Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

မင်းသွေး ရဲ့သတ်ကွင်းရုံတင်တဲ့နေ့ သူ့ကိုသတိရနေတဲ့ မင်းသွေးချစ်သူ


" သတ်ကွင်းတဲ့....စရိုက်ဖို့စီစဉ်ကျ ထဲက တွေ့တိုင်း ဖုန်းပြောစကားပြောဖြစ်ကျတိုင်း ကို က ဆမ် လေ ဘယ်လိုလုပ်ရမှာဘယ်မှာရိုက်မှာဇာတ်အကြောင်းပြောပြလွန်းလို့ ဖုန်းကြီး ကိုင်ပြီး အိပ်ပြောသွားတဲ့အခိုက်အတန်တွေရှိတယ်....တွဲလာကျတဲ့ သက်တမ်းတလျှာက်မှာ ငါတွဲလာတာ သူရော် ဟုတ်ရဲ့လား လို့ ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ် ပြန်မေးဘူးတယ် အရမ်းရုပ်ဆိုးသွားအောင် သူဟာသူပြင်ဆင်ခဲ့တယ် ဇာတ်ကားက မရိုက်ရသေးဘူး ၂လ ၃လ အလွန်လောက်ထဲက မုတ်ဆိပ်မွေးနှတ်ခမ်းမွေးတွေထား ပိန်လိနေအောင်နေ သူမှန်းမသိနိုင်အောင်ကိုပြင်ဆင်ခဲ့တာပါ......"

"ကားပြီးတော့လဲ တချိနိလုံး ပါးစပ်ကကိုမချ ဟိုပြေးဒီပြေး edit လည်းပါချင် အသံလဲပါချင် poster လဲသူပါချင် trailer ထုတ်မယ် intro လုပ်မယ် နေရာတကာကိုပါနေလို့ ယူ မင်းသား လာ တောက်တိုမယ်ရလာ မေးခဲ့ဘူးပါတယ်....ဘယ်နှယ့် ရည်းစားနဲ့ ချိန်းတွေ့ တာတောင် edit ထိုင်ဖို့ခဏသွားကျမယ် ဆိုပြီး သူတို့ edit ဆက်တဲ့ တိုက်ရဲ့အောက်မှာ ၂ နာရီလောက် ကိုယ်ကို ကားပေါ်မှာထားခဲ့ရက်သောသူပါ.... သူငယ်ချင်းတွေနဲ့တွေ့တာတောင် သူ့ကား trailer ကြီး ထုတ်ထုတ်ပြလွန်းလို့ ညီးနော် အဲဒါကြီး မပြီးတော့ဘူးလာပြောယူခဲ့ရတယ်....ကားကြီး ရုံပေါ်မရောက်ခင်အထိ ဖင်တကြွကြွ နဲ့ ဂဏာမငြိမ် မင်းသွေးစိန် ဖြစ်နေခဲ့တာ... "

"ကိုယ်အလုပ် က ညဘက် ဖလိုက် က နေ မနက်ဝေလီဝေလင်းမှပြန်ရောက် သူကြည့်တော့ မအိပ်သေး ဘာလုပ်နေတာလဲမေးတော့ BBL ကို စောင့်နေတာလေ တဲ့ အော် ကျုပ်က ကလေးပေါက်စန ဆိုတော့ သူတို့ promotion interview တွေဆက်နေတာ မသိတာမှတ်လို့ ကိုကိုပုရယ်....ကိုယ်တိုင် ပါဝင် အပင်ပန်းခံ နေ့စဉ်ညတိုင်း မအိပ်မစား လုပ်ခဲ့ပြီး မှ .... အဓိပ္ပာယ်မဲ့ခဲ့ပြီးလေ....ဘာပဲဖြစ်ဖြစ် မနက်ဖြန် ညီး အရမ်း ကြိုးစားခဲ့တာလေ အကောင်အထည် ပေါ်တော့မယ်နော်....အဝေးမှာပျော်နေပြီးဆိုတာသိပါတယ်.... အမှတ်ရလို့ လူလောကပြန်ကြည့်မိရင် လည်း လူတွေအများကြီး က ညီး အတွက် ဂုဏ်ယူနေပါတယ်လို့....."

ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ





No comments:

Post a Comment