Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 1, 2018

မန္တလေးဈေးချိုတွင် ဓာတုဆိုးဆေးကင်းစင်လက်မှတ် ထုတ်ပေးထားသော ဆိုင်၈ ဆိုင်မှ ဆိုးဆေး တွေ့ရှိ


မန္တလေး ၁ ဒီဇင်ဘာ

မန္တလေးဈေးချိုတွင် ဓာတုဆိုးဆေးကင်းစင်လက်မှတ် ထုတ်ပေးထားသော ကုန်ခြောက်ဆိုင် ဆိုင် ၈ ဆိုင်မှ ဆိုးဆေး တွေ့ရှိမှုတို့ကြောင့် ဓာတုဆိုးဆေးကင်းစင်အသိအမှတ်ပြု လက်မှတ်အား ပြန်လည်သိမ်းဆည်းကာ အရေးအယူခဲ့ကြောင်း သိရသည် ။

မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနှင့် ဈေးချိုတော်ကို ဓာတုဆိုးဆေးကင်းစင်ဈေးအဖြစ် ကြေညာပြီးနောက်ပိုင်း လစဉ်ရှောင်တခင်စစ်ဆေးမှုများလုပ်ခဲ့ရာ လေးလအတွင်း ခွင့်မပြုဓာတုဆိုးဆေးအသုံးပြုသော ဆိုင် ၈ ဆိုင်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည် ။

" ဆိုးဆေးတွေ့ရှိတာက ပုဇွန်ခြောက် ရောင်းတဲ့ဆိုင်နဲ့ ငရုတ်သီးမှုန့်ရာင်းတဲ့ဆိုင်တွေက တွေ့တာပါ ။အရေးယူမှုကတော့ အသိအမှတ်ပြုလက်မှတ်သိမ်းတယ် ။ ဒဏ်ငွေ ငါးသောင်း စီဆောင်ခိုင်းတယ် ။ အဲ့လောက်ပါပဲ နောက်တစ်ခါ စစ်ဆေးလို့ အဲ့ဆိုင်တွေမှာပြန်တွေ့ရင်တော့ ဆိုင်ကို တစ်လ ဒါမှမဟုတ် ခြောက်လအထိ ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမှာပါ " ဟု မန္တလေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောသည်။

အဆိုပါ ဓာတုဆိုးဆေး ကင်းစင်လက်မှတ်များကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနှင့် FDA (မန္တလေး) ပူးပေါင်း၍ မန္တလေး ဈေးချိုတော်တွင် စားသောက် ကုန်ရောင်းချသည့် ဆိုင်များကို ခွင့်မပြုဓာတုဆိုးဆေးအသုံးပြု ခြင်းရှိ၊ မရှိစစ်ဆေးပြီး သုံးကြိမ် စစ်ဆေးမှု အောင်မြင်သော ဆိုင် များကို အအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြစ်သည်။

မန္တလေးဈေးချိုတော်ကို ပြီးခဲ့သော ဇူလိုင်လ ၂၅ ရက်နေ့ကပင် ဓာတုဆိုးဆေးကင်းစင်သည့်ဈေးအဖြစ် ကြေညာခဲ့ပြီး စားသောက်ကုန်ရောင်းချသည့်ဆိုင် ၃၈၆ ဆိုင်ကို ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ဆိုင်ဖြစ်ကြောင်း အသိအမှတ်ပြုကတ်များ ထုတ်ပေးခဲ့သည်။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment