Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 20, 2018

ထြန္းထြန္းမင္းကို ဘာလို႔အလဲမထိုးခဲ႔တာလဲ ဆိုတာ ေဒ၀ ေျပာျပီ


ကြၽန္ေတာ္တို႕လုပ္ႏိုင္ခဲ့ျပီ ၊ ခ်န္ပီယံခါးပတ္ကို ေအာင္ျမင္စြာ ကာကြယ္ႏိုင္ခဲ့ျပီ ။ ကြၽန္ေတာ္ ထြန္းထြန္းမင္းကို ပထမအခ်ီမွာတင္ တံေတာင္နဲ႕ ႐ိုက္ျပီး လဲက်ေစခဲ့ပါတယ္ ၊ သူမူးေဝသြားတဲ့အထိေပါ့ ။ထြန္းထြန္းမင္း ရဲ့အကူလူေတြ သူ႕အတြက္ ၂ မိနစ္ အနားေတာင္း ကုေပး ခဲ့ရပါတယ္ ။အခ်ိန္တိုအတြင္း အလဲထိုးျပမယ္ လို႕ ကြၽန္ေတာ္ေျပာသလို လုပ္ျပႏိုင္ခဲ့ပါတယ္ ။ျမန္မာ့လက္ေဝွ႕ ကမာၻခ်န္ပီယံ ဆိုတဲ့ ဂုဏ္နဲ႕ညီေအာင္ ဒီပြဲမွာ ကြၽန္ေတာ္ဟာ အစီးထိုးသတ္ျပ ႏိုင္ခဲ့ပါတယ္ ။


ထြန္းထြန္းမင္းကို ေလးစားပါတယ္ ဗ်ာ ၊ သူဟာ အလဲထိုးခံရေပမဲ့ ျပန္ထလာျပီး ဆက္လက္ယွဥ္ျပိဳင္ျပီး ျမန္မာ့လက္ေဝွ႕ သမား အသည္းျပပါတယ္ ။တကယ္ကို ၾကမ္းတဲ့ ျမန္မာ့ ႐ိုးရာ လက္ေဝွ႕ စည္းမ်ဥ္းပါပဲ ။ အလဲထိုးခံရျပီး ဆက္ထိုးသတ္တာမ်ိဳးဟာ က်န္းမာေရး႐ႈေထာင့္က ၾကည့္ရင္ ကစားသမားရဲ့ ဦးေႏွာက္အတြက္ မေကာင္းဘူးဗ် ၊ ဒါေပမဲ့ ကြၽန္ေတာ္တို႕ ႐ိုးရာစည္းမ်ဥ္း အတိုင္းပဲ ယွဥ္ျပိဳင္ခဲ့ၾကပါတယ္ ။

ကြၽန္ေတာ့္အစ္ကို ကိုေအာင္လအန္ဆန္းကေတာင္ MMA / UFC / ONE FC / WLC တို႕လို ပြဲမွာသာဆို ပြဲ ျပတ္ျပီဗ်ာ ၊ ပထမအခ်ီမွာတင္ ပြဲျပီးတယ္ လို႕ ကြၽန္ေတာ့္ဆီ မက္ေဆ့ပို႕ ေျပာ ပါတယ္ ။ဒီေတာ့ ထြန္းထြန္းမင္းကို မင္းဘာလို႕ အလဲမထိုးတာလဲကြာ လို႕ လာလာေမးေနတဲ့ ကြၽန္ေတာ့ ဖန္ ေတြကို ေျဖပါရေစ ဗ်ာ

ကြၽန္ေတာ္ သူ႕ကို ပထမ အခ်ီမွာ တင္ အလဲထိုး ခဲ့ပါတယ္ ။ ဒါေပမဲ့ ကြၽန္ေတာ္ အ႐ိုးသားဆုံး ဝန္ခံရရင္ စိတ္မေကာင္းဘူးဗ်ာ ။ကြၽန္ေတာ့္ ျမန္မာညီအစ္ကို ကိုဖိုးေက ကို ဂ်ပန္ပြဲမွာ ပတ္တံေတာင္နဲ႕ အလဲထိုးတုန္းကလဲ အဲဒီလို ခံစားခဲ့ရဖူးတယ္ ။အဲဒီမွာ ကြၽန္ေတာ္ ထြန္းထြန္းမင္းကို မွ်မွ်တတ နဲ႕ Mercy ရွိေအာင္ ကစားေပးျပီး ပရိတ္သတ္ေတြအတြက္ ရသေျမာက္တဲ့ ပြဲတစ္ပြဲ ျဖစ္ေစခဲ့ပါတယ္ ။

ကြၽန္ေတာ္ ထြန္းထြန္းမင္းက ဆိုင္းရပ္ ဝါရွင္တန္ကို ပထမ အခ်ီမွာတင္ အလဲထိုးခဲ့တဲ့ ပြဲမွာ ပရိတ္သတ္ေတြ ပြဲဆူျပီးၾကိဳးဝိုင္းထဲကို ေရဘူးေတြနဲ႕ ေပါက္ၾကတာ ေတြ႕ထားဖူးတယ္ ၊ ပြဲသိမ္းျမန္လြန္းလို့ ပြဲဆူတာေပါ့ ခင္ဗ်ာ ။ကြၽန္ေတာ္ အဲဒီလို အျဖစ္မ်ိဳး မၾကံုခ်င္ဘူး ခင္ဗ်ာ ၊ ကြၽန္ေတာ့္ အမ်ိဳးသမီးနဲ႕ သူငယ္ခ်င္းေတြလဲ အားေပးေနတဲ့ ပရိတ္သတ္ၾကားထဲမွာ ထိုင္ေနတယ္ ခင္ဗ်ာ ။

ကြၽန္ေတာ္ ဒီပြဲအတြက္ ႏွစ္ပတ္ပဲ အခ်ိန္ယူေလ့က်င့္ခဲ့ပါတယ္ ။ကြၽန္ေတာ္ တစ္လ အတြင္းမွာ ေလယာဥ္ ၁၂ စီး စီး ၊ ၁၂ ႏိုင္ငံ ကိုသြားျပီး ျမန္မာ့လက္ေဝွ႕ မိတ္ဆက္ျဖန္႕ေဝပြဲ ေတြ လုပ္ေနခဲ့လို႕ပါ ။အဲဒီလို ျမန္မာ့လက္ေဝွ႕ ပညာ ကို ကြၽန္ေတာ္ ကမာၻကို ျဖန္႕ေဝ သင္ၾကားေပးေနရေတာ့ ပြဲအတြက္ ေလ့က်င့္ဖို႕ဟာ အင္မတန္ ခက္ခဲခဲ့ပါတယ္ ။ကြၽန္ေတာ္ဟာ ပရိတ္သတ္ေတြ တတီယေျမာက္ မေက်ပြဲ ၾကည့္ခ်င္လို႕ရယ္ ၊ ကြၽန္ေတာ္ဟာ အရင္က ေဒဝ မဟုတ္ေတာ့ဘူး ဆိုတာကို သက္ေသျပခ်င္လို႕ရယ္သာသူ႕စိန္ေခၚမႉကို လက္ခံခဲ့တာ ျဖစ္ပါတယ္ ။

တနဂၤေႏြ ေန့မွာေတာ့ အားလုံးျမင္ေတြ့ခဲ့ရတဲ့ အတိုင္း ကြၽန္ေတာ့္ ဆီက ျမန္မာ့လက္ေဝွ႕သရဖူ ကို ဘယ္သူမွ မယူႏိုင္ခဲ့ၾကပါဘူး ။ထြန္းထြန္းမင္းဟာ ၂၀၁၆ မွာ ကြၽန္ေတာ္နဲ႕ ထိုးတုန္းက ဒဏ္ရာရလို အနားယူခဲ့ရျပီး ဒီပြဲအတြက္ သူ အျပင္းအထန္ ေလ့က်င့္ျပီး ျပန္လာခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္ ။သူဒီေလာက္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ထားတာေတာင္ မွ ကြၽန္႕ေတာ့္ကို ထိေရာက္ ျပင္းထန္ တဲ့ ထိုးကန္ခ်က္မ်ိဳးနဲ႕ မတိုက္ႏိုင္ခဲ့သေလာက္ပါပဲ ။

ျပိဳင္ပြဲမွာ သူ ၁၉ ၾကိမ္ လဲက်ခဲ့ေပမဲ့ သံမဏိ သစ္ကုလားအုတ္ ( ကြၽန္ေတာ္ ) ကေတာ့ တစ္ၾကိမ္မွ်ပင္ လဲက်ျခင္း မရွိခဲ့ပါ ။ကြၽန္ေတာ္ဟာ တံေတာင္႐ိုက္ ေခါင္းတိုက္ျပီး သူ အၾကိမ္မ်ားစြာ ေမွာက္သြားေအာင္ အက်ထိုး ျပီး ကြၽန္႕ေတာ့္ျမန္မာ့လက္ေဝွ႕ စြမ္းရည္ကို ျပခဲ့ပါေသးတယ္ ။ကြၽန္ေတာ္တို႕ ပရိတ္သတ္ အတြက္ အတူ ယွဥ္ျပိဳင္ေဖ်ာ္ေျဖခဲ့တဲ့ ပြဲအတြက္ ဂုဏ္ယူႏိုင္ပါတယ္ ညီေလး ထြန္းထြန္းမင္း ။

ဒီပြဲၾကီးကို ကေနဒါ ၊ ျမန္မာ ၊ ဥေရာပ ၊ အေမရိကား နဲ႕ Fox သီတင္းေတြမွာ ပါ ေျပာဆိုေဆြးေႏြးေစခဲ့ အထိ ကြၽန္ေတာ္တို႕ လုပ္ျပႏိုင္ခဲ့ပါတယ္ ။အရင္က ျမန္မာ့လက္ေဝ့ အတြက္ ဒီလိုေအာင္ျမင္ မႉမ်ိဳး မျမင္ခဲ့ရပါ ။ဒါေၾကာင့္ ျမန္မာ့လက္ေဝွ႕ နာမည္ၾကီး ေအာင္ျမင္လာတဲ့ အတြက္ ကြၽန္ေတာ္တို႕ ဂုဏ္ယူႏိုင္ပါတယ္ ။ဒီပြဲၾကီးကို ျဖစ္ေျမာက္ေစခဲ့တဲ့ ထြန္းထြန္းမင္း နဲ႕ ထြန္းထြန္းမင္း ပရိတ္သတ္ေတြကိုလဲ ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္ ။

ထြန္းထြန္းမင္း ခင္ဗ်ားကို ကြၽန္ေတာ္မေျပာခဲ့တာ တစ္ခုရွိပါတယ္ ၊ အဲဒါဘာလဲဆိုေတာ့ ကြၽန္ေတာ္ဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ ေလာက္ ကတည္းက ခင္ဗ်ားပြဲေတြကို YouTube မွာ ၾကည့္ခဲ့တယ္ ဆိုတာပါပဲ ။အဲဒီအခ်ိန္တုန္းက ခင္ဗ်ားဟာ ျမန္မာ့လက္ေဝွ႕ ခ်န္ပီယံ ၊ ကြၽန္ေတာ္က ျမန္မာ့လက္ေဝွ႕ တစ္ပြဲမွေတာင္ မထိုးဖူးေသးတဲ့ ဝါသနာရွင္ အဆင့္ေပါ့ ။အဲဒီအခ်ိန္ကတည္းက ကြၽန္ေတာ္ဟာ လက္ေဝွ႕ေလ့က်င့္ျပီး တစ္ေန႕မွာ ခင္ဗ်ား နဲ႕ ထိုးမယ္လို႕ ဆုံးျဖတ္ခ်က္ ခ် ကိုယ့္ကိုယ္ကိုယ္ ျပန္ကတိျပဳခဲ့ပါတယ္ ။

ဒီစာကိုဖတ္ေနသူတိုင္း နားလည္သေဘာေပါက္ေစခ်င္ပါတယ္ခင္ဗ်ာ ။ ခင္ဗ်ားတို႕ လိုခ်င္တာမွန္သမွ် ရေအာင္ယူရင္ ရႏိုင္တာခ်ည္းပါပဲ ဆိုတာကို သတိရပါ ခင္ဗ်ာ ။ခင္ဗ်ားတို႕ လိုခ်င္တဲ့ အရာတစ္ခုကိုပဲ တစိုက္မတ္မတ္ စူးစိုက္ ၾကိဳးစားလုပ္သြားရင္ ရကိုရမွာပါဗ်ာ ။ကြၽန္ေတာ့္ကိုပဲၾကည့္ပါဗ်ာ ၊ အခု ကြၽန္ေတာ္ ျမန္မာ့႐ိုးရာ လက္ေဝွ႕ ကမ႓ာ့ခ်န္ပီယံ ေလ ။ျပီးခဲ့တဲ့ ပြဲမွာ ကြၽန္ေတာ့္ စြမ္းေဆာင္ရည္ေတြကို ကြၽန္ေတာ္ သေဘာက်တယ္ ။သူနဲ႕ ကြၽန္ေတာ္ ထိုးတဲ့ ဒီသုံးပြဲဟာ ျမန္မာ့လက္ေဝွ႕ ေလာကမွာ ရာဇဝင္တြင္သြားပါျပီ ။ကြၽန္ေတာ္ ဒီပြဲကို ကြၽန္ေတာ့္ဘဝ တစ္ေလွ်ာက္လုံး သတိတရ ရွိေနမွာ အေသအခ်ာပါပဲ ခင္ဗ်ာ ။

ေဒဝ
bamakhit.com
........................................................................
Unicode

ကျွန်တော်တို့လုပ်နိုင်ခဲ့ပြီ ၊ ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီ ။ ကျွန်တော် ထွန်းထွန်းမင်းကို ပထမအချီမှာတင် တံတောင်နဲ့ ရိုက်ပြီး လဲကျစေခဲ့ပါတယ် ၊ သူမူးဝေသွားတဲ့အထိပေါ့ ။ထွန်းထွန်းမင်း ရဲ့အကူလူတွေ သူ့အတွက် ၂ မိနစ် အနားတောင်း ကုပေး ခဲ့ရပါတယ် ။အချိန်တိုအတွင်း အလဲထိုးပြမယ် လို့ ကျွန်တော်ပြောသလို လုပ်ပြနိုင်ခဲ့ပါတယ် ။မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ ဂုဏ်နဲ့ညီအောင် ဒီပွဲမှာ ကျွန်တော်ဟာ အစီးထိုးသတ်ပြ နိုင်ခဲ့ပါတယ် ။

ထွန်းထွန်းမင်းကို လေးစားပါတယ် ဗျာ ၊ သူဟာ အလဲထိုးခံရပေမဲ့ ပြန်ထလာပြီး ဆက်လက်ယှဉ်ပြိုင်ပြီး မြန်မာ့လက်ဝှေ့ သမား အသည်းပြပါတယ် ။တကယ်ကို ကြမ်းတဲ့ မြန်မာ့ ရိုးရာ လက်ဝှေ့ စည်းမျဉ်းပါပဲ ။ အလဲထိုးခံရပြီး ဆက်ထိုးသတ်တာမျိုးဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကစားသမားရဲ့ ဦးနှောက်အတွက် မကောင်းဘူးဗျ ၊ ဒါပေမဲ့ ကျွန်တော်တို့ ရိုးရာစည်းမျဉ်း အတိုင်းပဲ ယှဉ်ပြိုင်ခဲ့ကြပါတယ် ။

ကျွန်တော့်အစ်ကို ကိုအောင်လအန်ဆန်းကတောင် MMA / UFC / ONE FC / WLC တို့လို ပွဲမှာသာဆို ပွဲ ပြတ်ပြီဗျာ ၊ ပထမအချီမှာတင် ပွဲပြီးတယ် လို့ ကျွန်တော့်ဆီ မက်ဆေ့ပို့ ပြော ပါတယ် ။ဒီတော့ ထွန်းထွန်းမင်းကို မင်းဘာလို့ အလဲမထိုးတာလဲကွာ လို့ လာလာမေးနေတဲ့ ကျွန်တော့ ဖန် တွေကို ဖြေပါရစေ ဗျာ

ကျွန်တော် သူ့ကို ပထမ အချီမှာ တင် အလဲထိုး ခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော် အရိုးသားဆုံး ဝန်ခံရရင် စိတ်မကောင်းဘူးဗျာ ။ကျွန်တော့် မြန်မာညီအစ်ကို ကိုဖိုးကေ ကို ဂျပန်ပွဲမှာ ပတ်တံတောင်နဲ့ အလဲထိုးတုန်းကလဲ အဲဒီလို ခံစားခဲ့ရဖူးတယ် ။အဲဒီမှာ ကျွန်တော် ထွန်းထွန်းမင်းကို မျှမျှတတ နဲ့ Mercy ရှိအောင် ကစားပေးပြီး ပရိတ်သတ်တွေအတွက် ရသမြောက်တဲ့ ပွဲတစ်ပွဲ ဖြစ်စေခဲ့ပါတယ် ။

ကျွန်တော် ထွန်းထွန်းမင်းက ဆိုင်းရပ် ဝါရှင်တန်ကို ပထမ အချီမှာတင် အလဲထိုးခဲ့တဲ့ ပွဲမှာ ပရိတ်သတ်တွေ ပွဲဆူပြီးကြိုးဝိုင်းထဲကို ရေဘူးတွေနဲ့ ပေါက်ကြတာ တွေ့ထားဖူးတယ် ၊ ပွဲသိမ်းမြန်လွန်းလို့ ပွဲဆူတာပေါ့ ခင်ဗျာ ။ကျွန်တော် အဲဒီလို အဖြစ်မျိုး မကြုံချင်ဘူး ခင်ဗျာ ၊ ကျွန်တော့် အမျိုးသမီးနဲ့ သူငယ်ချင်းတွေလဲ အားပေးနေတဲ့ ပရိတ်သတ်ကြားထဲမှာ ထိုင်နေတယ် ခင်ဗျာ ။

ကျွန်တော် ဒီပွဲအတွက် နှစ်ပတ်ပဲ အချိန်ယူလေ့ကျင့်ခဲ့ပါတယ် ။ကျွန်တော် တစ်လ အတွင်းမှာ လေယာဉ် ၁၂ စီး စီး ၊ ၁၂ နိုင်ငံ ကိုသွားပြီး မြန်မာ့လက်ဝှေ့ မိတ်ဆက်ဖြန့်ဝေပွဲ တွေ လုပ်နေခဲ့လို့ပါ ။အဲဒီလို မြန်မာ့လက်ဝှေ့ ပညာ ကို ကျွန်တော် ကမ္ဘာကို ဖြန့်ဝေ သင်ကြားပေးနေရတော့ ပွဲအတွက် လေ့ကျင့်ဖို့ဟာ အင်မတန် ခက်ခဲခဲ့ပါတယ် ။ကျွန်တော်ဟာ ပရိတ်သတ်တွေ တတီယမြောက် မကျေပွဲ ကြည့်ချင်လို့ရယ် ၊ ကျွန်တော်ဟာ အရင်က ဒေဝ မဟုတ်တော့ဘူး ဆိုတာကို သက်သေပြချင်လို့ရယ်သာသူ့စိန်ခေါ်မှူကို လက်ခံခဲ့တာ ဖြစ်ပါတယ် ။

တနင်္ဂနွေ နေ့မှာတော့ အားလုံးမြင်တွေ့ခဲ့ရတဲ့ အတိုင်း ကျွန်တော့် ဆီက မြန်မာ့လက်ဝှေ့သရဖူ ကို ဘယ်သူမှ မယူနိုင်ခဲ့ကြပါဘူး ။ထွန်းထွန်းမင်းဟာ ၂၀၁၆ မှာ ကျွန်တော်နဲ့ ထိုးတုန်းက ဒဏ်ရာရလို အနားယူခဲ့ရပြီး ဒီပွဲအတွက် သူ အပြင်းအထန် လေ့ကျင့်ပြီး ပြန်လာခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ် ။သူဒီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာတောင် မှ ကျွန့်တော့်ကို ထိရောက် ပြင်းထန် တဲ့ ထိုးကန်ချက်မျိုးနဲ့ မတိုက်နိုင်ခဲ့သလောက်ပါပဲ ။

ပြိုင်ပွဲမှာ သူ ၁၉ ကြိမ် လဲကျခဲ့ပေမဲ့ သံမဏိ သစ်ကုလားအုတ် ( ကျွန်တော် ) ကတော့ တစ်ကြိမ်မျှပင် လဲကျခြင်း မရှိခဲ့ပါ ။ကျွန်တော်ဟာ တံတောင်ရိုက် ခေါင်းတိုက်ပြီး သူ အကြိမ်များစွာ မှောက်သွားအောင် အကျထိုး ပြီး ကျွန့်တော့်မြန်မာ့လက်ဝှေ့ စွမ်းရည်ကို ပြခဲ့ပါသေးတယ် ။ကျွန်တော်တို့ ပရိတ်သတ် အတွက် အတူ ယှဉ်ပြိုင်ဖျော်ဖြေခဲ့တဲ့ ပွဲအတွက် ဂုဏ်ယူနိုင်ပါတယ် ညီလေး ထွန်းထွန်းမင်း ။

ဒီပွဲကြီးကို ကနေဒါ ၊ မြန်မာ ၊ ဥရောပ ၊ အမေရိကား နဲ့ Fox သီတင်းတွေမှာ ပါ ပြောဆိုဆွေးနွေးစေခဲ့ အထိ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ် ။အရင်က မြန်မာ့လက်ဝေ့ အတွက် ဒီလိုအောင်မြင် မှူမျိုး မမြင်ခဲ့ရပါ ။ဒါကြောင့် မြန်မာ့လက်ဝှေ့ နာမည်ကြီး အောင်မြင်လာတဲ့ အတွက် ကျွန်တော်တို့ ဂုဏ်ယူနိုင်ပါတယ် ။ဒီပွဲကြီးကို ဖြစ်မြောက်စေခဲ့တဲ့ ထွန်းထွန်းမင်း နဲ့ ထွန်းထွန်းမင်း ပရိတ်သတ်တွေကိုလဲ ကျွန်တော် ကျေးဇူးတင်ပါတယ် ။

ထွန်းထွန်းမင်း ခင်ဗျားကို ကျွန်တော်မပြောခဲ့တာ တစ်ခုရှိပါတယ် ၊ အဲဒါဘာလဲဆိုတော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်နှစ် လောက် ကတည်းက ခင်ဗျားပွဲတွေကို YouTube မှာ ကြည့်ခဲ့တယ် ဆိုတာပါပဲ ။အဲဒီအချိန်တုန်းက ခင်ဗျားဟာ မြန်မာ့လက်ဝှေ့ ချန်ပီယံ ၊ ကျွန်တော်က မြန်မာ့လက်ဝှေ့ တစ်ပွဲမှတောင် မထိုးဖူးသေးတဲ့ ဝါသနာရှင် အဆင့်ပေါ့ ။အဲဒီအချိန်ကတည်းက ကျွန်တော်ဟာ လက်ဝှေ့လေ့ကျင့်ပြီး တစ်နေ့မှာ ခင်ဗျား နဲ့ ထိုးမယ်လို့ ဆုံးဖြတ်ချက် ချ ကိုယ့်ကိုယ်ကိုယ် ပြန်ကတိပြုခဲ့ပါတယ် ။

ဒီစာကိုဖတ်နေသူတိုင်း နားလည်သဘောပေါက်စေချင်ပါတယ်ခင်ဗျာ ။ ခင်ဗျားတို့ လိုချင်တာမှန်သမျှ ရအောင်ယူရင် ရနိုင်တာချည်းပါပဲ ဆိုတာကို သတိရပါ ခင်ဗျာ ။ခင်ဗျားတို့ လိုချင်တဲ့ အရာတစ်ခုကိုပဲ တစိုက်မတ်မတ် စူးစိုက် ကြိုးစားလုပ်သွားရင် ရကိုရမှာပါဗျာ ။ကျွန်တော့်ကိုပဲကြည့်ပါဗျာ ၊ အခု ကျွန်တော် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ လေ ။ပြီးခဲ့တဲ့ ပွဲမှာ ကျွန်တော့် စွမ်းဆောင်ရည်တွေကို ကျွန်တော် သဘောကျတယ် ။သူနဲ့ ကျွန်တော် ထိုးတဲ့ ဒီသုံးပွဲဟာ မြန်မာ့လက်ဝှေ့ လောကမှာ ရာဇဝင်တွင်သွားပါပြီ ။

ကျွန်တော် ဒီပွဲကို ကျွန်တော့်ဘဝ တစ်လျှောက်လုံး သတိတရ ရှိနေမှာ အသေအချာပါပဲ ခင်ဗျာ ။

ဒေဝ

No comments:

Post a Comment