Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 17, 2018

မသိရင်​ ရန်​ကုန်​မှာမ​နေနဲ့ ။


စစ်​အာဏာရှင်​စနစ်​လည်​ပါတ်​ပုံမှာ ပြည်​ထဲ​ရေးက အ​တော်​အ​ရေးပါသဗျ ။ စစ်​ဗိုလ်​ချုပ်​​တွေနဲ့ သူတို့အသိုင်းအ၀ိုင်း​တွေ အခွင်းထူးခံဘို့ စီစဉ်​​ပေး ကာကွယ်​​ပေး​ရေး သူ့​နေရာနဲ့သူ ​အဓိက​ထောက်​တိုင်​ အဖြစ်​ ရပ်​​ပေး​နေကြတာပဲ ။

အဲ့အထဲက ရန်​ကုန်​တိုင်းယာဉ်​ထိန်းရဲ​တွေ နဲ့ ကျ​နော်​ထဲထဲဝင်​၀င်​ပါတ်​သက်​ခဲ့ရဘူးတယ်​ ။ အရင်​​ပြောပြဘူးသလို ကျ​နော်​အလုပ်​လုပ်​ခဲ့တဲ့ ကုမ္ပဏီပိုင်​ရှင်​က ဌာနဆိုင်​ရာ​တွေနဲ့ပါတ်​သက်​တဲ့ ​ဆောက်​လုပ်​​ရေးကိစ္စ​တွေကို (ပစ္စည်း​ပေးရတာဖြစ်​ဖြစ်​ လူအင်​အားနဲ့သွားလုပ်​​ပေးရတာပဖြစ်​ဖြစ်​)
ကျ​နော်​နဲ့လွှဲထားတယ်​ ။

မော်​​တော်​ပီကယ်​ရဲမှူးကြီးက ဦး​အောင်​နိုင်​ ။ သူ့အိမ်​ကို ​ဆေးသုတ်​ ခြင်​ဇကာတပ်​ သံပန်းတပ်​​​တွေအပြင်​ ​ရွှေပြည်​သာက ခြံအလွတ်​ကိုပါ ​မြေဖို့​ပေးတာ ကျ​နော်​လုပ်​ရတယ်​ ။ အဲ့အတွက်​ ရဲတံဆိပ်​နဲ့ သူ့လက်​မှတ်​ သူ့ဖုန်းနံပါတ်​​တွေပါတဲ့ကဒ်​တကဒ်​ ကျ​နော်​ရထားတယ်​ ။ ရန်​ကုန်​က ဘယ်​ ​မော်​​တော်​ပီကယ်​က ဘာကိစ္စနဲ့ဖမ်းဖမ်း အဲ့ကဒ်​ထုတ်​ပြလိုက်​ရင်​ Sorry ပါဆရာ မသိလို့ တားမိတာပါဆိုပြီး အ​ပြောခံရ​အောင်​ အာဏာရှင်​စနစ်​က ဖန်​တီး​ပေးထားတယ်​ ။

ကျ​နော်​က ကျ​နော့လက်​​အောက်​က Construction Material သယ်​ပို့တဲ့ကားတိုင်းကို အဲ့ကဒ်​ကိုစကင်​န်​ဖတ်​ ပွား​ပေးထားလိုက်​တယ်​ ။ ရဲဖမ်းတိုင်း အဲ့ကဒ်​ထုတ်​ပြ ပြန်​လွတ်​ သူတို့​ပေးရမဲ့ ငါးရာတ​ထောင်​မထွက်​​တော့ဘူးဆို​တော့ ကားသမား​တွေလည်း ဟန်​ကျ​နေ​ရော ။

တရက်​ကျ သာ​ကေတသဲကွင်းက​နေ သဲတိုက်​လာတဲ့ ကိုစိုးပိုင်​ဆိုတဲ့သူ​မောင်းလာ တဲ့ ကားတစီးကို နယ်​​မြေ၄ နယ်​​မြေမှူး ​ရဲအုပ်​​ကျော်​မျိုးမြင့်​ကိုယ်​တိုင်​ပါတဲ့ လှည့်​ကင်းအဖွဲ့ကဖမ်း​ရော ။ ကဒ်​ထုတ်​ပြ​တော့ မင့်​ဟာက ပွားထားတဲ့ကဒ်​ပဲဆိုပြီး ကဒ်​​ရော လူလိုင်​စင်​​ရောသိ​မ်းထားလိုက်​​ရော ။

ကိုစိုးပိုင်​က ကား​မောင်းထွက်​မလာပဲ နီးရာဖုန်းဆိုင်​က​နေ ကျ​နော့ဆီဖုန်းလှန်းဆက်​တယ်​ ။ ဘယ်​​နေရာမှာ ဘယ်​လိုဖမ်းထားတယ်​ ​ပေါ့ ။ ကျ​နော်​က ဦး​အောင်​နိုင်​ ဆီဖုန်းလှန်းဆက်​လိုက်​တယ်​ ။ ကျ​နော်​ဖုန်းဆက်​​တော့ အ​ကြောင်းရာ​ပြောင်း​ပြောရတာ​ပေါ့ ။ ရဲမှူးကြီးခြံကိုပို့မဲ့သဲကားကို
နယ်​​မြေ၄ ကဖမ်းထားပြီး ရဲကဒ်​​ရော လူလိုင်​စင်​​ရောသိမ်းသွားတယ်​ လုပ်​ပါဦး​ပေါ့ ။

ချက်​ချင်းပဲ ။ ဖုန်းထဲမှာကြားလိုက်​ရတယ်​ ။ ​သူ့ PSO ကိုခိုင်းတာထင်​တယ်​ ။ ​ဟေ့ ​ကျော်​မျိးမြင့်​ကို ခုချက်​ခြင်း​ပြောစမ်း ဖမ်းထားတဲ့ _ ကုမ္ပဏီသဲကားကို ချက်​ခြင်းပြန်​လွှတ်​​ပေးလိုက်​လို့ ။ ပြီး​တော့ မသိရင်​ ရန်​ကုန်​မှာမ​နေနဲ့​ ဆိုတာပါ သတိ​ပေးလိုက်​ တဲ့ ။ ပြီးတာနဲ့ ဘာမှမပူနဲ့ ။ ကျ​နော်​​ပြောလိုက်​ပြီ ။ ဆိုပြီး​ပြောတယ်​ ။

အဲ့မှာ စကြားဘူးတာ ။
မသိရင်​ ရန်​ကုန်​မှာမ​နေနဲ့ ။

မော်​​တော်​ပီကယ်​က ရနိကုန်​တိုင်းကို ၇ ပိုင်းပိုင်းပြီး နယ်​​မြေ ၁၂၃၄၅၆၇ ဆိုပြီးခွဲထားတယ်​ ။ ဥပမာ မင်္ဂလာဒုံ အင်းစိန်​ ​ရွှေပြည်​သာစတဲ့မြို့နယ်​​တွေက နယ်​​မြေ၁ ။ ​တောင်​/​မြောက်​ဥက္ကလာ ​အောင်​မင်္ဂလာ နယ်​​မြေ၇ ။ ​တောင်​/​မြောက်​/ အ​ရှေ့ဒဂုံမြို့သစ်​​တွေက နယ်​​မြေ၆။ သင်္ဃန်​ကျွန်းသာ​ကေတ တာ​မွေ နယ်​​မြေ ၄ ။ ရန်​ကင်း မရမ်းကုန်း နယ်​​မြေ၂ ။ လှည်းတန်း ကြည့်​မြင်​တိုင်​ နယ်​​မြေ၃ ။ ဗိုလ်​တ​ထောင်​ပုဇွန်​​တောင်​ နယ်​​မြေ၅ စသည်​ဖြင့်​​ပေါ့ ။ ​မော်​​တော်​ပီကယ်​​တွေရဲ့ရင်​ဘတ်​မှာ နယ်​​မြေနံပါတ်​​တွေပါတယ်​ ။ ၇၀၃၆ ၄၀၅၅ စသည်​ဖြင့်​ထိပ်​ဆုံးဂဏန်းဟာ ဘယ်​နယ်​​မြေတာဝန်​ကျဆိုတာကိုပြပါတယ်​ ။ ၈ ဒါမှမဟုတ်​ ၉ နဲ့စရင်​​တော့ ၅၁ လမ်းယာဉ်​ထိန်းရဲရုံးနဲ့ဆိုင်​တဲ့ ဌာနခွဲ​တွေကပါ ။ ကိုယ့်​ကားကိုတားရင်​ ဘယ်​စခန်းကရဲလဲဆိုတာ ရင်​ဘတ်​နံပါတ်​ကြည့်​လိုက်​ရင်​ တန်းသိရပါတယ်​ ။

အဲ့ဒီနယ်​​မြေ​တွေကဖမ်းလိုက်​ ကျ​နော်​က သွားပြန်​လိုက်​ထုတ်​လိုက်​နဲ့ သံသရာလည်​​နေ​တော့ သူ​ဌေးကိုကျ​နော်​တင်​ပြတယ်​ ။ ကျ​နော်​တို့က သူကြီးနဲ့​ပေါင်းပြီး ဆယ်​အိမ်​​ခေါင်း​တွေကို ရီးထင်​တဲ့အ​ပေါက်​ချိုးသလိုဖြစ်​​နေတယ်​ ။ ဆယ်​အိမ်​​ခေါင်း​တွေကိုလည်း ​ပေါင်းသင့်​တယ်​ဆို​တော့ အဲ့ဒါ အရင်​က မန်​​နေဂျာကိုမြင့်​စိုးတို့ ကိုစိုးလွင်​ထွန်းတို့ လုပ်​ထားတာရှိတယ်​ ။ ဆက်​လုပ်​လိုက်​​လေဆို​တော့ ထုံးစံအတိုင်း
နယ်​​မြေမှုး​တွေဆီကို အရက်​ပုလင်းလက်​​ဆောင်​သွား​ပေးပြီး မိတ်​ဆက်​ ဘစ်​စင်းတင်းကဒ်​ယူလုပ်​ပြီး ကုမ္ပဏီကကား​တွေကို ကူညီ​ပေးဘို့ ​တောင်းပန်​ပါတယ်​​ပြောဆိုရတာ​ပေါ့ ။

နယ်​​မြေ ၁ ၂ ၄ ၆ ၇ ​မော်​​တော်​ပီကယ်​စခန်း​တွေ တခုမှကျ​နော်​တို့ကုမ္ပဏီနဲ့မကင်းဘူး ။တံခါး​လေးလာပြင်​​ပေးပါဦး ။လမ်းခင်း​ပေးပါ ။ဘိလပ်​​မြေအလှုခံပါတယ်​။ ပြူတင်းမှန်​လဲချင်​လို့စသည်​ဖြင့်​​ပေါ့​လေ ။ စိန်​ပန်းမြိုင်​ရဲရိပ်​သာနဲ့ သီရိမြိုင်​ယာဉ်​ထိန်းသင်​တန်း​ကျောင်း​တောင်​ပါ​သေးတယ်​ ။ သူတို့က နိုင်​ငံ​တော်​ဘတ်​ဂျက်​က​နေ ပြင်​/ထိန်းစရိတ်​ထုတ်​စား ကုမ္ပဏီကfree လုပ်​​ပေး အဲ့လိုလည်​ပါတ်​ခဲ့တာ ။

အဲ့ဒါ​ကြောင့်​ ကျ​နော်​စီးတဲ့ကား န/ ၈၀၇၄ လင့်​ရိုဘာအင်​ဂျင်​ ပါတ်​ဖိုင်​နာ​ဘော်​ဒီဆိုလား မာဇဒါဂျစ်​​ယောင်​​ဆောင်​ထားတဲ့ကား ​။ ဘာဝိတက်​ဘာစာရွက်​စာတမ်းမှမရှိ ။ လူလည်းလိုင်​စင်​မရှိ ။ ကျ​နော့ကို စစ်​​မေးမဲ့သူလည်းမရှိ ။ ​အေး​ဆေးပဲ ။

စစ်​အာဏာရှင်​စနစ်​ယန္တယားထဲ လည်​ပါတ်​​နေတဲ့သူ​တွေက ရာထူးဌာန ​နေရာ​ပေါ် မူတည်​ပြီး တံစိုးလက်​​ဆောင်​ရယူတဲ့နည်း ။ အာဒါးအာဒါးဆိုပြီး အကျိုးမြတ်​ရှယ်​ယာ ခွဲ​ဝေယူတဲ့နည်း​တွေနဲ့ ပြည်​သူအ​ပေါ်​ဖောက်​ပြန်​ပြီးကိုယ်​ကျိုးရှာချမ်းသာသွားကြသလို နိုင်​ငံကို​ဆောင်​သင့်​တဲ့အခွန်​မ​ဆောင်​ လိုက်​နာရမဲ့စည်းကမ်း​တွေမလိုက်​နာပဲ အာဏာပိုင်​​တွေနဲ့​ပေါင်း အမြတ်​စွန်းရ​ရေးသက်​သက်​လုပ်​ခဲ့တဲ့ကုမ္ပဏီ​တွေ အများကြီးဆိုတာ ကိုယ်​​တွေ့ဖြတိသန်းသိခဲ့ရတဲ့ သက်​​သေ​တွေပါပဲ ။

ခုန မူရင်းအ​ကြောင်းရာပြန်​ဆက်​ရရင်
တရက်​ကျ​တော့ ကျ​နော်​ကကိစ္စတခုနဲ့ နယ်​​မြေ ၇ ရုံးရှိရာ ​ကျောက်​​ရေတွင်းကုန်းဆင်း စိန်​ပန်းမြိုင်​ရဲရိပ်​သာကို​ရောက်​သွားတယ်​ ။

ယာဉ်​ထိန်းရဲစခန်း​ရှေ့ အလံတိုင်​ကွင်းမှာ စခန်းတခုလုံးရှိသမျှ ​မော်​​တော်​ပီကယ်​ ​တွေ ၀တ်​စုံပြည့်​နဲ့ ​ဖွေး​ဖွေးဖြူ​နေတယ်​ ။

သူတို့​ရှေ့အလံတိုင်​မှာ White Board တခုကပ်​​ထောင်​ထားတယ်​ ။ နယ်​​မြေမှူး ရဲအုပ်​​ဇော်​​ဖေက တုတ်​တ​ချောင်းနဲ့ အဲ့ White Board ကို​ထောက်​​ထောက်​ပြပြီး စကား​ပြောဘို့ လုပ်​​နေတာ​တွေ့​တော့ ​ဘေးက​နေ အသာရပ်​နား​ထောင်​​နေ လိုက်​တယ်​ ။

White Board မှာ ​ရေးထားတာက
မသိရင်​ ရန်​ကုန်​မှာ မ​နေနဲ့ ။

သူ​ပြော​နေတဲ့အ​ကြောင်းရာက အဲ့မတိုင်​ခင်​ရက်​က တိုင်းရုံးမှာသူအစည်း​ဝေးသွားတက်​ခဲ့တဲ့အ​ကြောင်း ။ အစည်း​ဝေးတက်​တဲ့အရာရှိမှန်​သမျှကို ပရိုဂျက်​တာနဲ့ စာတန်းထိုးပြထားတာက
မသိရင်​ရန်​ကုန်​မှာမ​နေနဲ့ ။

ဦး​ဇော်​​ဖေလက်​​အောက်​က ဒုရဲအုပ်​အပါ ယာဉ်​ထိမ်း၈ ​ယောက်​ အဖမ်းခံထားရတယ်​ ။ ဖြူနီကြားမှာ ရပ်​ထားတဲ့ကားကို လိုင်​စင်​သွား​တောင်းမိလို့ ။ ကားက သမီး​တော်​လို့​ခေါ်တဲ့ သန်း​ရွှေသမီးကား ။ လိုင်​စင်​ထုတ်​မ​ပေးပဲ ဒီကားဘယ်​သူ့ကားမှန်းမသိတဲ့​ကောင်​ နင့်​တို့ကိုပညာသင်​လွှတ်​ မယ်​​ပြောသွားတာခံလိုက်​ရတယ်​ ။ ​နောက်​က ကိုယ်​ရံ​တော်​လိုက်​လာတဲ့ကားက ငါနဲ့လာကိုင်​တုတ်​ဆဲပြီး အဲ့ဒါအဖိုးကြီးသမီးဟဆိုမှ ဘယ်​သူမှန်းသိကြတယ်​ ။ မကြာဘူး စက်​နဲ့လှန်း​ခေါ်လို့ စခန်းပြန်​​ရောက်​​တော့ အချုပ်​ထဲတန်းဝင်​ကြရတယ်​ ။

နောက်​တမှုက ကူညီပါရ​စေ ရဲသီးချင်းဆိုတဲ့ ဒုရဲမှုးထင်​လင်း နယ်​​မြေ၂ နယ်​​မြေမှူး ကိုယ်​တိုင်​ဖြစ်​တာ ။ နယ်​​မြေ၂ ရုံးက ကုက္ကိုင်းမီးပွိုင့်​ ​ဒေါ်စုလမ်းထိပ်​ကရုံး ။ အဲ့ရုံး​ရှေ့မှာ ဒုရဲမူးထင်​လင်းကိုယ်​တိုင်​ထွက်​ရပ်​​နေတုန်း ပြည်​ထဲ​ရေးဝန်​ကြီး ဗိုလ်​ချုပ်​က​တော်​ကြီးစီးလာတဲ့ကားက မီးပွိုင့်​မလွတ်​ဖြစ်​တာ ။ ၀င်​ဒါမီယာထဲကထွက်​လာတာ စက်​နဲ့လှန်း​ပေါက်​မဲ့သူမရှိလိုက်​​တော့ မသိလိုက်​ကြဘူး ။ မမြင်​​တော့ အ​လေးလည်းမပြုဖြစ်​ဘူး ။ ဗိုလ်​ချုပ်​က​တော်​ကြီးအမျက်​​တော်​ရှ​တော့ နယ်​​မြေမှူး သာမညမဟုတ်​တဲ့သူ​တောင်​ နယ်​​ပြောင်း ရာထူးတိုးရပ်​ ထိသွားတယ်​ ။

လူကြီး​တွေအိမ်​​တွေက ကား​တွေက အမြဲ ​ပြောင်း​နေနိုင်​တယ်​ ။ လူကြီးက​တော်​​တွေ ၊ လူကြီးသားသမီး​တွေရဲ့ကား​တွေ အမြဲ​ပြောင်း​နေနိုင်​တယ်​ ။ ကိုယ့်​နယ်​​မြေထဲမှာ ဘယ်​လူကြီးအိမ်​ရှိလဲ ။ ဘာနံပါတ်​​တွေလဲ သိ​အောင်​လုပ်​ကြ ။ မသိရင်​ ရန်​ကုန်​မှာ မ​နေနဲ့ ။

လမ်းရှင်း​ပေးရမယ်​ ။ ဘယ်​လို​မောင်း​မောင်း ဘယ်​လိုရပ်​ရပ်​ ဘာဖြစ်​ဖြစ်​မတားဆီးရဘူး ။ တခြားသူနဲ့ဖြစ်​ရင်​ မှားမှားမှန်​မှန်​ ဘက်​လိုက်​ကူညီ​ပေးရမယ်​ ။ လူကြီးပါသည်​ဖြစ်​​စေမပါသည်​ဖြစ်​​စေ လူကြီးအိမ်​ကကားမြင်​တာနဲ့ တန်းအ​လေးပြုရမယ်​ ။မသိရင်​ ရန်​ကုန်​မှာမ​နေနဲ့ ။

တန်းဖြုတ်​ပြီး ကျ​နော်​နဲ့စကား​ပြော​တော့
ဦး​ဇော်​​ဖေက ခုန ကျ​နော်​တို့​ပြောတာ​တွေ ကြားမှာ​ပေါ့ ။ ကျ​နော်​က​တော့ ပင်​စင်​ယူရ​တော့မှာဆို​တော့ သူများ​တွေလို အပြစ်​ကြီးကြီးမထိဘူး ။ Extension ​တော့ မရ​တော့ဘူး ။ ရက်​ပိုင်းအတွင်းပဲ ပင်​စင်​သွားရ​တော့မယ်​ လို့ တခါထဲနှုတ်​ဆက်​စကားဆိုတယ်​ ။ တကယ်​လည်း ​နောက်​တလမပြည့်​ခင်​ သူအနားယူလိုက်​ရတယ်​ ။

မသိရင်​ ရန်​ကုန်​မှာမ​နေနဲ့ ။ ဆို​တော့
ရန်​ကုန်​က ဘာလဲ ။ ရန်​ကုန်​မှာ မ​နေရ​တော့​ရောဘာဖြစ်​လဲ ။ ​မော်​​တော်​ပီကယ်​ အတွက်​က​တော့ လိုင်းကား ။ အငှားယာဉ်​ ။ သဲ​ကျောက်​သစ်​ဝါးကုန်​ပစ္စည်းကား ။
ဖြူနီကြားရပ်​ ။ ပွိုင့်​ဖြတ်​​မောင်း ။ ဆက်​​ကြေးလိုင်း​ကြေး​တောင်းလို့ အ​ကောင်းဆုံး ဧရာမ စိမ်းစိမ်းစိုစိုစားကျက်​​မြေကြီး​လေ ။
ယာဉ်​တိုက်​မှုဖြစ်​​လေ ပိုက်​ဆံရ​လေ ။ ရာထူးအနိမ့်​ဆုံးတရစ်​နဲ့သူ(ရနိကုန်​​မော်​​တော်​ပီကယ်​က ရဲ​ဘော်​မရှိ)​တောင်​ လစာအပြင်​ တ​နေ့ငါး​ထောင်​အထက်​ ​နေ့စဉ်
ဝင်​​ငွေရှိ​နေ​တော့ နယ်​မ​ပြောင်းချင်​ကြဘူး ။ အဲ့အ​ပေါ်က​နေ သူတို့လည်း ခြိမ်း​ခြောက်​ခံကြရတယ်​ ။ မသိရင်​ ရန်​ကုန်​မှာမ​နေနဲ့လို့ ။

စစ်​အာဏာရှင်​စနစ်​က စစ်​ဗိုလ်​ချုပ်​အသိုင်းဝိုင်း ချမ်းသာ​ရေးသက်​သက်​မဟုတ်​ဘူး ။ သူတို့သားသမီး​မြေးမြစ်​​တွေထိ ဥပ​ဒေမဲ့ ထင်​ရာစိုင်း​နေနိုင်​​ရေးပဲ ။ ပြည်​ထဲ​ရေးက အာဏာရှင်​​တွေရဲ့ချုပ်​ကျုင်​မှု​အောက်​မှာရှိပြီး ဥပ​ဒေ​တွေ တရားသဖြင့်​ဖြစ်​​ရေး​တွေအားလုံးဟာ ခြိမ်း​ခြောက်​ခံ​နေရ​သေးသမျှ တိုင်းပြည်​ကပျက်​​နေဦးမှာပဲ ။

စစ်​အာဏာရှင်​စနစ်​ကို မတိုက်​ဖျက်​နိုင်​မချင်း ။ စစ်​အာဏာရှင်​စနစ်​ခိုင်​မြဲ​ရေးအတွက်​ ​ဒေါက်​​ထောက်​ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအပါအ၀င်​ စစ်​တပ်​ရဲ့အခွင်​အာဏာ​တွေကိုမဖျက်​နိုင်​မချင်း ။ ဦးပိုင်​အပါအ၀င်​ စစ်​ဗို​လ်​ချုပ်​​တွေရဲ့အကျိုးစီးပွား​တွေကို မဟန့်​တားနိုင်​မချင်း ကြီးနိုင်​ငယ်​ညှင်းမတရားမှု​တွေနဲ့ တိုင်းပြည်​ကစုတ်​ချာ​နေဦးမှာဖြစ်​သလို ပြည်​တွင်းငြိမ်းချမ်း​ရေးဆိုတာလည်း ​ဝေးသထက်​​ဝေး​နေဦးမှာပါပဲ ။

သုံညသစ်

No comments:

Post a Comment