Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 27, 2018

နတ္ေတြကန္​​ေတာ့တာ သရဏဂုံပ်က္သ​လား .. ? ( ဖားေအာက္ဆရာေတာ္ဘုရားျကီး၏ အေျဖ )


ရတနာသုံးပါးကို ကိုးကြယ္​ဆည္​းကပ္​တဲ့ ဥပါသကာမွန္​ရင္​ ရတနာသံုးပါး ျပင္​ပ အရာ​ေတြကို အ​ေလးအျမတ္​ မျပဳအပ္​ဘူး။
ရတနာသုံးပါးရဲ႕အျပင္ပမွာ ရွိေနတဲ့ ပုဂၢိဳလ္​ေတြကို –
နံပါတ္ ၁ – မိမိကိုယ္ကို အပ္ႏွင္းလွဴဒါန္းခဲ့လွ်င္၊
နံပါတ္ ၂ – ကိုးကြယ္လည္းေလ်ာင္း ပုန္းေအာင္းမွီခုိရာအျဖစ္နဲ႔ ဆည္းကပ္ခဲ့လွ်င္၊
နံပါတ္ ၃ – ကိုးကြယ္အားထားရာအျဖစ္ ဆရာအျဖစ္နဲ႔ ရည္ၫႊန္းၿပီး မိမိကုိယ္ကုိ တပည့္အျဖစ္နဲ႔ ခံယူေဆာက္တည္ခဲ့လွ်င္၊
နံပါတ္ ၄ – အလြန္အမင္း ႐ိုေသစြာ ရွိခုိးခဲ့လွ်င္ – မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလုိလို ပ်က္တယ္။
ဒီလို ပ်က္စီးနည္းသည္ သာဝဇၨ – အျပစ္ရွိတဲ့ သရဏဂုံပ်က္စီးနည္း ျဖစ္တယ္။
အျပစ္ရွိတဲ့ ပ်က္စီးနည္းဆုိတာ ဘာကို ေျပာတာလဲ –
ေသာ စ အနိ႒ဖေလာ ေဟာတိ။
ေနာင္တစ္ခ်ိန္မွာ မေကာင္းတဲ့ အက်ဳိးလည္း ရႏုိင္တယ္တဲ့။
ရတနာသံုးပါးရဲ႕ အျပင္​ဘက္​က ျဖစ္​တဲ့ ဆူးေလနတ္ႀကီးတုိ႔ ဘာတို႔ေပါ့။ အဲဒီနတ္တြကို အလြန္အမင္း ႐ုိေသစြာ ရွိခုိးလုိက္သည္ႏွင့္ တစ္ၿပိဳင္နက္တည္း မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလုိလို ပ်က္စီးသြားတယ္။ ေရႊတိဂုံဘုရားမွာ ပန္းေတြ လွဴတယ္။ ေရခ်မ္းေတြ လွဴတယ္။ လွဴၿပီးလို႔ ​ေစတီ​ေတာ္​ကို ရွိခုိးၿပီးတာနဲ႔ ဟိုဘက္ လွည့္ၿပီးေတာ့ နတ္ကို ရွိခုိးလုိက္တာနဲ႔ မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလုိလို ပ်က္စီးသြားတယ္။ မိမိတို႔ရဲ႕ အင္မတန္ အဖုိးတန္ေနတဲ့ သရဏဂုံကို မပ်က္စီး​ေစသင့္ဘူ။ အသိအလိမၼာ​ေလးနဲ႔ ​ေစာင္​့​ေရွာက္​သင္​့တယ္​။
မင္းႀကီးတုိ႔ မင္းကေလးတုိ႔ကို သြားၿပီး ကိုးကြယ္ဆည္းကပ္ခဲ့လွ်င္၊ အလြန္အမင္း ႐ိုေသစြာ ရွိခုိးခဲ့လွ်င္လည္​း မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလုိလို ပ်က္စီးသြားတယ္။
ပ်က္စီး႐ုံတြင္ မဟုတ္ဘူး သူက –
သာဝေဇၨာ – အျပစ္လည္း ရွိတယ္​၊ ​ေနာင္တစ္ခ်ိန္မွာ မေကာင္းတဲ့ အက်ဳိးလည္း ရႏုိင္တယ္။
ဒီ မင္းႀကီးမင္းကေလးဆုိတဲ့ ဟာ​ေတြသည္ ကိုးကြယ္ဆည္းကပ္ထိုက္တဲ့ ပုဂၢိဳလ္ေတြလား? ျပန္ဆန္းစစ္ၾကည့္ပါ။

မင္းႀကီးတုိ႔ မင္းကေလးတုိ႕ ဝင္လာၿပီ ဆုိလုိ႔ရွိလွ်င္ သူတို႔ ဘာလုပ္သလဲ..?။
အရက္ေသာက္တယ္၊ ကလည္း ကတယ္။ ဒီလို အရက္ေသာက္ေနတဲ့ ပုဂၢိဳလ္ေတြကို မိမိတို႔က ကိုးကြယ္ဆည္းကပ္ၿပီ ဆုိၾကပါစို႔။ မိမိအဆင့္က အရက္သမားကို ကိုးကြယ္ဆည္းကပ္တဲ့အဆင့္ ေရာက္မသြားဘူးလား? အလိုလို ေရာက္သြားတယ္။

ေနာက္တစ္ခု – ဒကာႀကီးေတြ စဥ္းစားၾကည့္စမ္းပါ။ ဘုန္းႀကီးတို႔ ျမန္မာျပည္မွာ ေက်းရြာေပါင္း ႏွစ္ေသာင္းေက်ာ္ ရွိတယ္လို႔ ဆိုတယ္။ နတ္ေတာ္ ျပာသုိ ဝန္းက်င္ေလာက္ ေရာက္လာၿပီ ဆုိလုို႔ရွိရင္ ျမန္မာျပည္ရဲ႕ အေလ့အထအရ ေက်းရြာတုိင္းလုိလုိမွာ နတ္ပြဲဆုိတာ ရွိတတ္ပါတယ္။ ေက်းရြာႏွစ္ေသာင္းေက်ာ္ ရွိေတာ့ တစ္ေန႔တစ္ေန႔မွာ ပ်မ္းမွ်ျခင္းႏႈန္းနဲ႔ တြက္မယ္ဆိုလွ်င္ ဆယ္ရြာ­မွာ နတ္ပြဲတစ္ပြဲေလာက္ေတာ့ ရွိႏုိင္ပါတယ္။ ဆယ္ရြာမွာ နတ္ပြဲတစ္ပြဲႏႈန္းျဖင့္ ေက်းရြာေပါင္း ႏွစ္ေသာင္းေက်ာ္ဆုိေတာ့ တစ္ေန႔မွာ နတ္ပြဲေပါင္း ႏွစ္ေထာင္ဝန္းက်င္ေလာက္ ရွိမယ္။ နတ္ေတာ္ ျပာ­သုိဝန္းက်င္ေလာက္ ေျပာတာပါ။ ဒီေတာ့ တစ္ေန႔မွာ နတ္ပြဲေပါင္း ႏွစ္ေထာင္ေလာက္ရွိေတာ့ ဟို­နတ္ပြဲမွာလည္း မင္းႀကီး မင္းကေလးကုိ ပင့္ျပန္ၿပီ၊ ဝင္ပူးျပန္ၿပီ။ ဒီနတ္ပြဲကလည္း မင္းႀကီးမင္းကေလး ပင့္ျပန္ၿပီ၊ ဝင္ပူးျပန္ၿပီ။ မင္းႀကီးမင္းကေလးက ဝင္ပူးလာၿပီဆုိလုိ႔ရွိလွ်င္ အခ်ိန္ကလည္း နည္းနည္းေပးရဦးမယ္။ အရက္ေသာက္ဖုိ႔ အခ်ိန္ကလည္း ေပးရေသးတယ္ေလ။ ကဖုိ႔ ခုန္ဖို႔ ဓားေျမႇာက္ျပဖုိ႔ အခ်ိန္ကလည္း ေပးရေသးတယ္။
ဒီေတာ့ နတ္ပြဲတစ္ပြဲကို သူက ငါးမိနစ္ေလာက္ အခ်ိန္ေပးမယ္ ဆိုရင္​​ေပါ့။ သူ တစ္ေန႔တစ္ေန႔မွာ ကႏုိင္တာ တစ္နာရီမွာ နတ္ပြဲ တစ္ဆယ့္ႏွစ္ပြဲ ရ­မယ္။

တစ္ေန႔႔မွာ နတ္ပြဲေတြက မ်ားေသာအားျဖင့္ နံနက္ ၈-နာရီမွ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,ေတာ့၊ ဆယ္နာရီပဲ ထားပါေတာ့။ တစ္ေန႔ ဆယ္နာရီဆိုေတာ့ နတ္ပြဲေပါင္း တစ္ရာ့ႏွစ္ဆယ္။ အခုဟာက နတ္ပြဲေပါင္း တစ္ေန႔တစ္ေန႔ ပွ်မ္းမွ်အားျဖင့္ ႏွစ္ေထာင္ေက်ာ္ေနေတာ့ သူေပးႏုိင္တဲ့ အခ်ိန္က တစ္ေန႔ နတ္ပြဲေပါင္း တစ္ရာ့ႏွစ္ဆယ္ေလာက္အတြက္ပဲ ရွိတယ္​။
ဟိုနတ္ပြဲကလည္း မင္းႀကီးမင္းကေလး ပူးျပန္ၿပီ။ ဒီနတ္ပြဲကလည္း မင္းႀကီးမင္းကေလး ပူးျပန္ၿပီ။ အဲဒါ ဝင္ပူးေနတာေတြ အကုန္လုံး မင္းႀကီးမင္းကေလး ဟုတ္,မဟုတ္ ဆုိတာကေတာ့ စဥ္းစားဖုိ႔ မလိုဘူးလား? လုိေနပါတယ္။
ဒါေၾကာင့္ အနီးစခန္းဆရာေတာ္ဘုရားကေတာ့ သူ႕ရဲ႕တရားတစ္ပုဒ္ထဲမွာ သူက ဘယ္​လို​ေျပာထားသလဲ –
“လူ႕ေလာကမွာ အလိမ္ခံလူတန္းစားက အျမဲတမ္း ရွိတယ္ လိမ္မည့္လူသာ လိုတာ..” တဲ့။
လိမ္မည့္သူကသာ က်က်နန လိမ္။ အလိမ္ခံ လူတန္းစားက အျမဲတမ္း ရွိၿပီးသား ျဖစ္တယ္။
ဒါက ဒကာႀကီးေတြ ေတာ္ေတာ္ေလး ေလးေလးနက္နက္ စဥ္းစားဖုိ႔ ေကာင္းတယ္။
ဒီေလာက္ေတာင္ အဆင့္နိမ့္ေနတဲ့ ပုဂၢိဳလ္ေတြကုိ ဘုရားနဲ႔ တန္းတူထားၿပီးေတာ့ အိမ္မွာ ကိုးကြယ္ဆည္းကပ္ေနၾကတယ္။ အဲဒီလို ကိုးကြယ္ဆည္းကပ္ၾကတဲ့အထဲမွာ သာသနာ့ဝန္ထမ္း ရွင္ရဟန္းတစ္ခ်ဳိ႕လည္း ပါေနၾကျပန္တယ္။
သူတို႔ကေန ေရွ႕ေဆာင္ၿပီးေတာ့ မင္းႀကီးမင္းကေလးကို ကိုးကြယ္ဆည္းကပ္တယ္။ ဆည္းကပ္လုိက္​ေတာ့ သူက ဘာအမိန္႔ထုတ္သလဲ? သူ႕ေက်ာင္းထဲ ဝက္သား မသြင္းရဘူး..၊ ဘာျဖစ္လို႔လဲ? မင္းႀကီးမင္းကေလး မႀကိဳက္လို႔.. ။ သူက ဘုရား မႀကိဳက္တဲ့ အလုပ္က်ေတာ့ သူ ရဲရဲလုပ္တယ္၊ အဝတ္ကေတာ့ သာသနာ့ဝန္ထမ္း ရွင္ရဟန္း။ ဒါေပမဲ့လို႔ သူက မင္းႀကီး မင္းကေလး မႀကိဳက္တာက်ေတာ့ ေက်ာင္းထဲ မသြင္းရဘူး။ ဘုရား မႀကိဳက္တာက်ေတာ့ ေက်ာင္းဝင္းထဲသြင္းတယ္​၊ ရွက္ဖုိ႔ မေကာင္းဘူးလား? သိပ္ရွက္ဖို႔ ေကာင္းပါတယ္​။ ေနာက္လုိက္ ဒကာဒကာမေတြအတြက္ သိပ္​ျပီးေတာ့ ဝမ္းနည္းစရာေကာင္းတယ္။

ဖား​ေအာက္​​ေတာရဆရာ​ေတာ္​
(ဃဋိကာရသုတၱန္​မွ -)
...................
ရတနာသုံးပါးကို ကိုးကွယ်​ဆည်​းကပ်​တဲ့ ဥပါသကာမှန်​ရင်​ ရတနာသုံးပါး ပြင်​ပ အရာ​တွေကို အ​လေးအမြတ်​ မပြုအပ်​ဘူး။

ရတနာသုံးပါးရဲ့အပြင်ပမှာ ရှိနေတဲ့ ပုဂ္ဂိုလ်​တွေကို –

နံပါတ် ၁ – မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခဲ့လျှင်၊

နံပါတ် ၂ – ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာအဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင်၊

နံပါတ် ၃ – ကိုးကွယ်အားထားရာအဖြစ် ဆရာအဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆောက်တည်ခဲ့လျှင်၊

နံပါတ် ၄ – အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင် – မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်တယ်။

ဒီလို ပျက်စီးနည်းသည် သာဝဇ္ဇ – အပြစ်ရှိတဲ့ သရဏဂုံပျက်စီးနည်း ဖြစ်တယ်။
အပြစ်ရှိတဲ့ ပျက်စီးနည်းဆိုတာ ဘာကို ပြောတာလဲ –

သော စ အနိဋ္ဌဖလော ဟောတိ။

နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်တဲ့။

ရတနာသုံးပါးရဲ့ အပြင်​ဘက်​က ဖြစ်​တဲ့ ဆူးလေနတ်ကြီးတို့ ဘာတို့ပေါ့။ အဲဒီနတ်တွကို အလွန်အမင်း ရိုသေစွာ ရှိခိုးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ရွှေတိဂုံဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ်။ လှူပြီးလို့ ​စေတီ​တော်​ကို ရှိခိုးပြီးတာနဲ့ ဟိုဘက် လှည့်ပြီးတော့ နတ်ကို ရှိခိုးလိုက်တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့ သရဏဂုံကို မပျက်စီး​စေသင့်ဘူ။ အသိအလိမ္မာ​လေးနဲ့ ​စောင်​့​ရှောက်​သင်​့တယ်​။

မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ်ဆည်းကပ်ခဲ့လျှင်၊ အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်​း မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။

ပျက်စီးရုံတွင် မဟုတ်ဘူး သူက –

သာဝဇ္ဇော – အပြစ်လည်း ရှိတယ်​၊ ​နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်။

ဒီ မင်းကြီးမင်းကလေးဆိုတဲ့ ဟာ​တွေသည် ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား? ပြန်ဆန်းစစ်ကြည့်ပါ။

မင်းကြီးတို့ မင်းကလေးတို့ ဝင်လာပြီ ဆိုလို့ရှိလျှင် သူတို့ ဘာလုပ်သလဲ..?။

အရက်သောက်တယ်၊ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ်ဆည်းကပ်ပြီ ဆိုကြပါစို့။ မိမိအဆင့်က အရက်သမားကို ကိုးကွယ်ဆည်းကပ်တဲ့အဆင့် ရောက်မသွားဘူးလား? အလိုလို ရောက်သွားတယ်။

နောက်တစ်ခု – ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။ ဘုန်းကြီးတို့ မြန်မာပြည်မှာ ကျေးရွာပေါင်း နှစ်သောင်းကျော် ရှိတယ်လို့ ဆိုတယ်။ နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီ ဆိုလိုု့ရှိရင် မြန်မာပြည်ရဲ့ အလေ့အထအရ ကျေးရွာတိုင်းလိုလိုမှာ နတ်ပွဲဆိုတာ ရှိတတ်ပါတယ်။ ကျေးရွာနှစ်သောင်းကျော် ရှိတော့ တစ်နေ့တစ်နေ့မှာ ပျမ်းမျှခြင်းနှုန်းနဲ့ တွက်မယ်ဆိုလျှင် ဆယ်ရွာ­မှာ နတ်ပွဲတစ်ပွဲလောက်တော့ ရှိနိုင်ပါတယ်။ ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်းကျော်ဆိုတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်ဝန်းကျင်လောက် ရှိမယ်။ နတ်တော် ပြာ­သိုဝန်းကျင်လောက် ပြောတာပါ။ ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လောက်ရှိတော့ ဟို­နတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ရှိလျှင် အချိန်ကလည်း နည်းနည်းပေးရဦးမယ်။ အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေးတယ်လေ။ ကဖို့ ခုန်ဖို့ ဓားမြှောက်ပြဖို့ အချိန်ကလည်း ပေးရသေးတယ်။

ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိန်ပေးမယ် ဆိုရင်​​ပေါ့။ သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရ­မယ်။

တစ်နေ့့မှာ နတ်ပွဲတွေက များသောအားဖြင့် နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။ တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။ အခုဟာက နတ်ပွဲပေါင်း တစ်နေ့တစ်နေ့ ပျှမ်းမျှအားဖြင့် နှစ်ထောင်ကျော်နေတော့ သူပေးနိုင်တဲ့ အချိန်က တစ်နေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်လောက်အတွက်ပဲ ရှိတယ်​။

ဟိုနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ အဲဒါ ဝင်ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟုတ်,မဟုတ် ဆိုတာကတော့ စဉ်းစားဖို့ မလိုဘူးလား? လိုနေပါတယ်။

ဒါကြောင့် အနီးစခန်းဆရာတော်ဘုရားကတော့ သူ့ရဲ့တရားတစ်ပုဒ်ထဲမှာ သူက ဘယ်​လို​ပြောထားသလဲ –

“လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်း ရှိတယ် လိမ်မည့်လူသာ လိုတာ..” တဲ့။

လိမ်မည့်သူကသာ ကျကျနန လိမ်။ အလိမ်ခံ လူတန်းစားက အမြဲတမ်း ရှိပြီးသား ဖြစ်တယ်။

ဒါက ဒကာကြီးတွေ တော်တော်လေး လေးလေးနက်နက် စဉ်းစားဖို့ ကောင်းတယ်။

ဒီလောက်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေကြတယ်။ အဲဒီလို ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ချို့လည်း ပါနေကြပြန်တယ်။
သူတို့ကနေ ရှေ့ဆောင်ပြီးတော့ မင်းကြီးမင်းကလေးကို ကိုးကွယ်ဆည်းကပ်တယ်။ ဆည်းကပ်လိုက်​တော့ သူက ဘာအမိန့်ထုတ်သလဲ? သူ့ကျောင်းထဲ ဝက်သား မသွင်းရဘူး..၊ ဘာဖြစ်လို့လဲ? မင်းကြီးမင်းကလေး မကြိုက်လို့.. ။ သူက ဘုရား မကြိုက်တဲ့ အလုပ်ကျတော့ သူ ရဲရဲလုပ်တယ်၊ အဝတ်ကတော့ သာသနာ့ဝန်ထမ်း ရှင်ရဟန်း။ ဒါပေမဲ့လို့ သူက မင်းကြီး မင်းကလေး မကြိုက်တာကျတော့ ကျောင်းထဲ မသွင်းရဘူး။ ဘုရား မကြိုက်တာကျတော့ ကျောင်းဝင်းထဲသွင်းတယ်​၊ ရှက်ဖို့ မကောင်းဘူးလား? သိပ်ရှက်ဖို့ ကောင်းပါတယ်​။ နောက်လိုက် ဒကာဒကာမတွေအတွက် သိပ်​ပြီးတော့ ဝမ်းနည်းစရာကောင်းတယ်။

ဖား​အောက်​​တောရဆရာ​တော်​
(ဃဋိကာရသုတ္တန်​မှ -)

No comments:

Post a Comment