Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 15, 2018

ေလယာဥ္ပ်က္က်ေတာ့မယ့္ အခ်ိန္မွာ တန္ခိုးျပ ကာကြယ္ေပးခဲ့တဲ့ ေတာင္ပုလုဆရာေတာ္ဘုရားၾကီး၏ ကမၻာေက်ာ္ ျဖစ္ရပ္

လြန္​ခဲ့တဲ့ ၃၈ ႏွစ္​​ေလာက္​ကထူးျခားျဖစ္​စဥ္​တခုပါ. . . ဘာသာေရးႏွင့္ဆက္ႏြယ္ေသာ အေထြေထြ ဗဟုသုတ မႏၱေလးတိုင္းေဒသႀကီးမိတၳီလာျမိဳ႕အနီးရွိ ေတာင္ပုလုေတာရရိပ္သာတြင္ သီတင္းသံုးေနထိုင္ခဲ့ေသာ ေတာင္ပုလုဆရာေတာ္ဘုရားႀကီးသည္ တစ္ခ်ိန္က ရဟႏၱာဟုထင္ေပၚေက်ာ္ၾကားခဲ့သည္။

ရတနာသံုးပါးကို ယံုၾကည္ကိုးကြယ္လာသူတစ္ေယာက္အေၾကာင္းအပါအ၀င္စာအုပ္ေပါင္းမ်ားစြာကိုေရးခဲ့သူစာေရးဆရာဒါရိုက္တာဦးဆန္းလြင္သည္ ေတာင္ပုလုဆရာေတာ္ဘုရားႀကီးကိုအေၾကာင္းျပဳ၍ ဗုဒၶဘာသာသို႔ကူးေျပာင္းကာ အရွင္အာဒိစၥရံသီ ဘြဲ႔အမည္ျဖင့္ရဟန္း၀တ္ျပီး ျမန္မာျပည္အႏွံတရားမ်ား လွည့္လည္ေဟာခဲ့ပါသည္။ ပ်ဥ္းမနားမဟာျမိဳင္ဆရာေတာ္ဦးေဇာတိကသည္လည္း ဆရာေတာ္ႀကီးကိုအေၾကာင္းျပဳ၍ ဘာသာကူးေျပာင္းကာရဟန္း၀တ္ျပီး စာအုပ္ေပါင္းမ်ားစြာေရး၍ ကမာၻ႔ႏိုင္ငံအသီးသီးကို လွည့္လည္တရားေဟာခဲ့ပါသည္။


1970 ခုႏွစ္ေက်ာ္၀န္းက်င္ေလာက္ကအေမရိကန္ကို ပ်ံသန္းတဲ့ေလယာဥ္တစ္စီးဟာေကာင္းကင္ယံမွ ပ်က္က်လုဆဲဆဲ ျဖစ္ခဲ့တယ္ ။ အဲ့ဒီအခ်ိန္မွာဘဲ ေလယာဥ္မူးႏွစ္ဦးဟာ ေလယာဥ္ဦးေခါင္းေရွ႕တည့္တည့္မွာ သကၤန္း၀တ္နဲ႔ရဟန္းေတာ္တစ္ပါးကိုျမင္လိုက္ရျပီး ေလယာဥ္ပ်ံဟာ ရုတ္တရက္ျပန္လည္ေကာင္းသြားျပီး အေမရိကန္ကို ေခ်ာေမာစြာျပန္လည္ေရာက္ရွိခဲ့ပါတယ္။ အဲ့ဒီသတင္းကိုအေမရိကန္သတင္းစာမွာ ဟိုးေလးတစ္ေက်ာ္ျဖစ္ခဲ့ျပီး ျမန္မာရဟန္းေတာ္တစ္ပါးက ေလယာဥ္ကိုကယ္တင္ခဲ့ေၾကာင္းအက်ယ္တစ္၀န္း ေရးသားဂုဏ္ျပဳၾကတယ္။

အဲ့ဒီအျဖစ္အပ်က္ကိုအဲ့ဒီေလယာဥ္မွာပါတဲ့ခရီးသည္ေတြေတာင္မသိလိုက္ဘူးတဲ့ အဲ့ဒီေလယာဥ္မွာပါတဲ့ျမန္မာႏိုင္ငံက သစ္ကုန္သည္ ေဒၚခင္၀င္းဆိုသူဟာ အံၾသျပီး အေမရိကန္ကို အဲ့ဒီေန႔က ထြက္တဲ့ ေလယာဥ္ရဲ႕ ခရီးစဥ္ကိုလွမ္းစံုစမ္းၾကည့္ေတာ့ အဲ့ဒီေန႔ကခရီးသည္ေတြမွာ ျမန္မာႏိုင္ငံသားႏွစ္ဦးပါျပီး တစ္ဦးက ေဒၚခင္၀င္းျဖစ္ကာ တစ္ျခား တစ္ဦးက ေတာင္ပုလုဆရာေတာ္ႀကီးပါတဲ့ ။ ေဒၚခင္၀င္းဟာ ေတာင္ပုလုဆရာေတာ္ဘုရားႀကီးပံုကို ေလယာဥ္မႈးေတြကိုျပတဲ့အခါ ေလယာဥ္ဦးေခါင္းပိုင္းမွာ ရပ္ျပီး ေလထဲမွာ သကၤန္းတလူလူနဲ႔လြင့္ေနတာ အဲ့ဒီရဟန္းေတာ္ပါတဲ့။ အဲ့ဒီ ေလယာဥ္မႈးေတြရဲ႕ေက်းဇူးေၾကာင့္ အေမရိကန္မွာ ေတာင္ပုလုတရားစခန္းတစ္ခု ဖြင့္လွစ္ေပးျပီး ခုအခ်ိန္ထိသာသနာျပဳေနၾကပါတယ္။
SNM Media

Unicode ျဖင့္ဖတ္ရန္

လွန်​ခဲ့တဲ့ ၃၈ နှစ်​​လောက်​ကထူးခြားဖြစ်​စဉ်​တခုပါ. . . ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေ ဗဟုသုတ မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့အနီးရှိ တောင်ပုလုတောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟုထင်ပေါ်ကျော်ကြားခဲ့သည်။

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်းအပါအဝင်စာအုပ်ပေါင်းများစွာကိုရေးခဲ့သူစာရေးဆရာဒါရိုက်တာဦးဆန်းလွင်သည် တောင်ပုလုဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာသို့ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများ လှည့်လည်ဟောခဲ့ပါသည်။ ပျဉ်းမနားမဟာမြိုင်ဆရာတော်ဦးဇောတိကသည်လည်း ဆရာတော်ကြီးကိုအကြောင်းပြု၍ ဘာသာကူးပြောင်းကာရဟန်းဝတ်ပြီး စာအုပ်ပေါင်းများစွာရေး၍ ကမ္ဘာ့နိုင်ငံအသီးသီးကို လှည့်လည်တရားဟောခဲ့ပါသည်။

1970 ခုနှစ်ကျော်ဝန်းကျင်လောက်ကအမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့တယ် ။ အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးဟာ လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ရဟန်းတော်တစ်ပါးကိုမြင်လိုက်ရပြီး လေယာဉ်ပျံဟာ ရုတ်တရက်ပြန်လည်ကောင်းသွားပြီး အမေရိကန်ကို ချောမောစွာပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီသတင်းကိုအမေရိကန်သတင်းစာမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာရဟန်းတော်တစ်ပါးက လေယာဉ်ကိုကယ်တင်ခဲ့ကြောင်းအကျယ်တစ်ဝန်း ရေးသားဂုဏ်ပြုကြတယ်။

အဲ့ဒီအဖြစ်အပျက်ကိုအဲ့ဒီလေယာဉ်မှာပါတဲ့ခရီးသည်တွေတောင်မသိလိုက်ဘူးတဲ့ အဲ့ဒီလေယာဉ်မှာပါတဲ့မြန်မာနိုင်ငံက သစ်ကုန်သည် ဒေါ်ခင်ဝင်းဆိုသူဟာ အံသြပြီး အမေရိကန်ကို အဲ့ဒီနေ့က ထွက်တဲ့ လေယာဉ်ရဲ့ ခရီးစဉ်ကိုလှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့ကခရီးသည်တွေမှာ မြန်မာနိုင်ငံသားနှစ်ဦးပါပြီး တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြား တစ်ဦးက တောင်ပုလုဆရာတော်ကြီးပါတဲ့ ။ ဒေါ်ခင်ဝင်းဟာ တောင်ပုလုဆရာတော်ဘုရားကြီးပုံကို လေယာဉ်မှုးတွေကိုပြတဲ့အခါ လေယာဉ်ဦးခေါင်းပိုင်းမှာ ရပ်ပြီး လေထဲမှာ သင်္ကန်းတလူလူနဲ့လွင့်နေတာ အဲ့ဒီရဟန်းတော်ပါတဲ့။ အဲ့ဒီ လေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာ တောင်ပုလုတရားစခန်းတစ်ခု ဖွင့်လှစ်ပေးပြီး ခုအချိန်ထိသာသနာပြုနေကြပါတယ်။

No comments:

Post a Comment