Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 20, 2018

လူတိုင္းသိသင္႔ေနၿပီၿဖစ္တဲ႔ ေငြစကၠဴ ၁ ေသာင္းတန္ ႏွင္႔ ၅ ေထာင္တန္ အတု၊ အစစ္ခြဲနည္းမ်ာ


လူတိုင္းသိသင္႔ေနၿပီၿဖစ္တဲ႔ ေငြစကၠဴ ၁ ေသာင္းတန္ ႏွင္႔ ၅ ေထာင္တန္ အတု၊ အစစ္ခြဲနည္းမ်ား။ ေ၀မွ်ေပးႀကပါေနာ္…!
ေငြစကၠဴ တစ္ေသာင္းတန္ ႏွင္႔ ငါးေထာင္တန္ အတု၊ အစစ္ခြဲနည္း

တေသာင္းက်ပ္တန္ အတုအစစ္ကို သာမန္ၾကည့္ရံုမွ်ျဖင့္ ခဲြျခားရန္ခက္ခဲျပီး အစစ္တြင္ CENTRAL BANK OF MYANMAR စာတန္းပါသည့္ ေနရာတြင္ အနည္းငယ္သာၾကမ္းျခင္း၊ အတုတြင္ပါရိွသည့္ လံုျခံဳေရးၾကိဳးတြင္ ခရမ္းေရာင္တမ်ဳိး တည္းရိွ ေသာ္လည္း အစစ္ရိွ လံုျခံဳေရးၾကိဳးတြင္ အ၀ါႏွင့္ ခရမ္းေရာင္ပါ၀င္ေၾကာင္းႏွင့္ အစစ္တြင္ ေဆးသားေကာင္းမြန္ၿပီး အတု တြင္ ေဆးသားျပတ္သားမႈမရိွဘဲ ေဆးသားမ်ား ျပန္႔ေနေၾကာင္း ျပည္တြင္းရိွ ပုဂၢလိကဘဏ္တခုမွ လက္ေထာက္ မန္ေနဂ်င္း တဦးက အတုအစစ္ခဲြျခားပံုကို ရွင္းျပသည္။

အတု က ႀကဳိးအေရာင္မေျပာင္းဘူး CBM တံဆိပ္မပါဘူး အစစ္ က ႀကဳိးအေရာင္ေျပာင္းတယ္ CBM တံဆိပ္ပါတယ္ ဒီပုိက္ဆံကအတုျဖစ္ဖုိ႔မ်ားတယ္ ဂဏန္းေအာက္မွာ မွင္နီနဲ႔တားထားတယ္ အတုေတြေတြဆုိဘဏ္ေတြက ေဖာက္စက္နဲ႔ ေဖာက္ပစ္တာ ဒီပုိက္ဆံကုိ ဒီလူေတာင္းပန္ပီး ျပန္ေတာင္းလာလုိ႔ ထင္တယ္ မွင္နီနဲ႔ျပန္တားေပးလုိက္တာ ဒီလုိ ဓာတ္ပုံနဲ႔ ဆုိ အတုအစစ္ခြဲဖုိ႔ခက္တယ္ အတုထုတ္တဲ႔သူေတြက ေတာ္တယ္ ဓာတ္ပုံနဲ႔က် ႀကဳိးအေရာင္ကတူေနတယ္။

ျကိဳး အေရာင္ကိုၾကည္ပါ။ အတုက အနီေရာင္တမ်ိဳး ပဲ ပါပါတယ္။ အစစ္က အစိမ္းနဲ႔အနီ ႏွစ္ေရာင္ေျပးေနပါတယ္။ အခုေနာက္ပိုင္းအတုေတြက လက္ရာပိုေကာင္း လာပါတယ္. နံပါတ္အေရာင္ေတြ စကၠဴ အသားေတြ က အစစ္နီးပါး ေကာင္းမြန္လာပါတယ္။ ႀကိဳး အေရာင္ ကိုအဓိက ထား ျကည္႔ ပါ။ ႀကိဳးက ႏွစ္ေရာင္ေျပးေနရင္ အစစ္ပါ



××××××× ×××××××× ××××××× ××××××× ××××××× ××××××

ေငြ စကၠဴ က်ပ္ ၅ဝဝဝ တန္ အတုႏွင့္ အစစ္

ျပည္သူမ်ား အေနျဖင့္ ၅ဝဝဝ က်ပ္တန္ ေငြစကၠဴ အတုႏွင့္ အစစ္ ခြဲျခား ႏုိင္ရန္ အတြက္ သာမန္ အားျဖင့္ ထင္သာ ျမင္သာ ရွိသည့္ အလြယ္ တကူ ႏႈိင္းယွဥ္ ခြဲျခား သိရွိ ႏုိင္ေသာ ေအာက္ပါ အခ်က္အလက္ မ်ားအား သတိျပဳ ႏုိင္ရန္ ျမန္မာ ႏုိင္ငံေတာ္ ဗဟုိ ဘဏ္မွ သတင္း ရရွိသည္ –

ေငြစကၠဴ အစစ္

(က)စကၠဴ အမ်ဳိး အစားမွာ စကၠဴသား က်စ္လ်စ္ သိပ္သည္းၿပီး၊ အထူ အပါး ညီညာမႈ ရွိျခင္း၊ ခရမ္းလြန္ ေရာင္ျခည္ ေအာက္ တြင္ ႏုိ႔ႏွစ္ေရာင္ ေျပာင္းျခင္း၊ ရာသီ ဥတုႏွင့္ ေရစုိဒဏ္ ခံႏုိင္ျခင္း၊

(ခ)ေငြစကၠဴ နံပါတ္ မ်ားမွာ အကၡရာ (၂) လုံး၊ ဂဏန္း (၇) လုံးပါ ျမန္မာ အကၡရာ ဂဏန္းႏွင့္ အဂၤလိပ္ အကၡရာ ဂဏန္း တုိ႔ျဖင့္ (၂) မ်ဳိး ႐ုိက္ႏွိပ္ ထားၿပီး ခရမ္းလြန္ ေရာင္ျခည္ ေအာက္တြင္ နီရဲ ေတာက္ပ စြာ ေတြ႕ျမင္ ရျခင္း၊

(ဂ)ေရစာမ်ား အေနျဖင့္ ဆင္ျဖဴေတာ္ပုံ ေရစာႏွင့္ ၅ဝဝဝ တန္ဖုိး ေရစာ ပါရွိျခင္း၊ အလင္းေရာင္ တြင္ ေထာင္ၾကည့္ က ျမင္ရၿပီး၊ ခရမ္းလြန္ ေရာင္ျခည္ေအာက္တြင္ မျမင္ရျခင္း၊

(ဃ)လုံၿခံဳေရး ႀကိဳးအား ေငြစကၠဴ တြင္ ေဒါင္လုိက္ ထည့္သြင္း ထားၿပီး ၅ဝဝဝk စာတန္း အား အတည့္/ ေျပာင္းျပန္ ႐ုိက္ႏွိပ္ ထားျခင္း၊ ခရမ္းလြန္ ေရာင္ျခည္ ေအာက္တြင္ နီ၊ ျပာ၊ ဝါ အေရာင္မ်ား ေတြ႕ရ ျခင္း၊

(င)ပုံႏွိပ္နည္း စနစ္မွာ ေဖာင္းႂကြ ပုံႏွိပ္ နည္းစနစ္ျဖင့္ ႐ုိက္ႏွိပ္ ထားၿပီး စာလုံး၊ ေဆးေၾကာင္း မ်ားႂကြ ေနၿပီး ၾကည္လင္ ေတာက္ပ ျပတ္သားမႈရွိျခင္း၊



ေငြစကၠဴ အတု

(က) စကၠဴ အမ်ဳိး အစားမွာ သာမန္ စကၠဴတြင္ ႐ုိက္ႏွိပ္ ထား၍ ေျပာင္ေခ်ာေနၿပီး၊ စကၠဴသား ပြကာ က်စ္လ်စ္ သိပ္သည္းမႈ မရွိျခင္း၊ အထူ အပါး ညီညာမႈ မရွိျခင္း၊ ခရမ္းလြန္ ေရာင္ျခည္ ေအာက္ တြင္ ႏုိ႔ႏွစ္ေရာင္ မေျပာင္းျခင္း၊ ရာသီ ဥတုႏွင့္ ေရစုိဒဏ္ ခံႏုိင္မႈ မရွိျခင္း၊

(ခ)ေငြစကၠဴ နံပါတ္ မ်ားမွာ အကၡရာ (၂)လုံး၊ ဂဏန္း(၇) လုံးပါ ျမန္မာ အကၡရာ ဂဏန္းႏွင့္ အဂၤလိပ္ အကၡရာ ဂဏန္း တုိ႔ျဖင့္ (၂)မ်ဳိး ႐ုိက္ႏွိပ္ ထားေသာ္လည္း၊ ခရမ္းလြန္ ေရာင္ျခည္ ေအာက္တြင္ နီရဲ ေတာက္ပမႈ မရွိျခင္း၊

(ဂ)ေရစာမ်ား အေနျဖင့္ ဆင္ျဖဴေတာ္ ပုံေရစာႏွင့္ ၅ဝဝဝ တန္ဖုိး ေရစာမွာ အလင္း ေရာင္တြင္ ေထာင္ၾကည့္ က ေပၚ လြင္ ျပတ္သားမႈ မရွိျခင္း၊

(ဃ)လုံၿခံဳေရး ႀကိဳးအား ေငြစကၠဴတြင္ ေဒါင္လုိက္ ထည့္ သြင္း ထားျခင္း မရွိဘဲ၊ ေငြစကၠဴ ေပၚတြင္ ၅ဝဝဝk စာတန္းအား အတည့္/ ေျပာင္းျပန္ ပုံႏွိပ္ ထားၿပီး သပ္ရပ္မႈ မရွိျခင္း၊

(င)ပုံႏွိပ္နည္း စနစ္မွာ သာမန္ ပုံႏွိပ္ ထားျခင္းေၾကာင့္ စာလုံး၊ ေဆးေၾကာင္းမ်ား ၾကည္လင္ ျပတ္သားမႈ မရွိဘဲ အေရာင္ မွိန္ ေနျခင္း၊ စသည္တို႔ျဖစ္ေၾကာင္းသိရွိရသည္။



ေဒၚလာ မ်ားအား အတု အစစ္ခြဲနည္း

က်ေနာ္ ေငြသိမ္းေကာင္တာ ၃ရက္ လုပ္ပါတယ္။ ၂ရက္ကေတာ့ ေငြအတု အၿမဲပါလာတတ္တယ္။

အတုအမ်ားဆံုးကေတာ့ ၂၀ တန္နဲ႔ ၁၀၀ တန္ပါ။ေ ငြအတု အစစ္ ကို

(၁) ဂဏာန္းေရာင္ျပန္ျဖစ္ရပါမယ္။

(၂) ေငြစကၠဴကို ေထာင္ၾကည့္လိုက္ပါက လူေခါင္းပံုအရိပ္ ေတြ႕ရပါမယ္။

(၃) ေငြစကၠဴက လူ႐ုပ္ရဲ႕ ကုတ္အက်ီကို လက္သည္းနဲ႔ ျခစ္ၾကည့္ပါ ။ အထစ္အထစ္နဲ႔ ၾကမ္းေနရပါမယ္။

အဲ့သံုးခ်က္ေသခ်ာပါက ေငြစကၠဴအစစ္ပါ။

Credit – ŦŽĻ

ေအာက္က ေနာက္တစ္နည္း



၁ေသာင္းတန္

၁။ ေရာင္ျပန္ ႀကိဳး ဟာ အေရာင္ အစိမ္း နဲ႕ အနီ ေျပာင္းရင္ အစစ္္ပါ။ အနီပဲ ျဖစ္ေနရင္ အတုပါ။ (အလင္းေရာင္ ျပန္ေအာင္ လက္နဲ႕ နည္းနည္းေလး ကစားၾကည့္လိုက္ပါ။)

၂။ သေကၤတ ထုထားတဲ႕ေနရာေတြဟာ ႀကမ္းေနရင္ အစစ္ပါ။ေခ်ာေနရင္အတုပါ။ အစစ္ဟာ သေကၤတ ေတြ ကို ပရက္စ္နဲ႕ ထုထားလို႕ေဖာင္းႀကြျဖစ္ေနရင္ ၾကမ္းပါတယ္။ အတုဟာ ကာလာပရင့္ဆိုရင္ မႀကမ္းပဲ ေခ်ာေနတယိ။

၃။ ေငြႀကိဳးအသားဟာ အစစ္ဆိုရင္ တစ္ဝက္စီ ေပၚတစ္ဝက္ ျမဳပ္တစ္ ဝက္ျဖစ္ရမယ္။ ေထာင္ၾကည့္လို႕ ႀကိဳးသားဟာ အေရာင္သာပါျပီး ႀကိဳးမပါရင္ အတုပါ။ ႀကိဳးမပါ ပဲ အေရာင္ တစ္တန္းထဲ ျဖစ္ေနရင္အတုပါ။

၄။ ေငြစကၠဴ ကို ေရ စက္ နွစ္စက္ အစက္ခ် ျပီး လက္ညိဳး ထိပ္ေလးနဲ႕ ခပ္ ပါးပါး ေလး ၁၀ စကၠန္႕ ၾကာေအာင္ မ်က္နွာျပင္ကို ပြတ္ၾကည့္ပါ။ အလိပ္လိုက္ ကြာလာတာနဲ႕ အတုဆိုတာ ေသျခာျပီ။ အစစ္ကေတာ့ ဘာမွ မျဖစ္ပဲ ပလပ္စတစ္ ေပၚ ပြတ္သလိုပါပဲ။

၅။ အေတာ္အေရာင္ေကာင္းတဲ႕ တစ္ေသာင္းတန္ေတြရွိပါတယ္။ ႀကိဳး ကေတာ့ အေရာင္မေျပာင္းဘူး။ေရနဲ႕စြတ္ ပြတ္လိုက္တာနဲ႕ တန္းေပၚတာပါပဲ။ ၅၀၀၀ တန္ကေတာ့ လက္ရာေကာင္းတာ မရွိပါဘူး။ ႀကည့္တာနဲ႕ကို စကၠဴ မွန္း သိသာပါတယ္။

၅၀၀၀တန္

၁။ ၅၀၀၀တန္အတုဟာ ၾကည့္ရင္ ပိုသိသာပါတယ္။ စကၠဴ ရဲ႕ အေရာင္ဟာ အနီေရာင္ ေတာင္ေတာက္ မဟုတ္ပဲ ျဖဴ ေရာ္ေရာ္ျဖစ္ေနပါတယ္။ ဒါဆိုအတုပါ။( သံုးစြဲတာမ်ားလည္း ျဖစ္တတ္ပါတယ္။ )

၂။ အတု စကၠဴသားဟာ အေတာ္ ေပ်ာ့ျပီး ပါးလြာပါတယ္။

၃။ ႀကိဳး ဟာ နီ ဝါျပာ ေျပာင္းရင္ အစစ္ပါ။မေျပာင္းရင္အတုပါ။

၄။ တံဆိပ္တံုးထုထားတဲ႕ သေကၤတ ေနရာေတြဟာ တစ္ေသာင္းတန္လိုပဲ ၾကမ္းေနရင္ အစစ္ပါ။ ေခ်ာေနရင္အတုပါ။

၅။ အေသခ်ာဆံုးကေတာ့ ေရနွစ္စက္ေလာက္ ေဒါင့္တစ္ေနရာကို ခ်ျပီး ပါးပါးေလးပြတ္ၾကည့္ ပါ။ စာရြက္ ကို ေရနဲ႕ခြာသလို အလိပ္ေလး ထြက္လာျပီ ဆိုရင္ေတာ့ အတုေသျခာပါျပီ။ အစစ္က ႀကိဳက္သေလာက္ ပြတ္ပါ။ ဘာမွမျဖစ္ပါ။



ေနာက္တစ္နည္း

လံုျခံဳေရးႀကိဳးကိုၾကည့္ၿပီးအျမင္နဲ႔အတုအစစ္ၾကည့္ခြဲၾကည့္လို႔ရပါတယ္။ ေငြစကၠဴကိုကိုင္ၾကည့္ရင္ အတုဟာေခ်ာမြတ္ေနတာကိုေတြ႔မွာျဖစ္ၿပီး၊ အစစ္ကေတာ႔ မင္မ်ားဟာေဖာင္းၾကြျဖစ္ေအာင္ရိုက္ထားတာမို႔ ၾကမ္းေနတာကိုခံစားရမွာျဖစ္ပါတယ္။

Credit – myo maung

ၿပည္သူမ်ား သိထားဖို႔ ေသမွ်ႀကေသာ မူရင္းစာေရးသူမ်ားကို credit ေပးပါတယ္။ ေက်းဇူးတင္ပါတယ္။

ငွေစက္ကူ တစ်သောင်းတန် နှင့် ငါးထောင်တန် အတု၊ အစစ်ခွဲနည်း

တသောင်းကျပ်တန် အတုအစစ်ကို သာမန်ကြည့်ရုံမျှဖြင့် ခွဲခြားရန်ခက်ခဲပြီး အစစ်တွင် CENTRAL BANK OF MYANMAR စာတန်းပါသည့် နေရာတွင် အနည်းငယ်သာကြမ်းခြင်း၊ အတုတွင်ပါရှိသည့် လုံခြုံရေးကြိုးတွင် ခရမ်းရောင်တမျိုး တည်းရှိ သော်လည်း အစစ်ရှိ လုံခြုံရေးကြိုးတွင် အဝါနှင့် ခရမ်းရောင်ပါဝင်ကြောင်းနှင့် အစစ်တွင် ဆေးသားကောင်းမွန်ပြီး အတု တွင် ဆေးသားပြတ်သားမှုမရှိဘဲ ဆေးသားများ ပြန့်နေကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တခုမှ လက်ထောက် မန်နေဂျင်း တဦးက အတုအစစ်ခွဲခြားပုံကို ရှင်းပြသည်။

အတု က ကြိုးအရောင်မပြောင်းဘူး CBM တံဆိပ်မပါဘူး အစစ် က ကြိုးအရောင်ပြောင်းတယ် CBM တံဆိပ်ပါတယ် ဒီပိုက်ဆံကအတုဖြစ်ဖို့များတယ် ဂဏန်းအောက်မှာ မှင်နီနဲ့တားထားတယ် အတုတွေတွေဆိုဘဏ်တွေက ဖောက်စက်နဲ့ ဖောက်ပစ်တာ ဒီပိုက်ဆံကို ဒီလူတောင်းပန်ပီး ပြန်တောင်းလာလို့ ထင်တယ် မှင်နီနဲ့ပြန်တားပေးလိုက်တာ ဒီလို ဓာတ်ပုံနဲ့ ဆို အတုအစစ်ခွဲဖို့ခက်တယ် အတုထုတ်တဲ့သူတွေက တော်တယ် ဓာတ်ပုံနဲ့ကျ ကြိုးအရောင်ကတူနေတယ်။

ကြိုး အရောင်ကိုကြည်ပါ။ အတုက အနီရောင်တမျိုး ပဲ ပါပါတယ်။ အစစ်က အစိမ်းနဲ့အနီ နှစ်ရောင်ပြေးနေပါတယ်။ အခုနောက်ပိုင်းအတုတွေက လက်ရာပိုကောင်း လာပါတယ်. နံပါတ်အရောင်တွေ စက္ကူ အသားတွေ က အစစ်နီးပါး ကောင်းမွန်လာပါတယ်။ ကြိုး အရောင် ကိုအဓိက ထား ကြည့် ပါ။ ကြိုးက နှစ်ရောင်ပြေးနေရင် အစစ်ပါ

××××××× ×××××××× ××××××× ××××××× ××××××× ××××××

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ်

ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့် အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါ အချက်အလက် များအား သတိပြု နိုင်ရန် မြန်မာ နိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် –

ငွေစက္ကူ အစစ်

(က)စက္ကူ အမျိုး အစားမှာ စက္ကူသား ကျစ်လျစ် သိပ်သည်းပြီး၊ အထူ အပါး ညီညာမှု ရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် ပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်ခြင်း၊

(ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂) လုံး၊ ဂဏန်း (၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂) မျိုး ရိုက်နှိပ် ထားပြီး ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပ စွာ တွေ့မြင် ရခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော်ပုံ ရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာ ပါရှိခြင်း၊ အလင်းရောင် တွင် ထောင်ကြည့် က မြင်ရပြီး၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် မမြင်ရခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူ တွင် ဒေါင်လိုက် ထည့်သွင်း ထားပြီး ၅ဝဝဝk စာတန်း အား အတည့်/ ပြောင်းပြန် ရိုက်နှိပ် ထားခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီ၊ ပြာ၊ ဝါ အရောင်များ တွေ့ရ ခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ ဖောင်းကြွ ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ် ထားပြီး စာလုံး၊ ဆေးကြောင်း များကြွ နေပြီး ကြည်လင် တောက်ပ ပြတ်သားမှုရှိခြင်း၊

ငွေစက္ကူ အတု

(က) စက္ကူ အမျိုး အစားမှာ သာမန် စက္ကူတွင် ရိုက်နှိပ် ထား၍ ပြောင်ချောနေပြီး၊ စက္ကူသား ပွကာ ကျစ်လျစ် သိပ်သည်းမှု မရှိခြင်း၊ အထူ အပါး ညီညာမှု မရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် မပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်မှု မရှိခြင်း၊

(ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂)လုံး၊ ဂဏန်း(၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂)မျိုး ရိုက်နှိပ် ထားသော်လည်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပမှု မရှိခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော် ပုံရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာမှာ အလင်း ရောင်တွင် ထောင်ကြည့် က ပေါ် လွင် ပြတ်သားမှု မရှိခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက် ထည့် သွင်း ထားခြင်း မရှိဘဲ၊ ငွေစက္ကူ ပေါ်တွင် ၅ဝဝဝk စာတန်းအား အတည့်/ ပြောင်းပြန် ပုံနှိပ် ထားပြီး သပ်ရပ်မှု မရှိခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ သာမန် ပုံနှိပ် ထားခြင်းကြောင့် စာလုံး၊ ဆေးကြောင်းများ ကြည်လင် ပြတ်သားမှု မရှိဘဲ အရောင် မှိန် နေခြင်း၊ စသည်တို့ဖြစ်ကြောင်းသိရှိရသည်။

ဒေါ်လာ များအား အတု အစစ်ခွဲနည်း

ကျနော် ငွေသိမ်းကောင်တာ ၃ရက် လုပ်ပါတယ်။ ၂ရက်ကတော့ ငွေအတု အမြဲပါလာတတ်တယ်။

အတုအများဆုံးကတော့ ၂၀ တန်နဲ့ ၁၀၀ တန်ပါ။ေ ငွအတု အစစ် ကို

(၁) ဂဏာန်းရောင်ပြန်ဖြစ်ရပါမယ်။

(၂) ငွေစက္ကူကို ထောင်ကြည့်လိုက်ပါက လူခေါင်းပုံအရိပ် တွေ့ရပါမယ်။

(၃) ငွေစက္ကူက လူရုပ်ရဲ့ ကုတ်အကျီကို လက်သည်းနဲ့ ခြစ်ကြည့်ပါ ။ အထစ်အထစ်နဲ့ ကြမ်းနေရပါမယ်။

အဲ့သုံးချက်သေချာပါက ငွေစက္ကူအစစ်ပါ။

Credit – ŦŽĻ

အောက်က နောက်တစ်နည်း

၁သောင်းတန်

၁။ ရောင်ပြန် ကြိုး ဟာ အရောင် အစိမ်း နဲ့ အနီ ပြောင်းရင် အစစ်ပါ။ အနီပဲ ဖြစ်နေရင် အတုပါ။ (အလင်းရောင် ပြန်အောင် လက်နဲ့ နည်းနည်းလေး ကစားကြည့်လိုက်ပါ။)

၂။ သင်္ကေတ ထုထားတဲ့နေရာတွေဟာ ကြမ်းနေရင် အစစ်ပါ။ချောနေရင်အတုပါ။ အစစ်ဟာ သင်္ကေတ တွေ ကို ပရက်စ်နဲ့ ထုထားလို့ဖောင်းကြွဖြစ်နေရင် ကြမ်းပါတယ်။ အတုဟာ ကာလာပရင့်ဆိုရင် မကြမ်းပဲ ချောနေတယိ။

၃။ ငွေကြိုးအသားဟာ အစစ်ဆိုရင် တစ်ဝက်စီ ပေါ်တစ်ဝက် မြုပ်တစ် ဝက်ဖြစ်ရမယ်။ ထောင်ကြည့်လို့ ကြိုးသားဟာ အရောင်သာပါပြီး ကြိုးမပါရင် အတုပါ။ ကြိုးမပါ ပဲ အရောင် တစ်တန်းထဲ ဖြစ်နေရင်အတုပါ။

၄။ ငွေစက္ကူ ကို ရေ စက် နှစ်စက် အစက်ချ ပြီး လက်ညိုး ထိပ်လေးနဲ့ ခပ် ပါးပါး လေး ၁၀ စက္ကန့် ကြာအောင် မျက်နှာပြင်ကို ပွတ်ကြည့်ပါ။ အလိပ်လိုက် ကွာလာတာနဲ့ အတုဆိုတာ သေခြာပြီ။ အစစ်ကတော့ ဘာမှ မဖြစ်ပဲ ပလပ်စတစ် ပေါ် ပွတ်သလိုပါပဲ။

၅။ အတော်အရောင်ကောင်းတဲ့ တစ်သောင်းတန်တွေရှိပါတယ်။ ကြိုး ကတော့ အရောင်မပြောင်းဘူး။ရေနဲ့စွတ် ပွတ်လိုက်တာနဲ့ တန်းပေါ်တာပါပဲ။ ၅၀၀၀ တန်ကတော့ လက်ရာကောင်းတာ မရှိပါဘူး။ ကြည့်တာနဲ့ကို စက္ကူ မှန်း သိသာပါတယ်။

၅၀၀၀တန်

၁။ ၅၀၀၀တန်အတုဟာ ကြည့်ရင် ပိုသိသာပါတယ်။ စက္ကူ ရဲ့ အရောင်ဟာ အနီရောင် တောင်တောက် မဟုတ်ပဲ ဖြူ ရော်ရော်ဖြစ်နေပါတယ်။ ဒါဆိုအတုပါ။( သုံးစွဲတာများလည်း ဖြစ်တတ်ပါတယ်။ )

၂။ အတု စက္ကူသားဟာ အတော် ပျော့ပြီး ပါးလွာပါတယ်။

၃။ ကြိုး ဟာ နီ ဝါပြာ ပြောင်းရင် အစစ်ပါ။မပြောင်းရင်အတုပါ။

၄။ တံဆိပ်တုံးထုထားတဲ့ သင်္ကေတ နေရာတွေဟာ တစ်သောင်းတန်လိုပဲ ကြမ်းနေရင် အစစ်ပါ။ ချောနေရင်အတုပါ။

၅။ အသေချာဆုံးကတော့ ရေနှစ်စက်လောက် ဒေါင့်တစ်နေရာကို ချပြီး ပါးပါးလေးပွတ်ကြည့် ပါ။ စာရွက် ကို ရေနဲ့ခွာသလို အလိပ်လေး ထွက်လာပြီ ဆိုရင်တော့ အတုသေခြာပါပြီ။ အစစ်က ကြိုက်သလောက် ပွတ်ပါ။ ဘာမှမဖြစ်ပါ။

နောက်တစ်နည်း

လုံခြုံရေးကြိုးကိုကြည့်ပြီးအမြင်နဲ့အတုအစစ်ကြည့်ခွဲကြည့်လို့ရပါတယ်။ ငွေစက္ကူကိုကိုင်ကြည့်ရင် အတုဟာချောမွတ်နေတာကိုတွေ့မှာဖြစ်ပြီး၊ အစစ်ကတော့ မင်များဟာဖောင်းကြွဖြစ်အောင်ရိုက်ထားတာမို့ ကြမ်းနေတာကိုခံစားရမှာဖြစ်ပါတယ်။

myo maung

ပြည်သူများ သိထားဖို့ သေမျှကြသော မူရင်းစာရေးသူများကို credit ပေးပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment