Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 26, 2018
သွေးရိုးသားရိုးမဟုတ်တဲ့ ပြန်တွေ့တဲ့ကလေး အလောင်းမှာ ထူးခြားချက်များထွက်ပေါ်
VOA
# Unicode Version ဖြင့် ဖတ်ပါ #
ကြံစိုက်ခင်းထဲက ပျောက်သွားတဲ့ ကလေးဟာသွေးရိုးသားရိုးသေဆုံးမူ မဟုတ်ဘူးဆိုပြီးမိဘတွေက တိုင်ချက်ဖွင့်ပါပြီ ။ ကြံစိုက်ခင်းမှာ ပျောက်ဆုံးသွားတဲ့ ကလေးအလောင်းကို ဒီဇင်ဘာလ ၂၅ရက်နေ့မှာတွေ့ပြိးတဲ့နောက် မှာတော့ ဆေးရုံမှာစစ်ဆေးချက်အရ ကလေးခြေထောက်နဲ့ ဦးခေါင်းမှာဒဏ်ရာတွေ့ရှိရတယ်လို့ဆိုပါတယ်
ခြေထောက်တွေအရိုးတွေက ဟက်တက်ကွဲနေတာတွေကို တွေ့ရတယ်လို့ဆိုပါတယ် ။ သွေးရိုးသားရိုးသေဆုံးမူမဟုတ်ဘူးလို့ယူဆတဲ့ အတွက် ကလေးမိဘတွေက ကလေးသေဆုံးမူအတွက်တိုင်ချက်စဖွင့်ပါတယ်။
ကလေးဟာ ၅ကီလိုလောက်ထိ ဘယ်လိုမှ မသွားနိုင်ဘူးလို့သံသယရှိနေကြပါတယ် ။ဒိအတွက် အာဏာပိုင်တွေက ကြံစိုက်ခင်းက မြေကြီးတွေကို တူးဆွတဲ့ စက်မောင်းသူကိုသံသယနဲ့ ထပ်မံစစ်ဆေးနေပြန်ပါတယ် သူကို ပြီးခဲ့တဲ့ရက်ကလည်းစစ်ဆေးမူလုပ်ခဲ့တာပါ ။
ကလေးဟာဆော့ကစားရင်းနဲ့ကြံစိုက်ခင်းကမြေကြီးတူးစွတဲ့စက်မောင်းတဲ့သူက မတော်တဆ တိုက်မိသွားရာကနေ သူအလောင်းကိုများ ဆက်ပြိးဖျောက်ဖျက်သလားဆိုတာသံသယရှိနေတယ်လို့ဆိုပါတယ် ။
အဲဒီ ရက်က အဲဒီလူပျောက်နေတယ်လို့လည်း ကြံလုပ်သားတွေက ပြောတာကြောင့် သူကို စစ်ဆေးခဲ့တာပါ ဒီအတွက်ပြီးခဲ့တဲ့ ရက်က တော့ သူမောင်းခဲ့တဲ့စက်ကိုကောလူကိုကော ကလေးနဲပတ်သက်တဲ့ ဒီအန်အေစစ်ဆေးမူတွေလုပ်ခဲ့ပါတယ် အခုအလောင်းတွေ့ပြီးတဲ့နောက်သူကို ထပ်ပြီးစစ်ဆေးမူဆက်လုပ်နေပါတယ်။
အတူကစားသူ(၃)နှစ်ကလေးရဲ့ပြောကြားချက်အရ လူတဦးတယောက်က အဲဒီ မောင်လေးကို ဖက်နမ်းပြိးခေါ်သွားတယ်ဆိုတာမျိုး ကြံပင်ကြားကလက်ပဲထွက်ပြိးခေါ်သွားတယ်ဆိုတာမျိုးတွေပြောတာကြောင့် ကလေး စကားကိုသုံးသပ်ပြိး သံသယရှိတာကတော့ ကလေးကို ခိုးယူသွားပြီးမှ သတင်းကြီးလာလို့အစဖျောက်လေသလားဆိုတဲ့သံသယတွေပါ ။ထိုင်းအာဏာပိုင်တွေဘက်ကတော့ နိုင်ငံတော်အဆင့်မူခင်းစစ်ဆရာဝန်မကြီးေ ဒါက်တာပွန်ထစ်ကိုယ်တိုင်စစ်ဆေးမယ်လို့သိရပါတယ် ။SAW
ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်မှာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို သီတင်းတပတ်ကျော်အကြာမှာ ပြန်တွေ့ပြီဖြစ်ပေမယ့် အသက် ရှင်လျက်တော့ မဟုတ်တော့ပါဘူး။ ပျောက်ဆုံးသွားတဲ့နေရာနဲ့ မလှမ်းမကမ်းက ရေကန်ထဲမှာ သေဆုံးနေတဲ့ ကလေးရဲ့ ရုပ် အလောင်းကို ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ ရှာဖွေတွေ့ရှိတာဖြစ်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆူဖန်ဘူရီမြို့ပိုင်ကပြောပါတယ်။
ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် အတွင်းက ဧကပေါင်းရာနဲ့ချီ ကျယ်ဝန်းတဲ့ ကြံတောထဲမှာ ဒီဇင်ဘာလ ၁၇ ရက်မနက်ကတဲက ပျောက်ဆုံးသွားခဲတဲ့ နှစ်နှစ်သားအရွယ် မြန်မာကလေးငယ်ရဲ့ ရုပ်အလောင်းကို သူပျောက်ဆုံးသွားတဲ့နေရာနဲ့ ၅ ကီလိုမီတာ လောက်အကွာက ရေကန်ထဲမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်တွေ့တဲ့အကြောင်း အဲဒီနေ့ညနေပိုင်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဆူဖန်ဘူရီမြိုပိုင် ဝမ်ချိုင်းထနဝုန်က ပြောသွားတာပါ။
“ကျနော်တို့ ရှာဖွေလုပ်ငန်းစဉ်ကို ဒီနေ့လုပ်တဲ့အခါမှာ ပျောက်ဆုံးနေတဲ့ ကလေးကို ရှာေတွေ့သွားပါပြီ။ ကလေးပျောက်တဲ့ နေရာနဲ့ ငါးကီလိုအကွာမှာ ကလေးသေဆုံးနေတဲ့အလောင်းကိုတွေ့ရပါတယ် ။ ကလေးဟာ သာမန်သွေးရိုးသားရိုးနဲ့ သေဆုံးတာလား ၊လမ်းစပျောက်တာမျိုး သွားလာရင်သေဆုံးတာလား၊ တဦးတယောက်ကသတ်လိုက်လို့သေဆုံးတာလားဆိုတာ ကျနော်တို့ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
ကလေးရဲ့ အလောင်းကို ဆေးရုံကိုယူသွားပြီး ဆေးစစ်ချက်တွေယူရပါမယ်။ ကလေးက သေဆုံးသွားတာရက်နဲ့ချီကြာသွားပါပြီ ။ ဒီကလေး ဘယ်လိုသေဆုံးသွားသလဲဆိုတာကိုအလောင်းတွေတဲ့ နေရာကသက်သေအထောက်အထားတွေကို ကြည့်ပြီး ကျနော်တို့စစ်ဆေးနေပါတယ်။ မူခင်းဆိုင်ရာ ကျွမ်းကျင်သူတွေလည်း ပါဝင်ပါတယ်။”
ဒီကလေးပျောက်ဆုံးသွားပြီးတဲ့နောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ထိုင်းအာဏာပိုင်တွေက ရဟတ်ယာဉ်သုံး ရှာဖွေသလို ရေငုတ်သမားတွေ၊ လူအင်အားတွေ၊ ဆင်တွေ၊ အနံ့ခံ ခွေးတွေကိုသုံးပြီး ရှာဖွေခဲ့တာ ဖြစ်သလို ကြံကားတွေမောင်းတဲ့နေရာက စီစီတီဗွီမှတ်တမ်းတွေကိုကြည့်ပြီး မသင်္ကာဖွယ်ရာဖြစ်တဲ့ ကားသမားတွေကို စစ်ဆေးတာ၊ ကြံခင်းတဝိုက်က အိမ်တချို့ကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။အခုအခါမှာတော့ ကလေးဟာ သွေးရိုးသားရိုးသေဆုံးတာ ဟုတ်မဟုတ် ဆိုတာကို ဆက်ပြီး စစ်ဆေးသွားမယ်လို့ မြို့ပိုင်က ပြောဆိုသွားပါတယ်။
VOA
No comments:
Post a Comment