Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

မုဒိမ်းရဲ့သားကောင်ဖြစ်ရရှာသော သမီးလေးရဲ့နောက်ဆုံးရသတင်း


သနားလိုက်တာ သမီးလေးရယ်😥😥
မုဒိမ်းရဲ့သားကောင်ဖြစ်ရရှာသော သမီးလေးရဲ့နောက်ဆုံးရသတင်း

ပြင်ဦးလွင်ရောက်တုန်း ... လူယုတ်မာရဲ့ ရက်စက်စွာ ညှင်းပန်းနှိပ်စက် ... မုဒိန်းကျင့်ပြီး သေပြီအထင်နဲ့ ထားခဲ့တဲ့ ... ၈ နှစ်အရွယ် သမီးငယ်လေးကို ကိုယ်တိုင်သွားကြည့်ခဲ့ရပါတယ် 😢😢😢

မျက်နှာတစ်ပြင်လုံး (အဆိုးဆုံးက ညာဖက်မျက်လုံးပါ) ထိုးကြိတ်နှိပ်စက်ထားလို့ ဖူးယောင် ညိုမည်းနေတာ မြင်လို့တောင် မကောင်းတာပါ ...သူစိမ်းတောင် သမီးလေးကိုကြည့်ပြီး မျက်ရည်ကျရပါတယ်😢😢😢 မိသားစုဝင်ဆိုရင် ဘယ်လောက်များ ခံစားရမလဲ ...
စိတ်ရှိတိုင်း နှိပ်စက် .. မုဒိန်းကျင့်ပြီးမှ သေပြီအထင်နဲ့ ပြင်စာမှာ ပစ်ခဲ့တာပါ ...😡😡😡

လူယုတ်မာအနေနဲ့ ကလေးမသေသေးမှန်းသိရင် ... ကလေးက တရားခံကို ဖော်ထုတ်မှာစိုးပြီး... ပြန်လာရှာပြီး သတ်မှာစိုးလို့ ... ကလေးကို ရဲအစောင့်အရှောက်အများကြီးနဲ့ ထားရပါတယ် ... ကလေးရဲ့ လက်ရှိနေရာကို မပြောဖို့ တာဝန်ရှိသူတွေ တောင်းဆိုတာကြောင့် နေရာတော့ မပြောတော့ပါဘူးနော် ... ဓာတ်ပုံပါ မရိုက်ခဲ့ပါဘူး ...

သမီးလေးက အခု သတိတော့ ရပါပြီ ... ဒါပေမယ့် ကြောက်စိတ်ကြောင့် Psychological Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာပါ အကြီးအကျယ်ရသွားတာမို့ ... ယောက်ျားဆိုရင် အဖေကိုတောင် တွေ့ခွင့်မပြုထားပါဘူး 😢😢😢

ဆီးအိမ်ပါထိသွားတာကြောင့် ဆီးလည်းမထိန်းနိုင် ... ရုပ်ဒဏ်ရာရော ... စိတ်ဒဏ်ရာပါ ရနေရပါတယ် ... ဒီနှစ် ကျောင်းလည်း နားရပါတော့မယ် (ရေရှည် လူတောထဲ သွားရဲဖို့နဲ့ ကျောင်းဆက်တက်ရဲဖို့လည်း မသေချာတော့ပါဘူး) 😢😢😢

သမီးလေး အိမ်ကလည်း နွမ်းပါးပါတယ် ...
ဒီကလေးလေး ရှေ့ဆက် ရပ်တည်ဖို့ တကယ်ရင်လေးစရာပါ ...

သက်ငယ်မုဒိန်းများ ပပျောက်စေဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်🙏🏻🙏🏻🙏🏻

nang tin moe thu

ယုတ်​မာတဲ့ နည်းလမ်း​ပေါင်းစုံရှိတဲ့အထဲက က​လေးကို ​ရွေးချယ်
ပစ်​မှတ်​ထားတာဟာ လူ့ သမိုင်းတ​လျှောက်​ အဆိုးဝါးဆုံးပါပဲ
ဘယ်​နိုင်​ငံဘယ်​မှာပဲ ဖြစ်​ဖြစ်​က​လေးကိုမှ ​ရွေးချယ်​ယုတ်​မာ​နေ
ပြီဆိုရင်​ အဲ့လိုလူ အားလုံး ​သေဒဏ်​သာအပြစ်​​ပေးသင့်​ပါတယ်

က​လေး​တွေကို ယုတ်​မာတဲ့​​နောက်​ဆက်​တွဲက
ဘာ​တွေဖြစ်​လာသလဲ

အ​ဖေကို သမီးက မယုံအ​ဖေနဲ့ ထည့်​လိုက်​ဖို့ အ​မေက မယုံ
သမီးမိန်းက​လေးကို ဆရာ့ဆီ လွှတ်​ဖို့ မယုံ- ဘုန်းကြီး​ကျောင်းကို မယုံ
အိမ်​နီးချင်း ဦး​လေးဘကြီး​တွေကို မယုံ
ဘေးအိမ်​အချင်းချင်း မယုံ
ကြာ​တော့ က​လေးလဲ ဘယ်​သူ့ ကိုယုံရမလဲ မသိ​တော့

လူ့ ပတ်​ဝန်းကျင်​မှာလဲ ယုံကြည်​မှုပြိုကွဲရသလို ခံလိုက်​ရတဲ့ က​လေးငယ်​ရဲ့
စိတ်​ထဲမှာလဲ အရာရာကို မယုံရခြင်းသံသယများစွာနဲ့ ကြီးပြင်းရ​တော့တယ်

ဒါကို ဒီအတိုင်းပဲ ကြည့်​​နေကြ​တော့မလား
မိဘ​တွေက ကိုယ့်​က​လေးကို ၂၄ နာရီမျက်​စိ​ဒေါက်​​ထောက်​ကြည့်​​နေတယ်​ဆို
အုံး​တော့ - မိဘသတိလွတ်​သွားတာနဲ့ က​လေးက ဒုက္ခ​ရောက်​ရ​ရောလား
ကျွန်​​တော်​တို့ လူ့ အဖွဲ့ အစည်းကအဲ့​လောက်​​တောင်​ ရိုင်းသွားပြီလား
အိမ်​နဲ့ လမ်းထိပ်​​တောင်​ က​လေးကိုမလွှတ်​ရဲတဲ့ မိဘ​တွေရဲ့ ခံစားချက်​ဟာ
ငရဲမီးတမျှ ပူ​လောင်​ရတယ်​ -
ခံလိုက်​ရတဲ့ မိဘ​တွေရဲ့ ရင်​ထဲက​တော့​ပြောမ​နေ​တော့နဲ့ 

ကျွန်​​တော့်​ အမြင်​က​တော့ ၅ နှစ်​သက်​တမ်း​ရေးဆွဲပြီး ​က​လေးကို
မုဒိမ်းကျင့်​ရင်​ မ​သေမချင်းကြိုးကွင်းသာ​ပေး
၅ နှစ်​ထဲ ​လျှော့မသွား​သေးဘူးလား
နောက်​ထပ်​ ၅ နှစ်​သက်​တမ်းထပ်​တိုးက​လေးကို ​ရွေးချယ်​ကျင့်​တဲ့ မုဒိမ်း​တွေ
လျှော့ကျသွားပြီဆိုမှ ​သေဒဏ်​ကိုပြန်​​လျော့ -

ကိုယ့်​အိမ်​ တံခားကို မုဒိမ်းသမားတံခါးလာ​ခေါက်​​တော့မှ က​လေး​တွေကို
ကယ်​တင်​ပါ ဘာညာ ​​သွေးရူး​သွေးတမ်း​လျှောက်​မ​အော်​ကြနဲ့ - အဲ့ချိန်​ ​နောက်​ကျ
သွားပြီ - ဒါ​လေး မိဘတိုင်း စိတ်​​ကောင်းရှိတဲ့ လူကြီးတိုင်း သတိပြုပါ

( ဒီမိုက​ရေစီ​ရေး နဲ့ လူ့ အခွင့်​အ​ရေးကိုလဲ​လေးစားပြီးသားပါ - သို့ ​သော်​ ကိုယ့်​နိုင်​ငံ
ကိုယ့်​က​လေး​တွေ ​ဘေးကင်းဖို့ က​တော့လုပ်​သင့်​ရင်​ လုပ်​ကို လုပ်​ရပါမယ်​ -
ဒါ​လေး အစိုးရလူကြီးမင်းများ သတိပြုပါ )

အဲ့လို က​လေးကိုမှ မုဒိမ်းကျင့်​ချင်​သူ​တွေ ​လျော့သွားမှသာ မျိုးရိုးဗီဇ မြင့်​တင်
ဖို့ လဲ တဖက်​တလမ်းကအ​ထောက်​အကူ​ပေးပါလိမ့်​မယ်
ရှင်းမယ်​ ထင်​ပါတယ်
-
သိပ်​မရှင်းဘူးဆိုရင်​​တော့​အောက်​က စာနဲ့ ပုံကို တွဲစပ်
တွဲဖတ်​ပြီး စဉ်းစားကြည့်​လိုက်​ပါ

-
မန္တ​လေးစက်​မူ့ဇုန်​ ၂ ထဲမှ​ပျောက်​ဆုံးသွားတဲ့ က​လေးမကို ​ခေါ်​ဆောင်​သွား
သော တရားခံ ရဲ့ ဓါတ်​ပုံမှတ်​တမ်းပါ

လူရဲ့ပုံဟန်​က အသားမဲ ၊ မျက်​လုံးပြူး၊၀က်​ခြံ ရှိညာဘက်​ပါး မှဲ့ရှိ ၊ နဖူး မှဲ့ရှိ ၊
ဘယ်​ပါးမှဲ့ရှိ ၊ ကွမ်းစားဆံပင်​ ​အ၀ါ​ရောင်​​ဆေးဆိုးထား တို့ဖြစ်​ပါတယ်

ကူ Share ​ပေးကြပါဗျာ
တွေ့ရှိပါက အ​ကြောင်းကြား​ပေးကြပါဗျာ
ဓမ္မိကလူမှုကူညီ​ရေးအသင်း စက်​မူ့ဇုန်​ ၂
ရုံးဖုန်း ၀၉၂၅၆၅၂၅၇၃၅
ဥက္ကဌ. ၀၉၇၉၂၀၅၅၆၈၆
နီးစပ်​ရာ ရဲစခန်း ၊ အုပ်​ချုပ်​​ရေးမှူး
ရုံးများသို့လည်းအ​ကြောင်းကြား​ပေးကြပါဗျာ

သားသမီးခြင်း ၊​မောင်​နှမခြင်း
ကိုယ်​ချင်းစာနိုင်​ကြပါ​စေ

Ko Kyaw
singer lin lin




No comments:

Post a Comment