Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 28, 2018

ဂျူး နဲ့ မြန်မာ


• ဂျူးတွေ စာအရမ်းတက်တယ် ..
- မြန်မာတွေ ဘွဲ့ အရမ်းမက်တယ်...

• ဂျူးမိသားစုတွေမှာ မိဘတွေကသားသမီးတွေကို စာဖတ်ကျင့်ရအောင် ငယ်စဉ်အရွယ်ကလေးဘဝကတည်းက ကိုယ်ပိုင်စာကြည့်ခန်းလေး ဖန်တီးပေးတယ်...
မြန်မာမိသားစုတွေမှာ မိဘတွေကိုယ်တိုင်က စာမဖတ်ဘူး....
-

• ဂျူးတွေက သူတို့ငွေကို ရင်းနှီးမြှုပ်နှံခြင်းဖြင့်တိုးပွားစေတယ်
- မြန်မာတွေက ငွေကိုစုခြင်းအားဖြင့် ကိုယ့်အတွက် ကျန်တယ်လို့ ယုံကြည်ကျတယ်..
-
• ဂျူး ဖေဖေတွေက တစ်ပါတ်တစ်ခါ မိသားစုအစည်းအဝေး
လုပ်တယ်.. သားသမီးတွေ မိဘအပေါ် အမြင်မရှင်းတာတွေ ဆွေးနွေးချင်တာတွေ၊ တောင်းဆိုချင်တာတွေအတွက် ရည်ရွယ်တယ်..
- မြန်မာ ဖေဖေတွေက အိမ်ဦးနတ်ဖြစ်တယ်. မိသားစုအာဏာဆိုတာ သူ့ဆီက မြစ်ဖျား ခံတယ်..သားသမီးတွေရဲ့ ရှင်းပြချက်ကို နားမထောင်တက်ဘူး..'နင်ကအဖေလားငါကအဖေလား' ဆိုသူတွေများတယ်။
ပြန်မပြောနဲ့ငရဲကြီးတက်တယ်လို့ ပြောပြီး ကလေးတွေရဲ့ကျိုးကြောင်းဆင်ခြင်ဉာဏ်ကို ပိတ်ပစ်တယ်... သားသမီးတွေကို
အရာမသွင်းဘူး..
ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်လို ဆက်ဆံတယ်...မိသားစုကိစ္စကို
ပေးမသိ၊ အကြံမယူတာ များတယ်။
ကြီးခါမှ
သားသမီးကို တာဝန်တွေ အလုံးလိုက်ပုံ
ချတက်တယ်။
ကလေးဘက်က တွေးပေးတာရှားတယ်...
-

• ဂျူး မေမေတွေ က သားသမီးကို အလိုမလိုက်ဘူး..
ကိုယ့်တာဝန်ကိုယ်ယူတက်အောင်
မွေးကတည်းက ပုံသွင်းတယ်..ထမင်းစားရင် ကိုယ့်ပန်းကန်ကိုယ်ဆေး...
ကိုယ့်အဝတ်ကိုယ်လျှော်...ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ပျိုးထောင်ပေးတယ်...
ချစ်တာနဲ့နှစ်တာကို
သူတို့ ကွဲကွဲပြားပြားသိတယ်...
- မြန်မာ မေမေတွေက သားသမီးဝေယျာဝစ္စ အကုန်လုပ်ပေးတယ်...ဒါဟာ ချစ်လို့ပါတဲ့...
-

• ဂျူး လူငယ်တွေ အသက်၁၈နှစ်ဆို
ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်ပြီး ကမ္ဘာ တစ်ပါတ် အလည်ထွက်နိုင်လောက်တဲ့အထိ
ရင့်ကျက်နေပြီ...
- မြန်မာ လူငယ်တွေက ကြီးကောင်ကြီးမား ကလေးလိုချွဲရတာ
ကို ချစ်စရာကောင်းတယ်လို့ထင်တုန်း....
-
• ဂျူးတွေက စာမေးပွဲအတွက် စာမသင်ဘူး.. တကယ်တက်ဖို့ စာသင်တယ်...
-မြန်မာတွေက စာမေးပွဲမှာ အမှတ်ကောင်းဖို့နဲ့ အဆင့်ကောင်းကောင်းရဖို့သာ ပဓာနထားပြီး
ပညာရပ်ကို
တကယ်တက် မတက် ဆိုတာကိုတော့ သာမညထားတယ်...
-
• ဂျူးတွေက အမြဲတမ်းသင်ယူလေ့လာနေပြီး 'ငါမသိသေးဘူး' လို့ အမြဲခံယူတယ်..
-မြန်မာ တွေက အမြဲတမ်းဘွဲ့လွန်တွေ နာမည်ကြီးကျောင်းတွေ တက်ဖို့ ရုန်းကန်နေပြီး
အဲ့ပညာတက်သွားခဲ့ရင်
EQတွေ Zero ဖြစ်သွားတယ်...
-
• ဂျူးက ဂျူးလူမျိုး ဖြစ်ပြီး
မြန်မာက မြန်မာလူမျိုးဖြစ်တယ်
-

• ဂျူးက မြန်မာမဟုတ်သလို
- မြန်မာ က ဂျူးမဟုတ်ဘူး...
-
• ယေရှုခရစ်တော်(Jesus Christ) က ဂျူးလူမျိုးဖြစ်တယ်
- မြန်မာလူမျိုးတွေက ဗုဒ္ဓရဲ့ဆွေမျိုးတော် သာကီဝင် အနွယ်ဖွားတွေဖြစ်တယ်..
-
• တမန်တော် မောရှေ(Moses)ဟာ ဂျူးလူမျိုး ဖြစ်တယ်...
- ရှင်ရဟံဟာ မြန်မာမျိုးနွယ်ဝင် တိုင်းရင်းသားမွန်ခမာလူမျိုး ဖြစ်တယ်
-
• ဂျာမန်ပြည်ဖွား Karl Marx(1818-1883) ဆိုသူဟာ
ဂျူးလူမျိုး ဖြစ်ပြီး ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး မက်စ်ဝါဒကို ထူထောင်ခဲ့သူဖြစ်ပါတယ်...

- ကနောင်မင်းသားကြီးဟာ မင်းတုံးမင်းရဲ့ ညီတော်ဖြစ်ပြီး အရှေ့တောင်အာရှမှာ ပထမဦးဆုံး ရေမြုပ်ဗုံးနဲ့ သိပ္ပံ
ပညာရပ်ကို တီထွင်လေ့လာလိုက်စားတဲ့
တိဘက်တိုဘားမား
(သာကီဝင်) မြန်မာနွယ်ဝင် ဗမာလူမျိုး တိုင်းရင်းသား ဖြစ်ပါတယ်...
-

• အိုင်း စ တိုင်း (Albert Einstein ဟာ ဂျူးလူမျိုး ရူပေဗေဒ ပညာရှင်ကြီးဖြစ်ပြီး Relativity theory ပြောတာနဲ့ လူတွေ သူ့ကိုတန်းသိပါတယ်..

- မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး အဘိဓဇမဟာ
ရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ဟာ ကမ္ဘာ့ မှတ်ဉာဏ်
အကောင်းဆုံး လူသားလို့ စံချိန်တင်ခံခဲ့ရပြီး သူဟာ မြန်မာလူမျိုးပါ...
-
• Facebook တည်တောင်ထူ မက်ဇူကာဘက်ဟာ ဂျူးလူငယ်တစ်ယောက်ပါ...
- လူမသိသေးတဲ့ NASA သိပ္ပံပညာရှင်ထဲက
လူငယ်အချို့ဟာ မြန်မာလူမျိုး ပါ..
-
ဂျူးလူမျိုးကော မြန်မာလူမျိုးကော
ကမ္ဘာမှာ ပြိုင်စံရှားတူညီတာ တစ်ချက်က
အလှူအတန်းရက်ရောတာပဲ

• ဂျူးလူမျိုး တို့ကလည်း သမိုင်းအစဉ်အလာကြီးပြီး မြင့်မြတ်ကြတယ်

- မြန်မာ လူမျိုးတွေကလည်း တစ်ခေတ်တစ်ခါ အင်ပါယာကြီးနဲ့ ပညာရှင်တွေနဲ့
သမိုင်းအစဉ်အလာကြီးမြတ်ကြတယ်....
ဒါ ပေ မဲ့.....

• ဂျူးလူမျိုးတွေက
တောက်ပြောင်ခဲ့တဲ့အတိတ်က အောင်မြင်မှုကို ပစ္စုပ္ပန် ထိသယ်ဆောင်လာနိုင်ပြီး
အောင်မြင်နေတဲ့ လူမျိုးစု တွေဖြစ်တယ်..

- မြန်မာ လူမျိုးတွေက
သမိုင်းကို စမြုံပြန်နေပြီး
လက်ရှိမှာ မှေးမှိန်နေလာကြတယ်...
-
• ဂျူးက သူ့လူမျိုး အရမ်းကြည့်တယ်

- မြန်မာက ကိုယ့်လူမျိုးအတင်း၊
အချင်းချင်းကော တစ်ပါးသားနဲ့ကော
ဖောက်သည်ချတယ်...
နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်...
-
• ဂျူး တွေ ဟာ Morality ကို ရှေးကလူတွေလိုပဲ ကောင်းအောင် ထိန်းသိမ်းကျင့်ကြံ နိုင်တယ်..
- မြန်မာတွေက ပညာတက်လာတာနဲ့အမျှ Moralityမရှိ EQတွေ ကျလာတယ်..
-
• ဂျူးလူမျိုး အများစု စုစည်းနေထိုင်တဲ့ အစ္စရေးနိုင်ငံဟာ အင်အားကြီး နိုင်ငံတွေရဲ့ ဝန်းရံထားခြင်းခံထားရပေမဲ့ လွှမ်းမိုးမှုလုံးဝမခံ ၊ သီးခြားရပ်တည် နိုင်တဲ့ အစွမ်းထက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာဟာလည်း ထိုနည်းတူရင်ဆိုင်နေရပေမဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမူ အင်မတန်ခံနေရပြီး သီးခြားမရပ်တည်နိုင်သေးပါဘူး။
-

ဒါဆို မြန်မာ နဲ့ ဂျူး ဘာကွာလဲ ?
• ဂျူးတွေလည်းအရမ်းတော်သလို
- မြန်မာတွေလည်း မခေပါဘူး...
ဒါပေမဲ့...
•ဂျူးတွေဟာ သူတို့ပညာတက်လာတာနဲ့အမျှ သူတို့အသိုင်းအဝိုင်းကို ပညာပိုတက်အောင်လုပ်ပေးတယ်...
ပတ်ဝန်းကျင်တိုးတက်ရင် သူတို့တိုးတက်မယ်ဆိုတာ ယုံကြည်တယ်..

• ဂျူးတွေရဲ့ပညာရေးက တကယ်တက်ဖို့အဓိကထားတယ်..
ဂျူးတွေက လူမျိုးလိုက်ကိုစာဖတ်တယ်..
ဂျူးတွေက အင်မတန်သည်းခံတယ်...
ဂျူးတွေက အရမ်းညီညွတ်တယ်...
ကဲ ခင်များတို့ကျုပ်တို့မြန်မာတွေကကော?

စာရေးသူအမှာစာ
- မြန်မာလူငယ်တွေ ပညာရေးဆိုတာကြီးကို ပါဝါ ပြဖို့မဟုတ်ပဲ
အသုံးချ အကျိုးပြူ ဖို့သာ သင်ကြဖို့
တိုက်တွန်းပါကြောင်း...
-
ဖြိုးဆွေဆက်
ရေးသားတင်ပြသည်
၁၉.စက်တာဘာ.၂၀၁၈
Kyaw Swa Htoon ( fb )

No comments:

Post a Comment