည္ Facebook မွ ခင္မင္ရင္းႏွီးခဲ့သူ ေမာင္ေလးၾကည္ အား ေမ်ာက္ေတာင္ေပၚတြင္ေတြ႕ဆုံရန္ခ်ိန္းဆိုခဲ့ၿပီး ၎ေရာက္ရွိလာပါက ပါလာသည့္ပစၥည္းမ်ားအား လုယူရန္အတြက္ သန္းထိုက္ဦး(ခ)သန္းထိုက္၊ ေစာေအာင္သူရိန္(ခ)ညီညီထြန္း(ခ)ကိုငယ္၊ ဝင္းျမင့္(ခ) ပန္းသီးႏွင့္ ခ်စ္စနိုးဦး(ခ)အိျႏၵာမိုးႏြယ္တို႔(၄)ဦးသည္ ေမ်ာက္ေတာင္ေျခသို႔ ဆိုင္ကယ္ျဖင့္ သြားေရာက္ ခဲ့ေၾကာင္း၊ ေမာင္ေလးၾကည္ မွာေတာင္ေပၚတြင္ေရာက္ရွိေနသည္ကို သိရွိရသျဖင့္ (၄)ဦးစလုံး ေတာင္ေပၚ တက္သြားၿပီး သန္းထိုက္ဦး(ခ)သန္းထိုက္မွ ေမာင္ေလးၾကည္အား ေနာက္ေက်ာမွ သိုင္းဖက္ၿပီး အသင့္ ပါလာသည့္ ဓားေျမႇာင္ျဖင့္ တစ္ခ်က္ထိုးစဥ္ ပန္းသီးက အနီးရွိေက်ာက္ခဲ့ျဖင့္ ထုခဲ့ေၾကာင္း၊ ထို႔ေနာက္ ေစာေအာင္သူရိန္(ခ)ညီညီထြန္းသည္ သန္းထိုက္ဦး(ခ)သန္းထိုက္ ထံမွ ဓားေျမႇာင္အားယူ၍ ေမာင္ေလးၾကည္အား အခ်က္ေပါင္းမ်ားစြာဆက္လက္ထိုးခဲ့ေၾကာင္း၊ ေမာင္ေလးၾကည္ ထံမွ SAMSUNG J2 Prime အနက္ေရာင္လက္ကိုင္ဖုန္းအား ယူေဆာင္၍ ေမ်ာက္ေတာင္ေပၚမွ ေမာင္ေလးၾကည္၏ အေလာင္းအားပစ္ခ်ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္ အမႈျဖင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိ ေၾကာင္း သတင္းရရွိသည္။

weeklyheadline
..................................
Unicode

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၄)ရပ်ကွက်၊ မျောက်တောင်ကမ်းပါးတွင် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ ဘုရားသုံးဆူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အမှတ်(၄)ရပ်ကွက်နေ မောင်လေးကြည် (၂၂)နှစ်ဖြစ်ပြီး ဦးခေါင်းယာဘက်ပြတ်ရှဒဏ်ရာ(၄)ချက်၊ ဦးခေါင်းဝဲဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်ပုခုံးထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ကျောပြင်တွင် ထိုးသွင်းဒဏ်ရာ(၁၄)ချက် တို့ဖြင့်သေဆုံးနေသည်ကို တွေ့ရှိရ၍ ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ)၆၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
အမှုမှ မသင်္ကာသူ အမှတ်(၃)ရပ်ကွက်နေ သန်းထိုက်ဦး(ခ)သန်းထိုက်(၁၇)နှစ် အား စစ်ဆေးခဲ့ရာ ၎င်းသည် စောအောင်သူရိန်(ခ)ညီညီထွန်း(ခ)ကိုငယ်(၂၅)နှစ်၊ ဝင်းမြင့်(ခ)ပန်းသီး(၁၇)နှစ်နှင့် ချစ်စနိုးဦး(ခ) အိန္ဒြာမိုးနွယ်(၂၀)နှစ်တို့နှင့် အတူကျူးလွန်ခဲ့ကြောင်း၊ အခင်းဖြစ်နေ့ ညနေ ၃ နာရီအချိန်တွင် ချစ်စနိုးဦး(ခ)အိန္ဒြာမိုးနွယ် သည် Facebook မှ ခင်မင်ရင်းနှီးခဲ့သူ မောင်လေးကြည် အား မျောက်တောင်ပေါ်တွင်တွေ့ဆုံရန်ချိန်းဆိုခဲ့ပြီး ၎င်းရောက်ရှိလာပါက ပါလာသည့်ပစ္စည်းများအား လုယူရန်အတွက် သန်းထိုက်ဦး(ခ)သန်းထိုက်၊ စောအောင်သူရိန်(ခ)ညီညီထွန်း(ခ)ကိုငယ်၊ ဝင်းမြင့်(ခ) ပန်းသီးနှင့် ချစ်စနိုးဦး(ခ)အိန္ဒြာမိုးနွယ်တို့(၄)ဦးသည် မျောက်တောင်ခြေသို့ ဆိုင်ကယ်ဖြင့် သွားရောက် ခဲ့ကြောင်း၊ မောင်လေးကြည် မှာတောင်ပေါ်တွင်ရောက်ရှိနေသည်ကို သိရှိရသဖြင့် (၄)ဦးစလုံး တောင်ပေါ် တက်သွားပြီး သန်းထိုက်ဦး(ခ)သန်းထိုက်မှ မောင်လေးကြည်အား နောက်ကျောမှ သိုင်းဖက်ပြီး အသင့် ပါလာသည့် ဓားမြှောင်ဖြင့် တစ်ချက်ထိုးစဉ် ပန်းသီးက အနီးရှိကျောက်ခဲ့ဖြင့် ထုခဲ့ကြောင်း၊ ထို့နောက် စောအောင်သူရိန်(ခ)ညီညီထွန်းသည် သန်းထိုက်ဦး(ခ)သန်းထိုက် ထံမှ ဓားမြှောင်အားယူ၍ မောင်လေးကြည်အား အချက်ပေါင်းများစွာဆက်လက်ထိုးခဲ့ကြောင်း၊ မောင်လေးကြည် ထံမှ SAMSUNG J2 Prime အနက်ရောင်လက်ကိုင်ဖုန်းအား ယူဆောင်၍ မျောက်တောင်ပေါ်မှ မောင်လေးကြည်၏ အလောင်းအားပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

Facebook Co

No comments:

Post a Comment