Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

ခေါင်းဆောင်ဆိုတာ ....(ဒေါ်အောင်ဆန်းစုကြည်)

ခေါင်းဆောင်လုပ်တယ်ဆိုတာ အခုဆိုရင် ကျွန်မတို့ ဟာ အာဏာရှင်စနစ်အောက်မှာ အနှစ် (၃၀) မကဘူး။ ၆၂ ခုနှစ်ကတည်းက စမယ်ဆိုရင် အနှစ် (၅၀) ကျော်ပေါ့နော်။ (၅၀) ကျော်ဆိုတာ နည်းတာမဟုတ်ဘူး။
ရာစုနှစ်တစ်ခုရဲ့  တစ်ဝက်ကျော်ဟာ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတော့ ခေါင်းဆောင်ဆိုတဲ့ အဓိပ္ပါယ်ကို တချို့ က သိတ်မသိကြဘူး။ `ခေါင်းဆောင်ဆိုတာ ရှေ့ ကနေပြီးတော့ အခွင့်အရေးအများဆုံးယူတာလို့ ´ ဒီလိုပဲ မြင်ကြတယ်။ ဒါလည်း အမှန်အတိုင်းပဲ။ အဲဒီလို ဖြစ်ခဲ့တယ်။
`ခေါင်းဆောင်အမိန့် ဆိုရင် အားလုံးနာခံရမယ်- ခေါင်းဆောင်ကြိုက်တာ လုပ်ရမယ်- ပြန်ပြီးမမေးရဘူး- မှားလား မှန်လား- လုပ်သင့်လား မလုပ်သင့်ဘူးလား စဉ်းစားစရာကိုမလိုဘူး။ အဲဒါကို ခေါင်းဆောင်လို့  မြင်နေကြတယ်´ ။

အဲဒါ တကယ့်ခေါင်းဆောင် မဟုတ်ပါဘူး။ ဒါကတော့ အာဏာနဲ့ ယူထားတဲ့ ခေါင်းဆောင်များရဲ့ လုပ်ရပ်ပါပဲ။ အဲဒီတော့ ကျွန်မတို့ အားလုံး ဒါတွေကို ပြင်ယူရမယ်။
ခေါင်းဆောင်ဆိုတာ - ပြည်သူကို လုပ်ကျွေးဖို့ ။ ပြည်သူ့ ဝန်ကို ထမ်းပေးဖို့ ။ တာဝန်ကျေအောင် လုပ်ဖို့ ။ ပြည်သူ့ ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ # ဒီလိုပဲ ဖြစ်ရမယ်။

ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment