Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 13, 2018

မိုးေအာင္ရင္ကိုႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္လိုက္ျခင္းအေပၚ ပန္ဆယ္လို သာဓုေခၚ....


-႔ခ်မွတ္လိုက္တဲ့အမိန္႔ကေတာ့ အံ့ၾသဖြယ္ရာ ၁၇ႏွစ္ပါတဲ့
သူ႔သက္တမ္းကို ၆၀နဲ႔ တြက္ရင္ ႏွစ္၂၀ဆိုတာ လူ႔ဘဝရဲ႕ သံုးပံု တစ္ပံုပါ။
အသက္၂၀ကေန အသက္၄၀အတြင္း ႏွစ္ႏွစ္ဆယ္အပိုင္းအျခားဟာ လူတစ္ေယာက္ ဘဝကို ဘယ္လိုျဖတ္သန္းခဲ့လဲဆိုတဲ့ အဓိက အပိုင္းအျခားပါပဲ။
အမ်ိဳးသားသ႐ုပ္ေဆာင္တစ္ေယာက္ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ ဖမ္းစီးခံထားရတာ တစ္ႏိုင္ငံလံုးအသိပါပဲ။
မူးယစ္ေဆးဝါးမႈျဖစ္တဲ့အတြက္ ျပစ္ဒဏ္ခ်မွတ္ခံရမယ္ဆိုတာ ေမွ်ာ္လင့္ၿပီးသားပါ။ ဒါေပမယ့္ ဒီေန႔ခ်မွတ္လိုက္တဲ့အမိန္႔ကေတာ့ အံ့ၾသဖြယ္ရာ ၁၇ႏွစ္ပါတဲ့။
လူငယ္ဆိုတာ အမွားအယြင္းေတြကို လိုက္လံရွာေဖြမွားယြင္းတတ္ၾကတဲ့အရြယ္ပါ။
မူးယစ္ေဆးဝါးသည္ တရားမဝင္ျဖစ္တဲ့အတြက္ သံုးစြဲရင္ ျပစ္ဒဏ္ခ်မွတ္တာကို 100% လက္ခံပါတယ္။ ဒါေပမယ့္ အျပစ္နဲ႔ ျပစ္ဒဏ္ မွ်တဖို႔လိုပါတယ္။
လူသတ္ရင္ အမ်ားအားျဖင့္ (၇)ႏွစ္က်ပါတယ္။ လူသတ္မႈဆိုတာ အေတာ္ႀကီးေလးတဲ့ ျပစ္မႈပါ။
မူးယစ္ေဆးဝါးသံုးစြဲတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ ဖ်က္စီးတာပါ။ မူးယစ္ေဆးဝါးသံုးစြဲၿပီး လုယက္တယ္ လူသတ္တယ္ဆိုတဲ့ သူတစ္ပါးကို ဖ်က္စီးတဲ့ကိစၥမ်ိဳးဆိုရင္ေတာ့ ၁၇ႏွစ္မက ခ်ပါ။
လက္ခံပါတယ္။ အခု ျပစ္မႈနဲ႔ ျပစ္ဒဏ္က ေရႊေဖာ့႐ိုးနဲ႔ ႐ိုက္ရမွာကို ဝါးရင္းတုတ္နဲ႔ ႐ိုက္သလို ျဖစ္ေနသလားပဲ။
ထုတ္လုပ္တဲ့ ျဖန္႔ခ်ီတဲ့လူေတြရွိလို႔ သံုးစြဲသူေတြ အလြယ္တကူရေနတာပါ။
သံုးစြဲသူေတြ ေလ်ာ့နည္း ပေပ်ာက္ေစခ်င္ရင္ ထုတ္လုပ္ျဖန္႔ခ်ီသူေတြကို ႏွိမ္နင္းဖို႔က အေျဖပါ။
ကြန္တိန္နာအလံုးလိုက္ မိတဲ့အခါ ပိုင္ရွင္မဲ့တံဆိပ္ကပ္ၿပီး ဘယ္သူမွအျပစ္ေပးမခံရဘဲ ဂရမ္အနည္းငယ္ လက္ဝယ္မိတဲ့သူေတြက် လူသတ္မႈထက္ ႀကီးေလးတဲ့ ျပစ္ဒဏ္ေပးတာဟာ လံုးဝမွ်တမႈမရွိပါဘူး။
ကမာၻမွာ ျမန္မာဟာ မူးယစ္ေဆးဝါးထုတ္လုပ္မႈ ဘယ္အဆင့္လဲဆိုတာ ေလ့လာၾကည့္ပါ။
ဒီလိုႏိုင္ငံမ်ိဳးမွာ ပင္စည္ေတြကို မခ်ိဳင္ရဲဘဲ ကိုင္းဖ်ားရြက္ေႂကြ လူငယ္ေလးေတြကို လူငယ္ဘဝတစ္ခုလံုး ေထာင္ထဲ ပစ္ထည့္ပစ္တာ တရားပါရဲ႕လား။
မူးယစ္ေဆးဝါးသံုးစြဲမႈကို လူမႈေရး ျပစ္ဒဏ္ပဲ ခ်မွတ္ေတာ့မယ္လို႔ သတင္းၾကားၿပီး အခုက်မွ ၁၇ႏွစ္ဆိုေတာ့ ဘယ္လိုနားလည္ရမယ္မွန္းကို မသိေတာ့ေပါင္ေတာ္။
မူးယစ္ေဆးဝါး ဂရမ္ပိစိေပါက္စ လက္ဝယ္ေတြ႕တဲ့အမႈက် ခ်ီးတြင္းအတူးခံလိုက္ရသလို ခ်လိုက္တဲ့ ျပစ္ဒဏ္က ၁၇ႏွစ္တဲ့။
သာဓုပါေတာ္… သာဓုပါ သာဓုပါ အားလံုး ေကာင္းပါသည္ခင္ဗ်ား….ေပ့ါေလ။
ထဝီ..
အိပန္ဆယ္လို

Unicode >>>

(ပန်ဆယ်လိုထပ်ပြောပြီ)-့ချမှတ်လိုက်တဲ့အမိန့်ကတော့ အံ့သြဖွယ်ရာ ၁၇နှစ်ပါတဲ့

သူ့သက်တမ်းကို ၆၀နဲ့ တွက်ရင် နှစ်၂၀ဆိုတာ လူ့ဘဝရဲ့ သုံးပုံ တစ်ပုံပါ။

အသက်၂၀ကနေ အသက်၄၀အတွင်း နှစ်နှစ်ဆယ်အပိုင်းအခြားဟာ လူတစ်ယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတဲ့ အဓိက အပိုင်းအခြားပါပဲ။

အမျိုးသားသရုပ်ဆောင်တစ်ယောက် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းစီးခံထားရတာ တစ်နိုင်ငံလုံးအသိပါပဲ။

မူးယစ်ဆေးဝါးမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ဒါပေမယ့် ဒီနေ့ချမှတ်လိုက်တဲ့အမိန့်ကတော့ အံ့သြဖွယ်ရာ ၁၇နှစ်ပါတဲ့။

လူငယ်ဆိုတာ အမှားအယွင်းတွေကို လိုက်လံရှာဖွေမှားယွင်းတတ်ကြတဲ့အရွယ်ပါ။

မူးယစ်ဆေးဝါးသည် တရားမဝင်ဖြစ်တဲ့အတွက် သုံးစွဲရင် ပြစ်ဒဏ်ချမှတ်တာကို 100% လက်ခံပါတယ်။ ဒါပေမယ့် အပြစ်နဲ့ ပြစ်ဒဏ် မျှတဖို့လိုပါတယ်။

လူသတ်ရင် အများအားဖြင့် (၇)နှစ်ကျပါတယ်။ လူသတ်မှုဆိုတာ အတော်ကြီးလေးတဲ့ ပြစ်မှုပါ။

မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖျက်စီးတာပါ။ မူးယစ်ဆေးဝါးသုံးစွဲပြီး လုယက်တယ် လူသတ်တယ်ဆိုတဲ့ သူတစ်ပါးကို ဖျက်စီးတဲ့ကိစ္စမျိုးဆိုရင်တော့ ၁၇နှစ်မက ချပါ။

လက်ခံပါတယ်။ အခု ပြစ်မှုနဲ့ ပြစ်ဒဏ်က ရွှေဖော့ရိုးနဲ့ ရိုက်ရမှာကို ဝါးရင်းတုတ်နဲ့ ရိုက်သလို ဖြစ်နေသလားပဲ။

ထုတ်လုပ်တဲ့ ဖြန့်ချီတဲ့လူတွေရှိလို့ သုံးစွဲသူတွေ အလွယ်တကူရနေတာပါ။

သုံးစွဲသူတွေ လျော့နည်း ပပျောက်စေချင်ရင် ထုတ်လုပ်ဖြန့်ချီသူတွေကို နှိမ်နင်းဖို့က အဖြေပါ။

ကွန်တိန်နာအလုံးလိုက် မိတဲ့အခါ ပိုင်ရှင်မဲ့တံဆိပ်ကပ်ပြီး ဘယ်သူမှအပြစ်ပေးမခံရဘဲ ဂရမ်အနည်းငယ် လက်ဝယ်မိတဲ့သူတွေကျ လူသတ်မှုထက် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတာဟာ လုံးဝမျှတမှုမရှိပါဘူး။

ကမ္ဘာမှာ မြန်မာဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု ဘယ်အဆင့်လဲဆိုတာ လေ့လာကြည့်ပါ။

ဒီလိုနိုင်ငံမျိုးမှာ ပင်စည်တွေကို မချိုင်ရဲဘဲ ကိုင်းဖျားရွက်ကြွေ လူငယ်လေးတွေကို လူငယ်ဘဝတစ်ခုလုံး ထောင်ထဲ ပစ်ထည့်ပစ်တာ တရားပါရဲ့လား။

မူးယစ်ဆေးဝါးသုံးစွဲမှုကို လူမှုရေး ပြစ်ဒဏ်ပဲ ချမှတ်တော့မယ်လို့ သတင်းကြားပြီး အခုကျမှ ၁၇နှစ်ဆိုတော့ ဘယ်လိုနားလည်ရမယ်မှန်းကို မသိတော့ပေါင်တော်။

မူးယစ်ဆေးဝါး ဂရမ်ပိစိပေါက်စ လက်ဝယ်တွေ့တဲ့အမှုကျ ချီးတွင်းအတူးခံလိုက်ရသလို ချလိုက်တဲ့ ပြစ်ဒဏ်က ၁၇နှစ်တဲ့။

သာဓုပါတော်… သာဓုပါ သာဓုပါ အားလုံး ကောင်းပါသည်ခင်ဗျား….ပေ့ါလေ။

ထဝီ..

Credit –— အိပန်ဆယ်လို

No comments:

Post a Comment