Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 28, 2018

တရားရှုမှတ်ရင်း ရောဂါပျောက်ပုံ လက်တွေ့ပြ


❂ ဝိပဿနာတရား အားထုတ်သဖြင့်
ရောဂါမျိုးစုံ ပျောက်ကင်းပုံကို တော်ကူးဆရာတော် သည် ကိုယ်တိုင်ပင် နမူနာပြခဲ့သည်။

နောက်ဆုံး လေဖြတ်ခံရပြီး ရောဂါဖိစီးနေသဖြင့် တရားမဟောနိုင်၊ မပြောပြနိုင်သည့်အခါမှာပင် လေးလံလှသည့် မိမိ ခန္ဓာကိုယ်ကို ဝိုင်းဝန်းထူမပေး စေပြီးနောက် လက်တွေ့တရားရှုပြ တော်မူခဲ့သည်။

❂ မဟာစည်ရိပ်သာတွင်ရှိစဉ်
နံနက်အာရုံဆွမ်းမဘုန်းမီ ကုတင်ပေါ်မှ လိမ့်ကျခဲ့၏။ ထို့ကြောင့် နေ့ဆွမ်းစားပြီး ပြန်လာချိန်တွင် ခြေထောက် ထော့နင်းထော့နင်း ဖြစ်နေ၍ ဆွမ်းကျွေးတဲ့ဒကာက အကဲခတ်မိလို့ မေးလျှောက်တော့ ဘုန်းကြီးခြေထောက် အကြီးအကျယ်ရောင်နေတာ မြင်တွေ့သွားတော့ …

❂ “အရှင်ဘုရား အရိုးကျိုးသွားသလား မသိဘူး။ အရိုးကုဆေးရုံကို တပည့်တော် ပို့ပေးပါရစေဘုရား” ဟု လျှောက်ရာ ဆရာတော်က “ဒကာကြီး မပို့ပါနှင့် ဘုန်းကြီးတရားဆေးနဲ့ ကုပါ့မယ်”ဟု ပြောရာ ဒကာက“အရှင်ဘုရား ဆေးရုံမကြွချင်ရင် နှိပ်တတ်တဲ့ အနှိပ်သည်တစ်ဦး တပည့်တော်ခေါ်ပေးပါ့မယ်ဘုရား၊ တစ်ခါနှိပ်ရင် ကျပ်သုံးလေးဆယ်ပေးရသတဲ့” ဟု လျှောက်ရာ ဆရာတော်က “မခေါ်ပါနဲ့”လို့ ပြောလိုက်တယ်။

❂ ထို့နောက် မဟာစည်ရိပ်သာမှာရှိတဲ့ ဆရာဝန်မတစ်ဦးက ခြေထောက်ကို
ဆေးလိမ်းပေးသည်။ ဒါပေမယ့် မသက်သာပါဘူး။ ဆရာဝန်မ လုပ်စရာရှိတာကို လုပ်ပြီးတဲ့အခါ ဆရာတော်က “သွားကြတော့” လို့ ပြောလိုက်ပြီး တည်းခိုတဲ့ အခန်းတံခါးကို ပိတ်လိုက်၍ ဆရာတော် မတ်တပ်ရပ်တဲ့ ဣရိယာပုဒ်နှင့် တရားရှုမှတ်နေသည်။

❂ နေ့လည်ကနေ ညနေစောင်းအထိ
(၆)နာရီကြာအောင် တရားရှုမှတ်တဲ့အခါ ဝေဒနာ အကြီးအကျယ် (၃)ကြိမ်ပေါ်သည်။ ပထမက ခြေထောက်ခေါက်တဲ့နေရာမှာ ခြေထောက် ပြတ်သွားမတတ်အောင် ဝေဒနာအကြီးအကျယ် ပေါ်လာသည်။
ဝေဒနာပေါ်လေ ဘုန်းကြီးကြိုက်လေပဲ။

❂ ဒီဝေဒနာကို
ကျော်လွန်နိုင်အောင် ဘုန်းကြီး ရှုမှတ် နိုင်လျှင် ရောဂါသက်သာသွားမယ်ဆိုတာဘုန်းကြီးသိတယ်။
ဘုန်းကြီး အတွေ့အကြုံက ပြောပြနေတယ်လေ။
ဒါကြောင့် ဘုန်းကြီးမလှုပ်ဘူး။ ဣရိယာပုဒ်မပြောင်းပဲ တင်းတင်းရင်းရင်းနဲ့ ရှုမှတ်နေတယ်။

ဝေဒနာက ခြေထောက်ပြတ်ထွက်မတတ် နာလွန်းလို့ ကိုယ်ပါ သိမ့်သိမ့်တုန်နေတယ်။ ဘယ်လိုနာနာ ဘယ်လောက်နာနာ ဘုန်းကြီးအမှတ်မလျော့ဘူး။
လျော့လိုက်ရင် ဘုန်းကြီးဈေးပျက်သွားမှာပေါ့။

❂ သေလည်းပြီးရောဟု ဘုန်းကြီးစိတ်ကို
တင်းထားကာ ပူနေတဲ့နေရာမှာ “ပူတယ်၊ ပူတယ်” နာတဲ့နေရာမှာ “နာတယ်၊ နာတယ်”လို့ ဝေဒနာမှာ စိတ်စူးစိုက်ပြီး တစ်နာရီပြီးတစ်နာရီ တရားကို မတော်ပဲရှုမှတ်နေသည်။ ထို့နောက် ပူတာဟာ တဖြေးဖြေးအေးလာပြီး နာတာလည်း တစ်စစ သက်သာလာတယ်။

သို့သော် နည်းနည်း ကျန်သေးသည်။
အဲဒီနည်းနည်းကျန်နေတာက တရားခေါ်နေတာပါ။
ဝေဒနာအကုန်ကင်းစင် အေးငြိမ်းသွားအောင် မှတ်ရမယ်။

❂ ဒုတိယအကြိမ်၌
ပေါင်ရင်းမှာ အကြီးအကျယ် နာလာပြန်သည်။ ပေါင်ပြတ်ထွက်မတတ်အောင် ရှုမှတ်ပြီးတော့ တတိယအကြိမ်မှာ ရင်ဘတ်အောင့် လာပြန်တယ်။ တစ်ကိုယ်လုံးလည်း အနာထုံလာတယ်။

ထိုသို့ သုံးကြိမ်၊ သုံးနေရာ အကြီးအကျယ် ဝေဒနာပေါ်ပြီးနောက် ဝေဒနာ ပျောက်သွားအောင် စိတ်ကိုစူးစိုက် တင်းတင်းရင်းရင်းနှင့် ရှုမှတ်လိုက်တယ်။ သေးသေးမွှားမွှား နာတာလည်းမရှိတော့ဘူး။
တစ်ကိုယ်လုံး အေးငြိမ်းပြီး ချမ်းသာနေတယ်။ ဘုန်းကြီးမတော်ပဲ နောက်ထပ်(၉)နာရီကြာ အာရုဏ်တက်တဲ့အထိ ဘုန်းကြီး ဆက်မှတ်နေတယ်။

❂ မိုးလင်းတော့ ဒီအနာသက်သာသွားပြီးဖြစ်လို့
ဘုန်းကြီး လမ်းကောင်းကောင်းလျှောက်လို့ရပြီ။
ဘုန်းကြီး မဟာစည်ဆရာတော်ထံသွားပြီး အကြောင်းအကျိုး လျှောက်ပြတယ်။ (၁၅)နာရီလောက် ဣရိယာပုဒ်မပြင်ပဲ ရှုမှတ်လိုက်တာ ရောဂါသက်သာ ပျောက်ကင်းသွားပြီးလို့ လျှောက်ရာ မဟာစည်ဆရာတော်ဘုရားကြီးက သာဓု(၃)ကြိမ် ခေါ်တော်မူသည်။

တော်ကူးဆရာတော်ဘုရားကြီး

❁ အပ္ပမာဒေန သမ္မာဒေထ ❁
✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦

ကိုယ့်စိတ်ကိုယ်စစ် ဝိပဿနာရိပ်သာ

No comments:

Post a Comment