ယနေ့18-12-2018
မန္တလေးမဟာအောင်မြေတရားရုံးမှာ ဦးဝီရသူတပည့် ကိုကျော်မျိုးရွှေက တရားလိုပြုလုပ်ကာ
၆၆ ဃ နဲ့တရားစွဲဆိုခြင်းခံထားရတဲ့
Myanmar Now သတင်းအယ်ဒီတာချုပ်
ကိုဆွေဝင်းရဲ့ ၄၇ ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်
ဒီနေ့ရုံးချိန်းမှာဖြင့် တရားလိုဘက်က တင်သွင်းထားတဲ့ သက်သေ ဒုရဲအုပ်နိုင်မိုးအေးကို
ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က စစ်ဆေးမေးမြန်းမှုအချက်ပေါင်းများစွာ
မေးမြန်းစစ်ဆေးကြားနာခဲ့တာပါ ---
အကျဉ်းချုပ်လောက်ဘဲ ရေးသားဖေါ်ပြပေးပါ့မယ် "
တရားလိုပြသက်သေ ဒုရဲအုပ်နိုင်မိုးအေးကို ရှေ့နေဒေါ်ရွက်နုအောင်က ဒီအမှုမှာ ဆရာကဘယ်လိုပါဝင်ဆောင်ရွက်ခဲ့သလည်းလို့ စစ်ဆေးမေးမြန်းရာမှာတော့ ----
ဒုရဲအုပ်နိုင်မိုးအေးဟာ ကိုဆွေဝင်းအမှုရဲ့ အမှုစစ်စခန်းမှူး ရဲအုပ်ကျော်သူနဲ့အတူ အဖေါ်အဖြစ်လိုက်ပါဆောင်ရွက်ခဲ့သူ အမှုစစ်တစ်ဦးဖြစ်ပါသတဲ့ - ဝန်ခံထွက်ဆိုပါတယ်
ဒီအမှုတစ်ခုလုံးကို ရဲအုပ်ကျော်သူနဲ့အတူ
တွဲဘက်အမှုစစ်အဖြစ် သူဟာပါဝင်ခဲ့သူလည်း ဖြစ်ပါကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ် ---
အမှုကိုဆက်လက်စစ်ဆေးရာမှာတော့
ရှေ့နေဒေါ်ရွက်နုအောင်ရဲ့
ဥပဒေဘောင်အတွင်းက ဥပဒေအချက်အလက်အတိအကျနဲ့ မေးမြန်းစစ်ဆေးခဲ့ခြင်းတွေကို သူဟာ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့သလို အံ့သြစရာ ငြင်းချက်များကိုလည်း အခါခါ ပြုလုပ်သွားခဲ့ပါတယ်
ကိုဆွေဝင်းကို စွဲဆိုအမှုဖွင့်ထားတဲ့ မန္တလေးအမှတ် ၇ ရဲစခန်းက အမှုစစ်ဟာ ရန်ကုန်ကတရားခံကို နယ်ကျော်ဖမ်းဆီးခွင့်မရှိဘူးဆိုတာ သိပါသလားဆိုတာကို သိပါတယ်တဲ့ ဒါဆိုကျင့်ထုံးဥပဒေကို သိပါသလားဆိုတော့လည်း သိပါတယ်တဲ့ သိပါရက်နဲ့ သွားဖမ်းတာဟာ ဟုတ်ပါသလားဆိုပါက --- ဟုတ်ပါတယ်တဲ့ မှန်ကန်ပါသည်တဲ့ ---ဆရာ့အနေနဲ့ကျင့်ထုံးဥပဒေကို ဖေါက်ဖျက်မိသွားတယ်ဆိုတာကိုလည်း သိပါသလားဆိုတော့ မသိပါဘူးတဲ့ ---
စခန်းမှူးဘဲ သိပါလိမ့်မယ်တဲ့ ---
ကဲ လွဲပြန်ပြီ ---
ဘုန်းကြီးတစ်ပါးက ရေးသားတင်ပြထားတဲ့ ဦးဝီရသူ ပါရာဇိက ကျနေပါပြီလို့ မိန့်ဆိုရေးသားခြင်းမှတဆင့် သတင်းပွါးယူရေးသားသူ
Myanmar Now သတင်းထောက် ထက်ခေါင်လင်းက ရေးသားထားတာကို ကိုဆွေဝင်းက ထပ်မံ၍ Share လုပ် ရေးသားထားတာကိုကော သိပါသလားဆိုတော့
ဒါလည်းမသိပါဘူးတဲ့ ---
ကိုဆွေဝင်းမူရင်းရေးသားထားတာကိုတော့
သိပါတယ်တဲ့ --
ကိုဆွေဝင်းဆီကနေပရင့်ထုတ်ပြီး စစ်ဆေးသိမ်းဆည်းယူဆောင်လာပါတယ်တဲ့
ဒါဆို ဆရာက အမှုစစ်ဆိုတော့ တရားလိုဘက်ကတင်သွင်းထားတဲ့ သက်သေတိုင်စာတွေမှာ ဆရာသိမ်းဆည်းထားသလိုမဟုတ်ဘဲ စာတွေပုံတွေဖြည့်စွတ် ပါနေတာကော သိပါသလားဆိုတော့ ( ဒုရဲအုပ်ကိုလည်း ရှေ့နေဒေါ်ရွက်နုအောင်က သက်သေစာရွက်လွဲချော်မှုတွေကို ထောက်ပြရင်း )
မသိပါဘူးတဲ့ ---စခန်းမှူးဘဲ သိပါလိမ့်မယ်တဲ့
ဒါနဲ့ ရှေ့နေကပြောတယ်
ဆရာ" ဝါကျမေးခွန်းကို သေခြာနားလည်အောင်ဖတ်ပါ
ဆရာဘဲအမှုစစ်အဖြစ် သက်သေစာရွက်တွေကို စစ်ဆေးသိမ်းဆည်းလာပြီး သိပါတယ်ဖြေထားပြီးသားကို အခု မသိပါဘူးဖြေနေတာလားလို့ ရှေ့နေဒေါ်ရွက်နုအောင်ကမေးတော့ မဆီမဆိုင် တရားရုံးက အစိုးရဥပဒေဝန်ထမ်းတွေကို မေးငေါ့အကူအညီတောင်းတယ်
ငေါက်ခနဲဆို ခေါင်းထောင်ကြည့်လျှက်
တရားရုံအစိုးရ ဥပဒေအရာရှိ ဆွဲချတွေက ငေါက်ပါလေရော ဒါက ကျုပ်တို့လာမတိုင်ပင်နဲ့ ခင်ဗျားဖြေရမှာဆိုတော့ ဗလုံးဗထွေးနဲ့ မသိပြန်ပါဘူးတဲ့ ----
ကဲ လွဲပြန်ပြီ အစက သိပါတယ်တဲ့ နောက်မသိပါတဲ့---
နောက်တစ်ခါ ရှေ့နေဒေါ်ရွက်နုအောင်ကမေးတယ်
ဒီအမှုဟာ ရှေ့နေဦးကိုနီအသတ်ခံရမှုကနေ အစပျိုးဖြစ်တည်လာတယ်ဆိုတာကော သိပါသလားဆိုတော့ မသိပါဘူးတဲ့---
ဲဒီနိုင်ငံကျော်အမှုကြီးမှာ ပြည်ထဲရေးဝန်ကြီးဌါနက သတင်းစာရှင်းလင်းပွဲလုပ်တာကိုကော ပြည်ထဲရေးဝန်ထမ်းဒုရဲအုပ်တစ်ယောက်အနေနဲ့
သိပါသလားဆိုတာကိုလည်း မသိပါဘူးတဲ့
သံဃာ့နာယကအဖွဲ့ချုပ်က မဘသအဖွဲ့ဟာ တရားမဝင်ဖွဲ့စည်းထားတာဖြစ်သည့်အတွက် ဖျက်သိမ်းကြောင်း တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း စည်းဝေးဆုံးဖြတ်ထုတ်ပြန်ထားတာ သိပါသလားဆိုတာကိုလည်း မသိပြန်ပါသတဲ့
နောက် သာသနာရေးဝန်ကြီးဌါနက
သဘောထားထုတ်ပြန်ထားတဲ့ ပါရာဇိကကျခြင်းမကျခြင်းထုတ်ပြန်ချက်ကိုကော သိပါသလားဆိုတာလည်း မသိပါဘူးတဲ့ ---
သုံးနာရီလောက်ကြာတဲ့ စစ်ဆေးမေးမြန်းမှုကြားမှာ
တရားလိုပြသက်သေ ဒုရဲအုပ်နိုင်မိုးအေးဟာ
လူဆိုးလူမိုက်တွေကို သူကျင်လည်ကျွမ်းကျင်ရာနေရာမှာ
နည်းမျိုးစုံနဲ့ စစ်ဆေးမေးမြန်းသူ သူရဲကောင်းကြီးဖြစ်ခဲ့ပေမဲ့
ဒီနေ့ကိုဆွေဝင်းရဲ့ရှေ့နေဒေါ်ရွက်နုအောင်ရဲ့
စစ်ဆေးမေးမြန်းမှုအောက်မှာတော့ သူ့အဖြေ သူ့ဝန်ခံချက်တွေကြားမှာ ခြာခြာလည်ကာ သွေးပျက်သွားသောယုန်သူငယ်ပမာ
တွေ့မြင်လိုက်ရပါတော့တယ်---
ရှေ့နေဒေါ်ရွက်နုအောင်ရဲ့
ဥပဒေအချက်အလက်ကျကျ
အချက်ကျကျအမေးအမြန်း
စကားအထားအသို
အချက်ကျကျ လေယူလေသိမ်း
အချက်ကျကျကြားမှာ
ချီပြီးတုပ်ပြီးအမေးအဖြေ စစ်ဆေးချက်များကြားမှာ
ဒုရဲအုပ်နိုင်မိုးအေးခမျှာ ရှေ့မှာ သိပါတယ် ဝန်ခံထွက်ဆိုထားပြီး
နောက်ပိတ်မှာ မသိပါဘူးဖြစ်လိုက်
စခန်းမှူးဘဲသိလိမ့်မယ်လို့ လွှဲချလိုက် နောက်မေးခွန်းပေါင်းများစွာမှာလည်း ရှေ့မှာ သိပါတယ် ဟုတ်ပါတယ် မှန်ကန်ပါတယ် ဖြေထားလိုက် နောက်ပိတ်ရောက်တဲ့ခါ မသိပါဘူး စခန်းမှူးဘဲသိပါလိမ့်မယ်ဲဖြစ်သွားလိုက် ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းနာရီကို ရုံးချိန်းနားချိန် တစ်နာရီထိုးပြီလားထုတ်ကြည့်လိုက်
အောက်ကသူ့ခြေထောက်အခြင်းခြင်း ကြက်ခြေခတ်တွေလုပ်လိုက် သက်ပြင်းတွေအခါခါချလိုက်နဲ့ ဒူးထောက်အရှုံးမပေးရုံတမယ် တရားရုံးထဲကထွက်မပြေးရုံတမယ် ဖြစ်လို့နေပါတော့တယ် ----
ဒေါ်ရွက်နုအောင်က ဒုရဲအုပ်နိုင်မိုးအေးကို ဖွဖွလေးပြောလိုက်တာ ကြားလိုက်ရတယ်
ဘာတဲ့ "ဆရာရယ်မကြောက်ပါနဲ့တဲ့ ---
ဒီလိုတွေကြုံတွေ့နေရတဲ့အခါ တရားလိုရှေ့နေ ဦးဇော်ဝိတ်က ဒေါ်ရွက်နုအောင်ကို ရန်လိုအငြင်းအခုံ ထ'ပြီးလုပ်ခဲ့ပါသေးတယ် --
ဒေါ်ရွက်နုအောင်က ခပ်မာမာနဲ့ဘဲ ကျမမေးမြန်းစစ်ဆေးနေတာတွေက အငြင်းပွါးစရာမပါ ပါဘူး
တစ်ကယ်လို့ပါနေရင်တောင်မှ အစိုးရတရားရုံးဥပဒေအရာရှိကနေတစ်ဆင့်ဘဲ ကန့်ကွက်တားဆီးရမှာပါ ဆရာ့အနေနဲ့ ထ'ပြီးအငြင်းပွါးခွင့်မရှိပါဘူး လို့လည်းဆိုလိုက်ရော တရားရုံးဥပဒေအရာရှိဝန်ထမ်းရဲ့
အမှန်တစ်ကယ်ကန့်ကွက်တားဆီးခြင်း
ခံလိုက်ရတာကတရားလိုကျော်မျိုးရွှေရဲ့ရှေ့နေကြီးဦးဇော်ဝိတ်ကြီးဖြစ်သွားရရှာ ---
ထပ်မံ၍ ဒေါ်ရွက်နုအောင်က တရားသူကြီးကို ရိုသေစွာနဲ့ တရားသူကြီးရှင့် "ကျမက တရားရုံးကျင့်ထုံး ၄၃ အရ စစ်ဆေးမေးမြန်းနေတာဖြစ်သည့်အတွက် တစ်ဖက်ရှေ့နေရဲ့ တရားရုံးမထေမဲ့မြင်ယခုလုပ်ရပ်ကို တင်ပြတိုင်ကြားပါတယ်ရှင့်လို့လည်းဆိုလိုက်တဲ့ခါ
တရားသူကြီးအပါအဝင်တရားရုံးတစ်ခုလုံး မီးကိုရေနဲ့ငြှိမ်းလိုက်သလို ငြိမ်ကျသွားပါလေရော
ပြီးခဲ့တဲ့ကိုဆွေဝင်းအမှုချိန်းမှန်သမျှမှာ စိတ်ပါဝင်စားမှုနည်းခဲ့တဲ့ တရားသူကြီးခမျှာလည်း ရှေနေဒေါ်ရွက်နုအောင်ရဲ့
ဥပဒေကို ပိုင်နိုင်ကျွမ်းကျင်စွာ မွေးရာပါထူးချွန်ထက်မြတ
်ဥာဏ်ပညာထက်ထက်ကြားမှာ မျက်တောင်မခပ်နိုင် ပါးစပ်အဟောင်းသားနဲ့ အမှုစစ်ဆေးပြီးသည်အထိ
ငေးပြီးနားထောင်ခဲ့ရတဲ့အထိပါဘဲ ----
၂၀၀၈ ခြေဥစာအုပ်အစိမ်းကြီးကိုတောင် အရည်ကျိုသောက်မတတ် ကျွမ်းကျင်နားလည်ထားတဲ့
ရှေ့နေဒေါ်ရွက်နုအောင်ကို
လျှော့တွက်မိရင် မှားကြမပေါ့ဗျာ ----
အခကြေးငွေမယူဘဲ မေတ္တာဖြင့်ကူညီပေးတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ဟာ
မတရားခံနေရရှာတဲ့ကိုဆွေဝင်းအတွက် ဆုလာဘ်တစ်ခုဖြစ်ပါတယ် ----
လူတန်းစားမရွေး အမှန်တရားဘက်ကရပ်တည်တတ်တဲ့
ရုပ်ရည်ချောမော နှစ်လိုဖွယ်အပြော ပင်ကိုယ်ဥစ္စာပေါ မနောဖြူတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ဟာ
ဘယ်လို လူတန်းစားလည်းဆိုတာ
အချိန်တန်တဲ့ခါ ထုတ်ဖေါ်ရေးသားပြပါအုံးမည် ---
ဒီနေ့ရုံးချိန်းမှာတော့ တရားစွဲဆိုခံထားရတဲ့ ကိုဆွေဝင်းအပါအဝင် ကျနော်တို့ဝန်းရံသူညီအစ်ကိုမောင်နှစ်မများ
ခမျှာလည်း နှစ်ထောင်းအားရဖြစ်ခဲရ ---
MyanmarNowသတင်းအယ်ဒီတာချုပ်
ကိုဆွေဝင်းကိုယ်တိုင် ကျနော့်တစ်သက်မှာ
ဒီလို အချက်ကျကျ ဒီလိုအဆင့်မြင့်မြင့် အဆင့်ရှိရှိစစ်ဆေးမေးမြန်းမှုမျိုး
မကြားဖူးသေးပါ မကြုံဖူးသေးပါလို့ ဂုဏ်ယူစွာထုတ်ပြောခဲ့ပါတယ် ---
ကျနော်တို့လည်းမကြုံခဲ့ဖူးပါ ---
ထက်မြတ်လှသော ရှေ့နေဒေါ်ရွက်နုအောင်နှင့်အတူ ရှေ့လာမဲ့2-1-2019 ၄၈ ကြိမ်မြောက်ရုံးချိန်းကို
စောင့်ကြိုလျှက် ---------
#လောကပါလ
MDY ONLINE ရင်ဘက်တူမောင်နှစ်မတစ်စု
.....................
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 18, 2018
ဦးဝီရသူတပည့် တရားလိုကျော်မျိုးရွှေရဲ့ တရားလိုပြသက်သေ ဒုရဲအုပ်နိုင်မိုးအေးကို အလဲထိုးအနိုင်ယူပြလိုက်တဲ့ ရှေ့နေဒေါ်ရွက်နုအောင်
ဦးဝီရသူတပည့် တရားလိုကျော်မျိုးရွှေရဲ့ တရားလိုပြသက်သေ ဒုရဲအုပ်နိုင်မိုးအေးကို အလဲထိုးအနိုင်ယူပြလိုက်တဲ့ ရှေ့နေဒေါ်ရွက်နုအောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 18, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 18, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment