Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 24, 2018

ဝဋ္​​ေႂကြး​ေၾကာက္​ရင္​ နွုတ္ကုိ သတိထား


တခ်ဳိ့လူ​ေတြ ​​ေျပာၾက​တဲ့ စကား႐ွိတယ္​။သူမ်ားအ​ေပၚမဟုတ္​တာမလုပ္​ဘူး မ​ေကာင္​းမၾကံဘူး။ နွုတ္ၾကမ္​းတာ ဘာျဖစ္​လည္​း။ မွန္​ပါတယ္​ နွုတ္ၾကမ္းလုိ့ ​​သူတစ္ပါးကျဖစ္​ျခင္​မွျဖစ္​မွာပါ။ျဖစ္​တာ ခံရတာက ကုိယ္​ပါ။
ျမတ္​စြာဘုရား လက္​ထက္ကအဗၺပါလီျပည္​့တန္​ဆာမက ႐ုပ္​ရည္​လွပလုိ႔ ဟုိမင္​းကလုိခ်င္​ ဒီမင္​းက ရခ်င္န့ဲ သူ​့ေၾကာင္​့စစ္​ျဖစ္​မွာစုိးလုိ႔အမ်ားပုိင္​အျဖစ္​ျပည့္​တန္​ဆာမလုပ္​ဖုိ႔ ျဖစ္​ခဲ့ရတာဟာ စိတ္​ထားညံ့လုိ႔ ​ေစတနာနည္​းလုိ႔မဟုတ္​ပါဘူး။အတိတ္​ဘဝ ​ေစတီရင္​ျပင္​မွာ​ေနမ​ေကာင္​းတဲ့ ရဟႏၱာမႀကီး ခြၽဲသလိပ္ဖိတ္​စင္​သြားတာကုိ ဘယ္​သူမွန္​းမသိပဲ စည္​းကမ္​းမဲ့တယ္​ ​ေစတီရင္​ျပင္​​ေပၚဘယ္​ျပည္​့တန္​ဆာမက တံ​​ေတြး ေထြးသြားလဲလုိ႔ ​ေစတနာ​ေဒါသ နွုတ္ဝဋ္​​ေႂကြး​ေၾကာင္​့ပါ။

​ေနာက္တစ္​ခုက အမ်ဳိးသမီး​ေတြထဲ တရား​ေဟာ အ​ေတာ္​ဆုံးျဖစ္​တဲ့ ခုဇုတၱရာဆုိတဲ့ခါးကုန္​မ​ေလးဟာ ဒီဘဝ ပဋိကတ္​​ေဆာင္​ အမ်ဳိးသမီးျဖစ္​ရၿပီး ဘာ​ေၾကာင္​့ ခါးကုန္းရလဲဆုိရင္​ အတိတ္​ဘဝ အလႉခံႂကြလာတဲ့ ပ​ေစၥကဗုဒၶတစ္​ပါးက ခါးကုန္​းတာကုိ သူငယ္​ခ်င္​း​ေတြ​ေ႐ွ႕ ဟာသအျဖစ္​ ဖလားကုိင္​ၿပီး ​အိမ္​မွာလာတဲ့ကုိယ္​​ေတာ္​​ေလးက ​ေဟာဒီလုိ ခါးကုန္​​ေလးပါလုိ႔ဟန္​အမူရာလုပ္​ ​ေျပာင္​ခဲ့လုိ႔ ခါးကုန္​းျဖစ္​ရတာပါ။

ျမတ္​စြာဘုရားကုိယ္​တုိင္​က ​ေဟာခဲ့ပါတယ္​။သူမ်ားကုိ မကဲ့ရဲ႕ဖုိ႔ ၾကမ္​းတမ္​းတဲ့စကား​ေတြနဲ႔ မ​ေျပာဖုိ႔ပါ။ျမတ္​စြာဘုရား သုႏၵရိတိတၳိ မိန္​းမပ်ဳိစိဥၨမာနတုိ႔ စြပ္​စြဲခံရတာဟာ ႏုစဥ္​အ​ေလာင္​း​ေတာ္​ဘဝကပ​ေစၥကဗုဒၶကုိ မိန္​းမပုံစံဝတ္​ၿပီး လူထင္​လြဲ​ေအာင္​ျပဳခဲ့လုိ႔တဲ့။

ဒုကၠစရိယ ၆ႏွစ္​က်င္​့ရျခင္​းလွည္​းကုန္​သည္​လႉတဲ့မုန္​႔ၾကမ္​းကုိ တစ္​ဝါတြင္​းလုံးဘုန္​​ေပးရျခင္​း​ေတြကနွုတ္ဝဋ္​​ေႂကြးပါ။အျပင္​လက္​​ေတြ႔ဘဝမွာလည္​းသူတစ္​ပါး အားနည္​းခ်က္​ကုိကဲ့ရဲ႕တဲ့သူ​ေတြျပန္​ဝဋ္​လည္​ပါတယ္​။ဆရာႀကီး​ေရႊဥ​ေဒါင္​းကသူရဲ႕ ဘဝတသက္​တာ စာအုပ္​ထဲမွာသူစကားထစ္​ရျခင္​း အ​ေၾကာင္​းကက​ေလးဘဝက စကားထ​စ္​တဲ့တန္​းအ​ေဖာ္​သူငယ္​ခ်င္​းကုိ ​ေျပာင္​တာက​ေနျဖစ္​ရတာပါလုိ႔ ​ေရးထားပါတယ္​။

လူ​ေလာကမွာ တခ်ဳိ့သူတစ္​ပါးကုိကဲ့ရဲ႕တာ ​ေနာက္​​ေျပာင္​တာကအစ ကုိယ္​တုိင္​​ေရာကုိယ္​​ေမြးတဲ့က​ေလးတုိ႔မွာအားနည္​း​ခ်က္​​ေတြပါလာတာ အမ်ားႀကီးပါ။​ေပ်ာ္​​ေစခ်င္​လုိ႔ ဟာသလုပ္​တာ​ေကာင္​းပါတယ္​သုိ႔​ေသာ္​လည္​း အေရမရ အ ဖတ္မရ အကုသုိလ္​ဝဋ္​မပါ​ေအာင္​သတိထားရင္​ အ​ေကာင္​းဆုံးပါ။
ဓမၼေအးရိပ္

#Unicode Version#

တချို့လူတွေ ပြောကြတဲ့ စကားရှိတယ်။သူများအပေါ်မဟုတ်တာမလုပ်ဘူး မကောင်းမကြံဘူး။ နှုတ်ကြမ်းတာ ဘာဖြစ်လည်း။ မှန်ပါတယ် နှုတ်ကြမ်းလို့ သူတစ်ပါးကဖြစ်ခြင်မှဖြစ်မှာပါ။ဖြစ်တာ ခံရတာက ကိုယ်ပါ။
မြတ်စွာဘုရား လက်ထက်ကအဗ္ဗပါလီပြည့်တန်ဆာမက ရုပ်ရည်လှပလို့ ဟိုမင်းကလိုချင် ဒီမင်းက ရချင်နဲ့ သူ့ကြောင့်စစ်ဖြစ်မှာစိုးလို့အများပိုင်အဖြစ်ပြည့်တန်ဆာမလုပ်ဖို့ ဖြစ်ခဲ့ရတာဟာ စိတ်ထားညံ့လို့ စေတနာနည်းလို့မဟုတ်ပါဘူး။အတိတ်ဘဝ စေတီရင်ပြင်မှာနေမကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ဘယ်သူမှန်းမသိပဲ စည်းကမ်းမဲ့တယ် စေတီရင်ပြင်ပေါ်ဘယ်ပြည့်တန်ဆာမက တံတွေး ထွေးသွားလဲလို့ စေတနာဒေါသ နှုတ်ဝဋ်ကြွေးကြောင့်ပါ။

နောက်တစ်ခုက အမျိုးသမီးတွေထဲ တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းရလဲဆိုရင် အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးက ခါးကုန်းတာကို သူငယ်ချင်းတွေရှေ့ ဟာသအဖြစ် ဖလားကိုင်ပြီး အိမ်မှာလာတဲ့ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးပါလို့ဟန်အမူရာလုပ် ပြောင်ခဲ့လို့ ခါးကုန်းဖြစ်ရတာပါ။

မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့ပါတယ်။သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့စကားတွေနဲ့ မပြောဖို့ပါ။မြတ်စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျိုစိဉ္ဇမာနတို့ စွပ်စွဲခံရတာဟာ နုစဉ်အလောင်းတော်ဘဝကပစ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်ပြီး လူထင်လွဲအောင်ပြုခဲ့လို့တဲ့။

ဒုက္ကစရိယ ၆နှစ်ကျင့်ရခြင်းလှည်းကုန်သည်လှူတဲ့မုန့်ကြမ်းကို တစ်ဝါတွင်းလုံးဘုန်ပေးရခြင်းတွေကနှုတ်ဝဋ်ကြွေးပါ။အပြင်လက်တွေ့ဘဝမှာလည်းသူတစ်ပါး အားနည်းချက်ကိုကဲ့ရဲ့တဲ့သူတွေပြန်ဝဋ်လည်ပါတယ်။ဆရာကြီးရွှေဥဒေါင်းကသူရဲ့ ဘဝတသက်တာ စာအုပ်ထဲမှာသူစကားထစ်ရခြင်း အကြောင်းကကလေးဘဝက စကားထစ်တဲ့တန်းအဖော်သူငယ်ချင်းကို ပြောင်တာကနေဖြစ်ရတာပါလို့ ရေးထားပါတယ်။

လူလောကမှာ တချို့သူတစ်ပါးကိုကဲ့ရဲ့တာ နောက်ပြောင်တာကအစ ကိုယ်တိုင်ရောကိုယ်မွေးတဲ့ကလေးတို့မှာအားနည်းချက်တွေပါလာတာ အများကြီးပါ။

ပျော်စေချ င်လို့ ဟာသလုပ်တာကောင်းပါတယ်သို့သော်လည်း အရေမရ အ ဖတ်မရ အကုသိုလ်ဝဋ်မပါအောင်သတိထားရင် အကောင်းဆုံးပါ။

No comments:

Post a Comment