Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 17, 2018

သီတာဟာ မျောက်နဲ့ သိပ်တူတယ်.. မယုံဘူးလား.. ဒီလို


သီတာဟာ မျောက်နဲ့ သိပ်တူတယ်.. 🐒
မယုံဘူးလား.. ဒီလိုဗျ

ရေထဲကဖိတ်စာ

ဒသ (ဿ ကရေးရခက်တယ်ဗျာ) ဘုရင် တရားထိုင်နေရာကို စာလိပ်လေးတစ်ခု ဗောလော ဗောလော နဲ့ မျောလာတယ်.. ဆယ်ယူပြီး ဖွင့်ဖတ်ကြည့်လိုက်တော့ ဘုရင့်သမီးတော်ကို လေလံတင်.. အဲလေ.. ကံစမ်းမဲဖောက်.. အာ.. ဘယ်လိုခေါ်လဲဗျာ.. လေးတော်တင်ပြီး အခုပဲ အရယူလိုက်ပါ.. ဆိုဒလို ရေးထားတာတွေ့တယ်..

သမီးတော်ပုံကတော့ ရေထဲမျောလာတာဆိုတော့ ပျက်နေပြီ..
သီတာဒေဝီ ဆိုပါလား.. အယ်လယ်..
ဆိုတော့ဂါ.. နေထား မြွေဖားဒေကို ဒသဘီလူး စိတ်ဝင်စားမိဘီ.. အာ့နဲ့ နန်းတော်ကို ရထားပျံစီးသွားလေရဲ့..
အမှန်တော့ ဒသ မသိလတ်တာက အဲ့ပန်းဖလက်က ဟိုးဘက်တိုင်းပြည်က ဘုရင် တစ်ပါး ကိုဖိတ်တဲ့စာ.. အဲ့ဘုရင်က ဖွင့်ကျိတော့ "ဟင်.. မျောက်မကျိ 😐 " ဆိုပြီး ရေထဲလွှင့်ပစ်လတ်ရော.. ပြီးတော့ သူ့ကိုယ်သူ လူပျိုဘုရင်ပါဘာညာ ဆိုပြီး တိုင်းပြည်ချင်း မိတ်မပျက်အောင် ရွှီရှောင်လုပ်နေရတာ..
........................
လေးတင်ပွဲ~

လေးတင်ပွဲရောက်တော့ သူတို့တိုင်းပြည်ကလူတွေက တျောက်မှသေချာ မ မ ဘူး.. မကြွပါဘူးချည့် လှိမ့်ပြောနေကြတာ.. သူတို့လဲ မမြင်ဖူးပေမယ့် ဘုရင့်သမီးအရုပ်ဆိုးမှန်းသိတယ်.. ဘယ်ယူချင်မလဲ.. အိမ်ကလွှတ်လို့သာလာရတာ

ဘုရင်ကလဲ လည်တယ်.. သူ့သမီးအကြောင်း သူသိတော့ သလွန်ပေါ်ဒီတိုင်းတင်မထားဘူး.. ခန်းဆီးပုဝါစတွေနဲ့ကာထားတယ်..

အဲ့မှာ သူတို့ဆရာကြီးက မြှောက်ပေးလို့ ဘုမသိ ဘမသိ ဘုရင့်သမက်ဖြစ်ရနည်းလားဆိုပြီး မမယ်တကဲကဲလုပ်နေတာက ရာမနဲ့လက္ခဏ..
အလှည့်ကျလာရင်သူအရင်မ မယ် ငါအရင်မ မယ်နဲ့ ရန်ဖြစ်နေကြလို့ သူတို့ဆရာကြီးက ဆုန် ဆုမ် ဆိ လုပ်ကြ ဆိုပြီးတောင် ပြောထားရသေးတယ်..
ဒသလဲ လာလဲ လာရော ဒင်းက ဘီလူးဆိုတော့ တန်းမစီချင်ဘူး.. ကြားဖြတ်ပြီး မ မယ်လုပ်တယ်.. အားလုံးကလဲ အေးပေါ့.. မချင် မ ပေါ့..
အားလုံးကို ငပိန်းတွေ လဒူတွေ ဆိုတဲ့ ရုပ်နဲ့ ခပ်ထေ့ထေ့တစ်ချက်ကြည့်လိုက်ပြီး ဒသ ဝင့်ဝင့်ကြွားကြွားနဲ့ စင်ပေါ်တက်.. မာန်သွင်း.. လေးငါးချက်လောက် ဟန်ရေးပြပြီး စင်ပေါ်က 'လေး'ကို အားနဲ့မာန်နဲ့ မ ထည့်လိုက်တော့....

ငင့်..
ဖုတ်..
အောင်မျယ်ညီး တေပါဘီ..

လေးက ဝှစ်ခနဲ ဒသလက်ထဲ ကြွပါလာပြီး ဖင်ထိုင်လျက်ပြုတ်ကျသကိုး.. ဝါးခြမ်းပြားကြီးလေ.. ပေါ့လိုက်တာမှ လွှားနေတာပဲ..
ခန်းမတစ်ခုလုံးဆီက ဝေါခနဲ ဟာခနဲ ဟင်ခနဲ အသံတွေ လျှံထွက်လာတယ်.. ဝိုင်းဂျင်းထည့်နေကြတာ သူမသိဘူး.. သိပ်အားတက်သွားတယ်..
ရပြီလေ.. ကြွပြီ.. သမီးတော်ပေးတော့..

လို့ ခပ်တည်တည်နဲ့ လေးကို ထောင်ပြပြီးတောင်းလိုက်တယ်..

အဲ့မှာ အဘိုးကြီးတစ်ယောက်ထွက်လာပြီး မရဲတရဲပြောတယ်.. ကြွရုံနဲ့ မျသေးပု.. လေးကြိုးပါ တပ်ရမာ..

အိုခေလေ.. ဘယ်မလဲ လေးကြိုး.. ကျော် တပ်လိုက်မယ်..
အဲ့ခုံပေါ်မှာဖဲလေ..
ဒါလား.. ဟ.. ဒါက သားရေပင်ကြီးလေ..
ဟုတ်တယ်.. အာ့ပဲ တပ်ရမှာ..

Cow b
ဒသ ဝါးခြမ်းပြားမှာ သားရေပင် တပ်မလို့လုပ်တယ်.. တစ်ဖက်ထိပ်က အချိုင့်လေးထဲမှာ စွပ်.. (သားရေပင်က ရမ်းနေတော့ နှစ်ခါသုံးခါချော်သေးတယ်) နောက်တစ်ဖက်ကို တပ်မလို့ ကြိုးကို ညှို့..
အဲ့မှာ
မမလေး.. သီတာ.. မမလေး.. ဘီလူးတစ်ကောင်တော့ ကြိုးတပ်တော့မယ်.. မမလေး ဘီလူးနဲ့ ညားတော့မယ်.. ယေ့.. ယေ့.. ဆိုပြီး အထိန်းတော်မက ထ အော်ပါလေရော့..
သီတာလဲ ဘီလူးဆိုတော့ လန့်ဖျန့်ပြီး ခန်းဆီးစကို ဇပ်ခနဲလှပ်ကြည့်လိုက်တယ်..

ငင့်.. မျောက်မကျိ.. 😐
ဒသလက်ထဲက ကြိုးကို ဖျပ်ခနဲ လွှတ်ချပစ်လိုက်မိတယ်..
ဒသတင်မဟုတ်ဘူး.. ရာမနဲ့ လက္ခဏလဲ သီတာ့ကို မြင်လိုက်တယ်.. ညီကိုနျှောက် အချင်းချင်း တံတောင်တွေ တွတ်ကုန်ပြီ..

Bro.. what the fuck?
Yeah bro.. I saw it.. I fucking saw it..
ဟင့်အင်း ကြိုးတပ်လို့ မျတော့ပု.. ကျုပ်ရှုံးပြီ.. သိဉ်းဃိုရ် ပြန်လတ်အူးမေ..
ဒသ လျှော်ပြီ.. တစ်ခန်းမလုံးဆူညံလာပြန်ရော..
ဟ.. ဘယ်ဖြစ်မလဲ.. သူ အ မ နိုင်ဆုံးပဲလေ.. သူယူရမှာပေါ့..
သူ့ပဲပေးလိုက်ပါ.. သူ့ပဲ ပေးလိုက်ပါ..
ရှိန်းမောင်ယူ..
ဆိုပြီး ဝိုင်းအော်ကြတယ်.. ဒသတစ်ကိုယ်လုံးချွေးတွေလဲရွှဲနစ်နေပြီ..
အဲ့မှာ ကယ်တင်ရှင်က ရာမတို့ ဆရာကြီးပဲ.. သူကမျက်စိမှုံတယ်.. ခုနက သီတာ့ကို မမြင်လိုက်ဖူး.. ဆိုတော့ကာ သူ့တပည့်နှစ်ယောက် မဖို့ကျန်သေးတယ်..ဆိုပြီး ထပြောရော..

ဟာ.. မ မ ဘူး.. မ မ ဘူး.. ညီလေး.. မင်း မ
လိလား.. မ မ ပါဘူး.. အယ်ကိုကြီး မ ပါလား..
ဟျောင့်.. ငါ အကြီးနော်.. ငါပြောနေတယ်..
ငိုး.. မညစ်နဲ့လေ.. ခုနက ဆုန် ဆုမ် ဆိ ဆော့တာ ငါရှုံးထားတယ်.. မင်းအရင်မရမှာ..

ဟာ.. ငလူးလေးဒေ.. စကားများနေတယ်.. သွားမစမ်း တစ်ယောက်ယောက်.. ဆိုပြီး ရိုက်မယ် နှက်မယ်လုပ်မှ လက္ခဏက ဘာအကြံရတယ် မသိ.. ဝှစ်ခနဲ ထွက်သွားတယ်..

လေးစင်ပေါ်တက်ပြီး အားနဲ့မာန်နဲ့ ဗလတွေပြ.. ပြီးတော့ လေးကို အတင်းကြီးတွေ ခြေကန် မ ပြတယ်.. အားးး.. အီးးး အူးးး ဘွတ်.. နဲ့ အပေါ်သံတွေရော အောက်သံတွေရော အသံပေါင်းစုံထွက်ပြတယ်..

ဟုတ်ပြီကွ.. မ ထား လိုက်စမ်း.. ကြိုးစားထားကွ..
ဒသဂီရိခမျာ ဟန်တောင်မဆောင်နိုင်ဘူး.. လက်သီးလက်မောင်းကြီးတန်းပြီး အားပေးပုံများ.. ရာမတောင် အိုးတိုးအမ်းတမ်းတွေဖြစ်ယူရတယ်.. တတ်နိုင်ဘူးလေ.. ဒါ သူု့ရဲ့တစ်ခုတည်းသောကောက်ရိုးမျှင်လေးပဲ..
ရာမကတော့ ဒက်လိုက်ပြီ.. သူ့ညီစောက်ပိုတွေလုပ်ပြီး သူ့ကို ဂျင်းထည့်နေပြီဆိုတာ သိလိုက်ပြီ..

အားးးး အီးးးး အျူးးး
ဟုတ်ပြီကွ မ ထားစမ်း.. ကောင်လေး..
အား မျတော့ဘူး.. မျတော့ဘူး.. ဖပ်
ထင်တဲ့အတိုင်းပဲ လက္ခဏယုတ်ပြီ.. လေးကို ပြန်ချလိုက်တယ်.. ဒင်း လှစ်ခနဲပြုံးလိုက်တာကို မြင်လိုက်ရတော့ ဒေါသတွေအလိပ်လိုက်ထွက်တာထွက်တာဆွာ..

ဆရာကြီးက တောင်ဝှေးနဲ့ ရာမကျောကို တဒေါက်ဒေါက်လာတို့တယ်.. မင်းအလှည့်.. မင်းသွားမတော့ ပေါ့လေ..

ဆရာကြီးကိုလဲ တုန်နေအောင်ကြောက်ရတော့ မ မ လို့မရ.. ရာမ အရမ်းတင်းနေပြီ.. ဒါ ငါ့ကို သက်သက်ဝိုင်းဂျင်းထည့်တာ.. သိပ်လဲ ဝမ်းနည်းသွားတယ်.. လေးစင်ပေါ်ကို ကြိုးစင်ပေါ်တက်သလို ခေါင်းငိုက်စိုက်ပြီးတက်သွားတယ်..

ယေး.. မ ထားကွ.. ရွှီး..
ငိုးမဘီလူး.. ငြိမ်ငြိမ်နေစမ်း စောင်ချိုးကိုမပြေဘူး..
ဟ.. လေးလား..
အေး.. လေးပဲပေါ့ကွာ

ဘယ်သူ့အပေါ်ပုံချလို့ချရမှန်းမသိတဲ့ ဒေါသက ဒသအပေါ် ပုံကျသွားပြီးအနားတွေ့ရာနဲ့ကောက်ပေါက်ပစ်လိုက်တယ်..

ကတောင်..
ဟင်..

ဖြစ်ချင်တော့ အဲ့ဒါ သူမ ရမယ့် လေးတော်ကြီး..

အားလုံးကြောင်ပြီး တခန်းလုံး တိတ်သွားတယ်.. ရာမလဲ သူဘာလုပ်လို့လုပ်မိမှန်းမသိလိုက်ဘူး.. အရင်ဆုံးအသိဝင်လာတာက ဒသ...

အောင်မယ်လေးဗျ.. သေပါပြီဗျ.. အရှင်ရာမ စွမ်းအားကြီးလှချည့်.. ကျော် မရုံပဲ မနိုင်ခဲ့တဲ့လေးကို အရှင်ရာမက ပစ်တောင်ပစ်နိုင်ပါပကောလား.. အောင်.. မယ်လေးဗျ... အဟွတ်.. အဟွတ်.. ဟမ်း

ဆို အော်ဟစ်ပြီး နန်းတော်ကြမ်းပြင်မှာ လူးလှိမ့်နေလေရဲ့..

ဟျောင့် ဘီလူး.. စောက်ပိုဒေ မလုပ်နဲ့.. ငါ.. ငါ..

အောင်မယ်လေးဗျ.. အရှင်ရာမကို ကြောက်လှပါပြီဗျ.. လေးတော်နဲ့ ထပ်မပစ်ပါနဲ့ဗျ.. လေးတော်နဲ့ ထပ်မပစ်ပါနဲ့ဗျ.. ကျော် ပြေးပြီဗျ..

ဟာ.. ဟေ့.. နေအူးလေ..

ပြောပြောဆိုဆို ရထားပျံပေါ်ဝှစ်ခနဲတက်ပြီး မောင်းပြေးတာမှ မှုန်နေတာပဲဆို..

ရာမလဲ စီးကျလာတဲ့နဖူးကချွေးတွေ လက်ခုံလေးနဲ့သုတ်သုတ်ပြီး အကျပ်ရိုက်နေတုန်း အနောင်ဆာလုပ်တဲ့အဖိုးကြီးအသံဟိန်းထွက်လာတယ်..

အဟမ်း ဟမ်း.. Cow b.. ဒီကနေ့ လေးတင်ပွဲမှာ ဗိုလ်စွဲသွားသူကတော့ အားလုံးမြင်တဲ့အတိုင်းပဲ ဟော့ဒိက ရာမမင်းသား ဖြစ်ပါတယ်..

ဝေး...ရွှီး... ဖြောင်းဖြောင်း.. ရာမ.. ရာမ.. ရာမ..

ရာမ.. ခေါင်းငိုက်စိုက်.. ကျ..
............................
#ရွှေသမင်

တောထဲတောင်ထဲ လမ်းလျှောက်ရတာ ပင်ပန်းရတဲ့အထဲ ကိုယ့်ပူပူနွေးနွေးဇနီးမျက်နှာကြည့်မိရင် အမောကို ဆို့ဆို့သွားတာဖဲ..

လမ်းတဝက်လောက်ရောက်တော့ ရာမ မခံစားနိုင်တော့.. ဥာဏ်များဖို့ကြံရပြီ..

ဟာ.. သီတာ.. ဟိုမှာ ရွှေသမင်လေး မြင်လား လှတယ်နော်..

သီတာက မျက်စိလေး ကလယ်ကလယ်နဲ့ ခေါင်းခါပြတယ်..

ဟာ.. သီတာကလဲ.. ဟျောင့် လက္ခဏ မင်း မြင်တယ်မှုတ်လား.. ရွှေသမင်လေးလေ..

ပြောလဲပြော မျက်စိတစ်ဖက်ကလဲ အတင်းမှိတ်ပြ ခြေထောက်ကလဲ ဆောင့်နင်း.. လက်မောင်းကိုလဲ ဆွဲဆိတ်ရင်း အတင်းကြီးတွေ စင်ဂနယ်ပြတော့ လက္ခဏနည်းနည်းတော့အားနာရပြီ..

ဆိုနေဘေမက်.. အော်.. အင်း.. အင်း..

အေး.. ငါသီတာ့အတွက် သွားဖမ်းလတ်အူးမယ်.. မင်း စောင့် ကျန်ရစ်..

အာ.. ဟျောင့်.. ဘယ်ဖြစ်.. ဘယ်ဖြစ်မလဲကွ.. ငါမစောင့်ဘူး.. မင်းစောင့်.. ငါသမင်သွားဖမ်းမယ်.. ငင်..

ပြောရင်းဆိုရင်း လှည့်ကြည့်လိုက်တော့ ရာမက မရှိတော့ဘူး..
တော်တော်ယုတ်မာတဲ့ကောင်ကွာ..

ဒါမဲ့.. ရာမက ညီအကိုချင်း သစ္စာတော့ရှိတယ်.. ခပ်လှမ်းလှမ်း ခြုံကွယ်လေးရောက်တော့ ဝင်ပုန်းပြီး ညီလေး.. အယ်ကို့ကို ကယ်ပါ.. အားး အီးး အျူး နဲ့အော်ပြီး လက္ခဏ လိုက်လာလို့ရအောင်စင်ဂနယ်ရိုက်ပေးလိုက်တော့.. လက္ခဏ ကောက်ခနဲ အားရဝမ်းသာ ထ လိုက်လာတယ်..

အဆင်ပြေလား..

အင်း.. ဖိန့်ဖိန့်နဲ့ မြေကြီးပေါ် ဖနောင့်နဲ့ စည်းသုံးချက်တော့ တားပေးခဲ့တယ်.. ဘယ်မှမသွားနဲ့ ကြာမှာမို့လို့အိပ်စောင့် လို့လဲ မှာခဲ့တယ်..

အေး.. အေး.. ပြီးရော.. လစ်မယ်..

အဲ့အချိန်မှာ နားပါးတဲ့ လက္ခဏက သူတို့ခြုံပုတ်တစ်ဖက်ကနေ ဟောက်သံသဲ့သဲ့ကြားလိုက်တာကြောင့် တိတ်တိတ်နေဖို့ ရာမကို အချက်ပေးပြီး သွားချောင်းကြည့်တယ်..

လိ.. အာ့ ဟိုဘီလူးမဟုတ်လား..

အေးဟ.. ငါတို့ကို ဘတ်သွားပြီး ဒီမှာ လာဇိမ်နေတယ်..

ကိုကြီး.. ငါ အကြံရပြီ.. ဒီလို.. xxxxxxx
...........................
သံကွန်ချာခုနှစ်ထပ်ရယ်နဲ့~

ဒဿ အားကြီး စိတ်ဆိုးတယ်..

ပြန်ရောက်ခါနီး မြို့အဝင်နားရောက်မှ ရထားပျံနောက်ထဲမှာ ဟောက်သံကြားလို့ ကြည့်မိတယ်လေ.. အားရပါးရ အိပ်ပျော်နေတဲ့ မယ်သီတာကို တွေ့ပါရောလား..

ငင့်.. မျောက်မကျိ.. 😐

သူ တောထဲမှာ အိပ်ပျော်နေတုန်း ဟိုနှစ်ကောင် လာထည့်သွားတာပဲ ဖြစ်ရမယ်.. ဒါတော့ ယုတ်ပြီ..

ကဲပါလေ.. ပါလာတဲ့နောက်တော့ ထူးပါဘူး.. ဘီလူးတိုင်းပြည်က ဘီလူးတွေ မျောက်မြင်ဖူးတယ်ရှိတာပေါ့..

သိဉ်းဃိုရ်ပြည်ပြန်ရောက်တော့ ညီတော် ဘိဘိသနက ရထားပျံနားထိလာကြိုတာနဲ့..

ဟေး.. ညီတော်.. ဒါကျိ ဘယ်ထားရမလဲ.. ထွက်မပြေးအောင်ထားဇမ်း..

ငင့် ဘဒို.. မျောက်မကျိ.. 😐

အေး.. ဒီက ဘီလူးတွေမြင်ဖူးတယ်ရှိအောင် ဖမ်းလာတာ..

ဆိုနေဘေမက်.. နောင်တော်ပြောတော့ မင်းသမီးသိမ်းပိုက်ဖို့ လေးတင်ပွဲသွားမှာဆို?

အမ်.. အဲ.. မသွား.. မသွားဖြစ်ပု..

ညီတော်ထင်တာတော့ ဒါကျိက မင်းသမီးမှတ်တယ်.. ဝတ်ကောင်းစားလှနက်.. ဧကန္တ နောင်တော့်ကို ဂျင်းထည့်လွှတ်လိုက်တယ် မှတ်တယ်..

တယ်.... ဘိဘိသန.. မင်း တယ်စကားများတယ်.. လိ.. သွားစမ်း.. သူ့တနေရာရာထားဖို့ခေါ်သွား..

ဟုတ်.. ဟုတ်.. ကျော်.. သံကွန်ချာခုနစ်ထပ်နဲ့ ကာရံထားလိုက်ပါမယ်.. နောင်ဘုရား

အေး.. ခေါ်သွား..

ညီတော် ဘိဘိသနထွက်သွားမှ ခပ်တည်တည်အိနြေ္ဒဆည်ပြီး တိုင်းပြည်ထဲ ဘုရင်အထာနဲ့ ဝင်လာခဲ့လိုက်တော့တယ်..

စိတ်ထဲကတော့တွေးမိသား..
ငါ့ညီနှယ်.. ပညာရှိလို့မပြောရဘူး.. လှောင်အိမ်ဖြင့် လှောင်အိမ်ပေါ့.. ဘာတဲ့.. သံကွန်ချာခုနစ်ထပ်တဲ့.. အဟက်..
.........................
#ဟာနုမန်

သိဉ်းဃိုရ်ပြည်ကြီး မီးဟုန်းဟုန်းတောက်နေပြီ..
မျောက်ကြီးတစ်ကောင် သီတာ့ကို လာကယ်ဖို့ကြိုးစားတယ် ဟူသတတ်..

ငါပြောသားပဲ.. ဘိဘိသနရဲ့.. ဒင်းဟာမျောက်မပါလို့..

ဘဒို.. သီတာဒေဝီဟာ မျောက်နဲ့တူတာဖြစ်ပါလိမ့်မယ်.. လူတော့ လူပဲနေမှာဘာ..

ဟ.. မျောက်မို့လို့ မျောက်က လာခိုးတာပေါ့ဟ.. လိ..

ညီတော် အာရီယန်တွေဆီ ကျေးစေထားပါတယ်.. သူတို့မျောက်မ သူတို့လာခေါ်ပါလို့.. ဘုရင့်သမီးတော်ဖြစ်နေပြန်တော့ ထိန်းသိမ်းထားရတာ တာဝန်ကြီးတယ် နောင်ဘုရာ့..

အိမ်း.. မြန်မြန်လာခေါ်ခိုင်းဇမ်း.. စောက်လုပ်ကို ရှုပ်နေတာပဲ.. လိ.. မီးလောင်တာတွေအတွက်ပါ အလျော်တောင်း!
.............................
နောက်ဆုံးတိုက်ပွဲ~

ခိုးခံရပါသည် ပြောလဲမရ..
ဘုရင်ကြီး က တင်းပြီ..

နောက်ဆုံးတော့ ရာမကို မယ်သီတာပြန်သွားယူခဲ့ဖို့ အမိန့်ချလိုက်လေရဲ့..

ဒီလိုနဲ့ ရာမ စစ်ထွက်ခဲ့ပြီး ဒသဂီရိမြို့တံခါးဆီရောက်လာခဲ့ပြီ..

လမ်းမှာ မျောက်အုပ်နဲ့တွေ့လို့ မယ်သီတာလို့ နာမည်လေးပြောမိရုံရှိသေးတယ်.. ကူညီပျဇေ ကူညီပျဇေခညဆိုပြီး မျောက်တပ်ကြီးတစ်တပ်လုံး လိုက်ချလာတာ သောင်းသောင်းကို ညံလို့..

ကွီးမိန်းမက မျောက်လောကမှာတော့ အတော်နာမည်ကြီးပုံရတယ်နော်..

ဟျောင့်.. ငါ့လာမစနဲ့.. အေးဆေးနေ..

ခွိခွိ..

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုဒလို ဒသဂီရိက မြှားတပ်နဲ့ကြိုချိန်ထားပြီး ရာဇသံပေးတယ်..

မင့် မျောက်မကျိ ဒီနေ့ပဲပြန်ယူ

ငိုး.. မင်းဆီမှာ ခုနစ်ရက်လောက်ကြာဝါးဘီ စောင်ဘီလူး.. မင်းပဲတာဝန်ယူလတ်တော့

ထွိန်.. ငါ ထိတောင်မထိကြည့်ဘူး ဟျောင့်ဒေ.. မတော်ကုတ်လိုက်ရင် နူကုန်မေ..

ငါ မယူချင်ဘူး.. လေးတင်တုန်းက တကယ်တမ်း မင်း နိုင်ရဲ့သားနဲ့ ငါ့ကို ဂျင်းထည့်ခဲ့တာ.. မင်းယောကျာ်းမဟုတ်ဘူးလား..

မယူလို့မရဘူး.. မယူရင် မင်းဘုရင်နဲ့ ငါတိုင်မယ်.. သူ့သမီးကို မင်းဒီလိုပလစ်တာသိရင် မင်းကိုသတ်မှာ.. ယေ့.. ယေ့..

ရာမ ဒေါသ အမျက်ခြောင်းခြောင်းထွက်ပြီ..

တော်တော်စောက်ကျင့်ယုတ်တဲ့ ဘီလူး..

ယုတ်တော့ လေးဖြစ်လား..

လေးပဲပေါ့ကွာ.. ကဲ

ကတောင်..
ဟင်..

လက်မြန်ခြေမြန်စရိုက်ရှိတဲ့အတိုင်း လက်ထဲက လေးနဲ့ကောက်ပေါက်မိပြန်ပြီ..

အမှန်တော့ ပစ်လိုက်တာက မထိ.. တစ်တောင်သာသာလောက်အဝေးမှာသွားကျတာ.. အဲ့ဒါကို ဒသက ဖပ်ခနဲကောက်ယူလိုက်ပြီးတော့ ရင်ဘတ်မှာ ပဲ စိုက်သလိုလို သူ့လက်ကြီးနဲ့ ကိုင်ထားပြီး ဝူးဝူးဝါးဝါးအော်တော့တာပဲ..

အား.. ဟျောင့်ဒေ.. ငါထိဝါးဘီ...

ဟျောင့်.. ငါ ပစ်တာ မထိ.. မထိ..

အားးး.. အရှင်ရာမမင်းသား လေးအတတ် အဆင့်မြင့်လှပါပေတယ်.. ကျော် သေပါပြီ.. ကျော် သေပါပြီ..
ဟာ.. ဟျောင့်.. အဲ့လို မလုပ်နက်လေ.. လခွမ်းတဲ့မှ..
ဘိဘိသန ငါသေနေပြီ.. ငါသေနေပြီ.. အား..
အဲ့ဒလိုအတင်းကြီး ခံတပ်ထိပ်မှာ လူးလှိမ့်အော်နေတာပါဆို..
ဘိဘိသန ဝင်ထိန်းရမယ့်အချိန်ရောက်ပြီလေ..
ကဲ ဘဒိုတို့.. တော်ကြပါတော့ဗျာ.. ဒသဂီရိကြီးလဲ သေလှပါပြီ..
ငင့်..
သီတာ့ကို ပြန်ခေါ်သွားလိုက်ပါ.. ဒီမှာ ဒသလဲ မရှိတော့ဘူးဆိုတော့လေ.. အဟင်း..
တောက်.. ဒသ.. ဒသ.. မင်း ထမင်းဝအောင်စားထား..
ငါသေနေပြီဟေ့..
.............................
ဒီလိုဆိုတော့ကာ.. သီတာဒေဝီဟာ မျောက်နဲ့တူနေတယ်လို့ဆိုတာ မထင်ရှားပေဘူးလား..
အံမယ်.. ရာမက နောက်ဆုံးတစ်ကွက်သုံးသေးတာဗျ..
ဘယ်လောက်ထိ အရုပ်ဆိုးတဲ့ မိန်းမထင်လဲ.. မတတ်သာလို့ ပြန်ခေါ်လာရတဲ့နောက် မီးပုံထဲဆင်း ဆိုပြီး သတ်ဖို့ကြံသေးတာကိုးဗျ..

တကယ်တမ်းတွေးကြည့်ရင်.. သီတာက အဲ့ဂလို အရုပ်ဆိုးဆိုး မျောက်နဲ့တူတဲ့မိန်းမကြီး.. ရာမလဲ မလိုချင်ဘူး.. လက္ခဏလဲ မလိုချင်ဘူး.. ဒသကလဲ မထိခဲ့ဘူး..

😂😂😂
Yarzar Wizaya

No comments:

Post a Comment