CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 30, 2018
ဟိုတယ်ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံး
တာချီလိတ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ် ကွက်ရှိ Crown ဟိုတယ်၌ ဟိုတယ်ဝန်ထမ်း အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဒီဇင်ဘာ ၂၉ ရက်ည နေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ ကျော်စွာထွန်း (၂၈ နှစ်)၊ ဟိုတယ်ဝန်ထမ်းသည် ၄င်း ဟိုတယ်၏ အနောက်ဘက် အရေးပေါ်ထွက်ပေါက်လှေကား အမြင့် ၁၀ ပေခန့်ရှိ သံချောင်းထုတ်တန်းတွင် အရှည် ၃ ပေခွဲခန့်ရှိ ပန်းရောင်မျက်နှာသုတ်ပါဝါ တစ်ထည်နှင့် ဂျင်း ပြရောင်ဘောင်းဘီ အရှည် တစ်ထည်တို့အား ဆက်လျက် လည်ပင်းတွင် ချည်နှောင်ပြီး ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲက တာချီလိတ် မြို့၊ မကာ ဟိုခမ်းရပ်ကွက်၊ Crown ဟိုတယ်တယ်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ရပ်သို့ ခေတ္တ မြို့မ စခန်းမှူး ရဲအုပ် ကိုကိုဦး၊ တာဝန်မှူး ဒုရဲအုပ် မြင့်ကျော် တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရပါတယ်။
အမှုမှ ကျော်စွာထွန်း (၂၈ နှစ်)၊ ဟိုတယ်ဝန်ထမ်း ကြိုးဆွဲချသေ ဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင် သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက သေမှုသေခင်း ရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
ဟိုတယ်ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 30, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 30, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment