Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

ခေါက်ဆွဲခြောက်ထုပ် စားပြီး အစာအိမ်ထဲက အခြေအနေ


` ခေါက်ဆွဲခြောက်ထုပ် စားပြီး အစာအိမ်ထဲက အခြေအနေ
ကျနော်အပါအဝင် စာဖတ်သူကိုယ်၌ လည်း အသင့်စား ခေါက်ဆွဲခြောက်ထုပ် ကို အရမ်း ကြိုက်လို့မဟုတ်ရင်တောင် အချိန်မရတဲ့ အခါ လွယ်လွယ်ကူကူ စားဖြစ်တတ်ကြတယ် မလား။
ဒါက ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာ မဟုတ်မှန်းတော့သိတယ်။

*ဒါပေမဲ့ တအားကြီး ဆိုးဝါးတဲ့ အစားအစာ လို့လည်း မမြင်မိဘူး။
ဥပမာ- ဟမ်ဘာဂါ တို့ ဆီကြော်မုန့်တွေ လောက်မဆိုးဝါးဘူး ထင်မိကြတယ်။

*Dr.Braden Kuo က ခေါက်ဆွဲကြိုက်တတ်တဲ့ စာဖတ်သူအများစု အတွက် စဉ်းစားပီး ဆေးလုံး အရွယ် ကင်မရာလေး[pill sized camera] ကို ခေါက်ဆွဲစားပြီးတဲ့ လူရဲ့ ဗိုက်ထဲ ဘာဖြစ်မလဲ ကြည့်ရအောင် အသုံးပြုခဲ့တယ်။

Video ထဲကအတိုင်း အသင့်စား ခေါက်ဆွဲခြောက်ထုပ် စားပီး * ၂ နာရီ ကြာ တဲ့အထိ တောင် ဒီအတိုင်း ပုံမပျက်ဘဲ အစာခြေ ခြင်း ခံနေရတာကို သိသိသာသာမြင်မှာပါ။

ဒုတိယတချက်က
*ခြေချက်စဉ် ၂-၄ နာရီ ကြားထဲမှာ ခေါက်ဆွဲတွေဟာ ပိုပွပြီး ကြီးလာတာတယ်။

လူအစားများတဲ့ ခေါက်ဆွဲခြောက်ထုပ်ရဲ့ အခြေအနေနဲ့
#အိမ်မှာ လတ်လတ်ဆတ်ဆတ် ကိုယ်တိုင်လုပ်တဲ့ ခေါက်ဆွဲ Homemade Fresh noodle နဲ့ နှိုင်းယှဉ်ပြပေးထားပါတယ်။

ဒီတော့ အဓိက ဆိုလိုရင်းက
``အချိန်အကြာကြီး အစာမကြေနိုင်ဘူး ´´
*၂ နာရီ / ၄ နာရီ / ၆ နာရီ ထိ ကို ကြာနိုင်တယ်။
ဘာလို့လဲ ဆိုတော့ Fiber ဆိုတဲ့ အမျှင်ဓာတ်ကို ဖယ် ထားလို့ပါ။

*အချိန်အကြာကြီး အစာလမ်းကြောင်းမှာ ရှိနေတာဟာ ကြီးမားတဲ့ ပြဿနာ မဟုတ်လောက်ဘူး လို့ မထင်လိုက်ပါနဲ့!!!
*အူနံရံတွေက သူတို့နဲ့ ထိတွေ့နေ့တဲ့ အစာထဲက ရသမျှ အာဟာရဓာတ် တွေ ကို စုပ်နိုင်သလောက် စုပ်ယူတော့မှာ။

#အသင့်စားခေါက်ဆွဲ ထဲမှာ အာဟာရဓာတ် ဆိုတာ မပါသလောက်ပဲ။
အဆိုးဝါးဆုံးက *TBHQ ဆိုတဲ့ အဆိပ်ရှိ တာရှည်ခံပစ္စည်း Tertiary-butyl hydroquinone ပါနေတယ်။

#TBHQ ရဲ့ အကြောင်းကို မျှဝေချင်သေးလို့ စာဖတ်သူမှာ အချိန်ရသေးရင် ဆက်လက်ဖတ်ရှုစေချင်ပါတယ်။

*ဒီဖြည့်စွက် ဓာတုပစ္စည်းက ခေါက်ဆွဲခြောက်သား နဲ့အတူ သင့် ဗိုက်ထဲမှာ အချိန်အကြာကြီး ရှိနေပြီး အူတွေ နဲ့ ထိတွေ့နေသရွေ့ ကာလပတ်လုံး TBHQ ကို စုပ်ယူနေမှာ။

ကျန်းမာရေးအတွက်လုံးဝမကောင်းဘူး။
#TBHQ ကို ရေနံ ကနေ ထုတ်တဲ့ Antioxidant လို့ စာရင်းသွင်းထားပေမဲ့ ဓာတ်ခွဲခန်းထဲမှာ လုပ်ထားတဲ့ Antioxidant ပါ။ သာဘာဝ antioxidant မဟုတ်လို့
အစားအစာတွေ သက်တမ်းပိုကြာရှည်ခံအောင် လုပ်ပေးနိုင်တယ်။

*FAO/WHO အရ ခန္ဓာကိုယ်အလေးချိန်ရဲ့
` 0 - 0.5 mg/kg ´ သာ စားသင့်တယ်လို့ သိရပါတယ်။
` TBHQ 5 g ဆိုရင် သေစေနိုင်တယ် ´

#တစ်ပတ် ၂ ကြိမ်ထက် ပိုစားတဲ့ အမျိုးသမီး တွေရဲ့
၆၈ % မှာ

၁) အဝလွန်ခြင်း
၂) သွေးတိုးခြင်း
၃) သွေးတွင်းသကြားဓာတ်မြင့်ခြင်း {ဆီးချိုတက်ခြင်း}
၎) ကောင်းသော အဆီဓာတ် HDL လျှော့ကျခြင်း
တွေဖြစ်လာတယ်။ ဆီးချို နဲ့ နှလုံးသွေးလည်ပတ်မှု ဆိုင်ရာ ရောဂါ တွေ ဖြစ်ဖို့ အလားအလာတွေပါ။
ခေါက်ဆွဲခြောက်အမြဲစားတဲ့ လူတွေမှာ ခေါက်ဆွဲခြောက်ထုပ်လုံးဝ မစားတဲ့ လူတွေထက်
*Protein, Calcium , Phosphorus , Iron , Potassium, Vitamin A, niacin, Vitamin C စတဲ့ ဓာတ်တွေ သိသိသာသာ ချို့တဲ့နေတယ်။
ဒါ့အပြင်…*စွမ်းအင်ကုန်ခမ်းခြင်း၊
*မကောင်းတဲ့ အဆီများခြင်း နဲ့
*Sodium ဓာတ် များခြင်းတို့ဖြစ်နိုင်ပါတယ်။(ခေါက်ဆွဲခြောက် တထုပ်မှာ Sodium ၂၇၀၀ မီလီဂရမ် ပါရှိ)

#ခေါက်ဆွဲခြောက်သား မှာ ဂျုံမှုန့်၊ စားအုန်းဆီ နဲ့ ဆား အခြေခံပါဝင်ပီး
ဟင်းခပ်အမှုန့်ထုပ် မှာ ဆား၊ အချိုမှုန့် (MSG = Monosodium glutamate)၊ အရသာမှုန့်၊ သကြား အခြေခံပါဝင်ပါတယ်။

အချိုမှုန့် နဲ့ အရသာမှုန့် မကောင်းကြောင်း ဆက်ပြောရင် မိုးလင်းသွားနိုင်တာမို့ ဒီမှာပဲအဆုံးသတ်ခွင့်ပြုပါ
smile emoticon

EWG အဖွဲ့က တိရိစ္ဆာန် တွေအပေါ် စမ်းသပ်ပီးပါပီ။
အသည်း မျိုးပွားခြင်းဆိုင်ရာ နဲ့ ဇီဝကမ္မဖြစ်စဉ် တွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

ကိုယ်တိုင်တောင် စားမိသေးတာမို့ မစားပါနဲ့ ရှောင်ပါလို့ မပြောလိုပါဘူး။ လတ်လတ်ဆတ်ဆတ် ဂျုံ/ဆန် ခေါက်ဆွဲ လုပ်မစားနိုင်ရင် ဝယ်စားနိုင်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေတော့ #ရှောင်နိုင်သလောက်ရှောင်ပါ
` ချက်ချင်း ဆေးရုံတက်စေလောက်တဲ့ အဆိပ်မဟုတ်ပါဘူး´
ကျနော့် အဖွားပြောသလိုပါပဲ `မဖြစ်သေးခင်တော့ မဖြစ်ပါဘူး´
စာဖတ်သူလည်း ရှောင်နိုင်သမျှ ရှောင်နေပါစေ၊
*နာလန်ထစ လူမမာတွေ၊ ကလေးငယ် နဲ့ သက်ကြီးရွယ်အိုတွေ ကိုတော့ ပြုတ်မတိုက်မိပါစေနဲ့ လို့ တိုက်တွန်းရင်း
ကျေးဇူးတင်ပါတယ်။
ဆက်လက်ကြိုးစားသွားပါဦးမယ်
Hello Dr. Deit


No comments:

Post a Comment