Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 1, 2018

မီရှဲလ်အိုဘားမားရဲ့ ကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ်ထွက်အပြီး ၁၅ ရက်အတွင်းမှာပဲ အရောင်းရဆုံး စံချိန်ချိုး

မစ္စက် အိုဘာမားရဲ့ Becoming စာအုပ်ဟာ ဘာသာပေါင်း ၃၁ မျိုးနဲ့ ရနိုင်ပြီး နိုင်ငံပေါင်းများစွာမှာ Bestseller ဖြစ်နေပါတယ်
အမေရိကန်သမ္မတကတော် First Lady ဖြစ်ခဲ့တဲ့ မီရှဲလ်အိုဘားမား ကိုယ်တိုင်ရေးတဲ့ ဘဝမှတ်တမ်းစာအုပ်ဟာ ထုတ်ဝေပြီး ၁၅ ရက်အတွင်းမှာပဲ အမေရိကန်မှာ ဒီနှစ်အတွင်းအရောင်းရဆုံးစာအုပ် ဖြစ်သွားပါတယ်။

NPD BookScan ရဲ့ စာရင်းဇယားတွေအရ အမေရိကန် နဲ့ ကနေဒါမှာ အုပ်ရေ ၂ သန်းကျော် ရောင်းချရပြီးဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ဝေတဲ့ Penguin Random House က စာအုပ် ဘယ်လောက်အရေအတွက်ရောင်းထွက်ခဲ့သလဲ ဆိုတာ သောကြာနေ့တုန်းကကြေညာပါတယ်။

သြစတြေးလျ၊ ဗြိတိန်၊ ဂျာမနီ၊ ကိုရီးယား နဲ့ တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်းများစွာမှာလည်း ဒီစာအုပ်ဟာ အရောင်းရအမြင့်ဆုံးဖြစ်တယ်လို့ ထုတ်ဝေသူတွေ က ပြောပါတယ်။

ဒီစာအုပ်ကတဆင့် ပထမဆုံးအမေရိကန် အာဖရိကန် First Lady နဲ့ ပထမဆုံး အမေရိကန် အာဖရိကန် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်ကို မရောက်ခင်၊ ရောက်နေစဉ် နဲ့ ရောက်ပြီးနောက်ပိုင်း က သူတို့ရဲ့ ဘဝပုံရိပ်တွေကို တွေ့ရမှာပါ။

ကိုယ်ဝန်ပျက်ကျတုန်းကသူတို့စုံတွဲ ရင်ဆိုင်ကြရပုံတွေ ခံစားမှုတွေ သူတို့ ကလေးတွေ မာလီယာနဲ့ ဆာရှာ ကို ရလာအောင် IVF ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်စေတဲ့နည်းနဲ့ ပြုလုပ်ခဲ့ရတာတွေ အပါအဝင် အိမ်ထောင်ရေးဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း မစ္စက်အိုဘားမား က စာအုပ်ထဲမှာ ထည့်သွင်းရေးသားပါတယ်။

ဒေါ်နယ်ထရမ့် က သူမရဲ့ ခင်ပွန်း အိုဘားမားဟာ အမေရိကန်မှာ မွေးဖွားသူမဟုတ်ဘူး၊ ဒါကြောင့် အမေရိကန် ရဲ့ တရားဝင် သမ္မတမဟုတ်ဘူးဆိုတဲ့ မဟုတ်မမှန် လုပ်ကြံ ဇာတ်လမ်းကို ဖြန့်ခဲ့တာကြောင့် သူတို့ မိသားစု လုံခြုံရေးအရ စိတ်မချရတဲ့အထိ ဖြစ်ခဲ့ရတာမို့ ဘယ်တော့မှ ထရမ့်ကို ခွင့်မလွှတ်ဘူး လို့ အသက် ၅၄ နှစ် ရှိပြီဖြစ်တဲ့ သမ္မတကတော်ဟောင်း က စာအုပ်ထဲမှာ ရေးသားကာ ဝေဖန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment