Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 11, 2018

နတ္ျပည္ေရာက္ေၾကာင္းတရား သုံးမ်ိဳး

ဘုရားရွင္က ဓမၼပဒပါဠိေတာ္မွာ နတ္ျပည္ေရာက္ေၾကာင္းတရား သုံးမ်ိဳးကုိ ေဟာေတာ္မူပါတယ္။

သစၥံ ဘေဏ နကုေဇၥ်ယ်၊ ဒဇၨာ အပၸမၸိ ယာစိေတာ။
ဧေတဟိ တီဟိ ဌာေနဟိ၊ ဂေစၦ ေဒ၀ါန သႏၱိေက။ (ဓမၼပဒ၊ ၂၂၄၊ ႏွာ ၄၁)
မွန္ကန္တဲ့စကား ေျပာပါ။ အမ်က္မထြက္ သည္းခံခြင့္လြတ္ပါ။ နည္းမ်ားမဟူ ေတာင္းသူလာရင္ ေပးကမ္းစြန္႕ၾကဲပါ။ ဒါဟာ နတ္ျပည္ေရာက္ေၾကာင္း တရားသုံးမ်ိဳးပါပဲ။


မွန္ကန္စြာေျပာေလ့ရွိသူဟာ နတ္ရြာကုိ ေရာက္ရတယ္။ ဘာေၾကာင့္လဲဆုိရင္ မွန္မွန္ကန္ကန္ေျပာေလ့ရွိသူဟာ မွန္ကန္တဲ့ အလုပ္ကုိ လုပ္ေလ့ရွိသူ ျဖစ္လုိ႔ပါပဲ။ ဒါေၾကာင့္ပဲ ဘုရားရွင္က ေကာင္းတဲ့အရသာအားလုံးထဲမွာ သစၥာတရားဟာ အေကာင္းဆုံး အရသာျဖစ္တယ္လုိ႔ ေဟာေတာ္မူပါတယ္။

အမ်က္ထြက္စရာအာရုံနဲ႔ ၾကဳံတဲ့အခါ အမ်က္ထြက္ခြင့္မေပးပဲ ေအးေအးေဆးေဆးနဲ႔ သည္းခံေလ့ရွိတာဟာလည္း နတ္ရြာ လားေၾကာင္း အက်င့္ေကာင္းတစ္ခုပါပဲ။ ဘာလုိ႔လဲဆုိရင္ အမ်က္ထြက္လုိက္တဲ့အတြက္ ျဖစ္ေပၚလာမယ့္ ႀကီးမားတဲ့ အျပစ္ေတြ၊ ဆုိးက်ိဳးေတြကို ျဖစ္ခြင့္မေပးလုိက္လုိ႔ပါပဲ။ ဒါ့အျပင္ အမ်က္ထြက္ဖြယ္အာရုံကိုပင္ ႏွလုံးသြင္းဆင္ျခင္ ေမတၱာအသြင္ ကူးေျပာင္းေပးႏုိင္လုိက္တယ္။ ဆုိလုိတာကေတာ့ အကုိသုိလ္ျဖစ္မယ့္အာရုံကုိ ကုသုိလ္အသြင္ေျပာင္းယူႏုိင္လုိက္တာပါပဲ။

 အနည္းငယ္ေသာအရာကုိပင္ ေတာင္းလာသူကုိ သဒၶါၾကည္ျဖဴ  ေပးလွဴျခင္းဟာလည္း နတ္ရြာေရာက္ေၾကာင္း အက်င့္ေကာင္းပါပဲ။ နည္းနည္းေလးကုိပင္ ေစတနာစင္စြာ ေပးလွဴျခင္းဟာ နတ္ရြာကုိ ေရာက္ေစႏုိင္တယ္ဆုိရင္ မ်ားမ်ားေပးလွဴ  သဒၶါၾကည္ျဖဴလုိက္ပါက ဆုိဖြယ္မရွိပါ။ ဘ၀ဟာ ပုိျပည့္စုံသြားပါလိမ့္မယ္။

ဒါေၾကာင့္ စာခ်စ္သူမ်ား နတ္ျပည္လားခ်င္တယ္ဆုိရင္ သစၥာစကားေျပာရပါမယ္။ အမ်က္မထား ေမတၱာပြားရပါမယ္။ အနည္း ငယ္ပင္ျဖစ္ေစကာမူ ေစတနာစင္စြာ ေပးလွဴတတ္ရပါမယ္။

 ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုးကို ဟောတော်မူပါတယ်။

သစ္စံ ဘဏေ နကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။ (ဓမ္မပဒ၊ ၂၂၄၊ နှာ ၄၁)
မှန်ကန်တဲ့စကား ပြောပါ။ အမျက်မထွက် သည်းခံခွင့်လွတ်ပါ။ နည်းများမဟူ တောင်းသူလာရင် ပေးကမ်းစွန့်ကြဲပါ။ ဒါဟာ နတ်ပြည်ရောက်ကြောင်း တရားသုံးမျိုးပါပဲ။


မှန်ကန်စွာပြောလေ့ရှိသူဟာ နတ်ရွာကို ရောက်ရတယ်။ ဘာကြောင့်လဲဆိုရင် မှန်မှန်ကန်ကန်ပြောလေ့ရှိသူဟာ မှန်ကန်တဲ့ အလုပ်ကို လုပ်လေ့ရှိသူ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပဲ ဘုရားရှင်က ကောင်းတဲ့အရသာအားလုံးထဲမှာ သစ္စာတရားဟာ အကောင်းဆုံး အရသာဖြစ်တယ်လို့ ဟောတော်မူပါတယ်။

အမျက်ထွက်စရာအာရုံနဲ့ ကြုံတဲ့အခါ အမျက်ထွက်ခွင့်မပေးပဲ အေးအေးဆေးဆေးနဲ့ သည်းခံလေ့ရှိတာဟာလည်း နတ်ရွာ လားကြောင်း အကျင့်ကောင်းတစ်ခုပါပဲ။ ဘာလို့လဲဆိုရင် အမျက်ထွက်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ အပြစ်တွေ၊ ဆိုးကျိုးတွေကို ဖြစ်ခွင့်မပေးလိုက်လို့ပါပဲ။ ဒါ့အပြင် အမျက်ထွက်ဖွယ်အာရုံကိုပင် နှလုံးသွင်းဆင်ခြင် မေတ္တာအသွင် ကူးပြောင်းပေးနိုင်လိုက်တယ်။ ဆိုလိုတာကတော့ အကိုသိုလ်ဖြစ်မယ့်အာရုံကို ကုသိုလ်အသွင်ပြောင်းယူနိုင်လိုက်တာပါပဲ။

 အနည်းငယ်သောအရာကိုပင် တောင်းလာသူကို သဒ္ဓါကြည်ဖြူ  ပေးလှူခြင်းဟာလည်း နတ်ရွာရောက်ကြောင်း အကျင့်ကောင်းပါပဲ။ နည်းနည်းလေးကိုပင် စေတနာစင်စွာ ပေးလှူခြင်းဟာ နတ်ရွာကို ရောက်စေနိုင်တယ်ဆိုရင် များများပေးလှူ  သဒ္ဓါကြည်ဖြူလိုက်ပါက ဆိုဖွယ်မရှိပါ။ ဘဝဟာ ပိုပြည့်စုံသွားပါလိမ့်မယ်။

ဒါကြောင့် စာချစ်သူများ နတ်ပြည်လားချင်တယ်ဆိုရင် သစ္စာစကားပြောရပါမယ်။ အမျက်မထား မေတ္တာပွားရပါမယ်။ အနည်း ငယ်ပင်ဖြစ်စေကာမူ စေတနာစင်စွာ ပေးလှူတတ်ရပါမယ်။

 ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

No comments:

Post a Comment