Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2018

မူစယ်ရဲ့ အခြားတစ်ဘက်၌.......


"မူစယ်ရဲ့ အခြားတစ်ဘက်၌"
ချစ်ရတဲ့ဖရဲသခွားတွေ ဝမ်တိန်ရောက်ပြီး တရုတ်ကုန်သည်တွေရဲ့ကားတွေပေါ် လဲလှယ်ပြောင်းတင်ရပါတယ်..
မူစယ်မှာ မှာဈေးဖြတ်ခဲ့တဲ့ ၁၇ တန်ကားဟာ ဝမ်တိန်မှာ လဲလှယ်ရင် ပါယ်သီးထွက်တော့ ပါယ်သီးနှုတ်လိုက်ရင် ပျမ်းမျှ ၁၂ တန် လောက်သာ ကျန်တော့တယ်
၁၇တန်ကားတစ်စီးဟာ အနည်းဆုံးတန်ဝက်မှ အများဆုံး ၁၅ တန်ထိ အပါယ်ခံရလေ့ရှိပါတယ်
ဒီရက်ပိုင်း တစ်နေ့ တစ်နေ့ ကို ပါယ်သီး တန် ၁၀၀၀ လောက် ရှိပါတယ်လို့  ဝမ်တိန်အသီးလှယ်ကွင်း ရဲ့ ကုမ္ပဏီတာဝန်ခံက ရှင်းပြပါတယ်
( လေးပုံ တစ်ပုံ ဆိုပါစို့ )

ပါယ်သီးတန် ၁၀၀၀ မှာ တစ်ဝက်လောက်က စွန့် ပြစ်သီးတွေဖြစ်ပါတယ်

အကြမ်းပြောရရင်
တစ်နှစ်ကို ဖရဲတန် ၈၀၀၀၀၀ ရောင်းရင် တန်၂၀၀၀၀၀ က ပါယ်သီး
အဲဒီထဲကမှ တန် ၁၀၀၀၀၀ လောက်က စွန့်ပြစ်လိုက်ရတဲ့ အသီး

တစ်နှစ် တစ်နှစ် ဖရဲနဲ့သခွား စိုက်ပျိုးထုတ်လုပ်မှု စားရိတ်စုစုပေါင်းနဲ့ တွက်ပြရင် ပါယ်သီးတန်ဘိုးဟာ ကျပ်သန်းပေါင်းသုံးသောင်းနှင့်အထက် ရှိပါတယ်
(ပါယ်သီး ဖြစ်ဖို့ ထုတ်လုပ်လိုက်တဲ့ စားရိတ်ပေါ့လေ)
ထပ်ပြောရရင် တစ်နှစ်တစ်နှစ် ကျပ်သန်းပေါင်းတစ်သောင်း လောက်က စွန့်ပြစ်နေတာပေါ့

ပါယ်သီးအရှုံး ဟာ တောင်သူရဲ့ အရှုံး
တောင်သူရဲ့ အရှုံး ဟာ
နိုင်ငံရဲ့ အရှုံး ဖြစ်ပါတယ်

ဒါဟာ နိုင်ငံ အနေနဲ့ ပို့ ကုန်ဝင်ငွေ မရခင်ကို ဆုံးရှုံးသွားနေရပြီဖြစ်ပါတယ်

ပါယ်ရတဲ့ အကြောင်းရင်းတွေကတော့
အများကြီးပါ
ကွင်းလှယ်အလုပ်သမားတွေရဲ့အမြင်
တရုတ်ဝယ်လက်တွေရဲ့အမြင်
မြန်မာကုန်သည်ပွဲရုံတွေရဲ့အမြင်
တောင်သူတွေရဲ့အမြင်
ကုန်ကားဆရာတွေရဲ့အမြင်
အဲ့ဒါတွေအပြင်
တရုတ်စားသုံးသူရေးရာနှင့်ကျန်းမာရေးဌာန ရဲ့ ဆွေးနွေးချက်တွေ
....
....
ဆွေးနွေးချက်အနှစ်ချုပ်ပြောရရင်
(၁)အရည်အသွေး
(၂) အရည်အသွေးကိုဘယ်လိုတိုင်းတာလဲ
(၃)အရည်အသွေး စံချိန်စံညွှန်း ကို ၂ နိုင်ငံ ၂ဦး ၂ဘက် သဘောတူထားပြီးပြီလား ... အငြင်းပွားစရာဖြစ်လာရင် ဘယ်တရားရုံးကဖြေရှင်းမှာလဲ

ရာသီဥတု တို့ 
မူဝါဒ တို့ 
ပြိုင်ဘက် တို့
လမ်းတံတားတို့ 
.... တို့ 
.... တို့ 
စတာတွေလည်းပါတာပေါ့

ပါယ်သီး သို့ မဟုတ် ပါယ်နှုန်းလျှော့ချရေး ... ဘယ်သူ့ အရေးလဲကွယ်
စန္ဒာမျိုး

No comments:

Post a Comment