Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 24, 2018

အဂၤါ သားသမီးေလးေတြ အေၾကာင္း…

အဂၤါေတြဟာ အျပင္ပန္း သ႑န္ တည္ၿငိမ္ ေအးေဆးစြာနဲ႔ ေနတတ္ၾကေပမဲ့ အင္မတန္မွ ေဒါသႀကီးတဲ့ ေန႔နာမ္ေတြ ျဖစ္ၾကတယ္… မဟုတ္ရင္ မခံခ်င္ၾကဘူး။ ေဒါသျဖစ္ရင္ အျပင္မွာ ေပါက္ကြဲၾကတာထက္ ပါးစပ္က ပူညံပူညံနဲ႔ ေရ႐ြတ္ေန တတ္ၾကတယ္… လူေတြအေပၚ ေဖာ္ေ႐ြစြာနဲ႔ ခင္မင္တတ္ပါတယ္… ဝတၱရား ပ်က္ကြက္မိ ရင္လည္း အျပန္ျပန္အလွန္လွန္ ေတြးပူေနတတ္ၾကတယ္…

မိသားစု ေတြ အေပၚမွာ ေပ်ာ္႐ႊင္မႈေတြ ေပးခ်င္တဲ့ စိတ္ေတြ ရွိၾကတယ္… တည္ၿငိမ္ ေအးခ်မ္းတဲ့ ပုံစံမ်ိဳးေပမဲ့ တခါတေလ မိသားစုထဲမွာ ေပါေၾကာင္ေၾကာင္ ႏိုင္တတ္ၾကတယ္။ အလုပ္လုပ္တဲ့ ေနရာမွာ သူမ်ားအေပၚ ဦးေဆာင္လိုတဲ့စိတ္ ရွိတယ္။ ကိုယ္လုပ္ရင္ ကိုယ္အေကာင္းလို႔ ထင္ျမင္တတ္ၾကတာ အဂၤါ…

အေကာင္းဆုံး ျဖစ္ေအာင္လည္း ႀကိဳးစားတတ္ၾကတယ္… အဂၤါေတြဟာ ကိုယ့္ကို ယုံၾကည္မႈ အျပည့္အဝ ရွိတယ္. . တခါတရံ ကိုယ့္ကိုယ္ပင္ ခ်ီးမြမ္းတတ္တယ္.. သူမ်ားေတြ ေျမႇာက္ေပးရင္ေတာ့ သိပ္မႀကိဳက္ဘူး.. အေပါင္းအသင္း သူငယ္ခ်င္းေတြၾကားမွာ ေအးေအးေဆးေဆး ေနတတ္ၾကတာ အဂၤါပါ။ တည္ၿငိမ္ေအးခ်မ္းတဲ့ အၿပဳံးေတြကိုလည္း ပိုင္ဆိုင္ထားၾကတယ္. .

ကိုယ့္အေပၚေကာင္းတဲ့လူ ဆိုရင္ လြယ္လြယ္နဲ႔ မေမ့တတ္သေလာက္ ကိုယ့္ အေပၚ မေကာင္းတဲ့လူဆိုရင္ေတာ့ တသက္လုံး ျပန္လွည့္ မၾကည့္တတ္ၾကဘူး… အဂၤါေတြဟာ တိရစာၦန္ေလးေတြကို အသည္းယားစြာနဲ႔ ခ်စ္တတ္ၾကတယ္.. အိမ္မက္ ထူးထူးဆန္းဆန္းေတြ မက္ရင္ သူငယ္ခ်င္းေတြကို သို႔မဟုတ္ မိသားစုထဲက လူတစ္ေယာက္ေယာက္ကို ျပန္လည္ၿပီး ေျပာျပခ်င္တတ္ၾကတယ္. .

ဝမ္းနည္းစရာ တစ္ခုခုနဲ႔ႀကဳံရင္ မ်က္ရည္ လြယ္တတ္ၾကတာ အဂၤါပါ… ေတာ္႐ုံနဲ႔ မေမ့တတ္ၾကဘူး။ သို႔ေပမဲ့ ေမ့ၿပီးသြားရင္လည္း သူမဟုတ္သလိုပဲ အသစ္တဖန္ ျပန္စတတ္ၾကတယ္… သူမ်ားအေပၚမွာ ကူညီေပးခ်င္တဲ့စိတ္ အျပည့္အဝရွိတယ္… အားနာတတ္တယ္။ စကားေျပာရင္လည္း သူမ်ားနားလည္ေအာင္ ရွင္းလင္းစြာနဲ႔ ေျပာျပတတ္ၾကတယ္… အမွတ္တရ ေတြကိုေတာ့ တခုမက်န္ မေမ့တတ္တာ အဂၤါပါပဲ… သီခ်င္းေအးေအးေလးေတြဆို တည္ၿငိမ္ေအးခ်မ္းတဲ့ ေနရာမွာ တိုးတိုးတိတ္တိတ္ နားက်ပ္နဲ႔ နားေထာင္ေနရတာေတြကို ႏွစ္သက္ၾကတာအဂၤါပါ…

အဂၤါသားသမီးေလးေတြဟာ အျမင္မွာ မထူးဆန္းဘူး ထင္ရေပမဲ့ တကယ္ ေတာ့ အမ်ားႏွင့္ မတူတဲ့အခ်က္ေတြကို ပိုင္ဆိုင္ထားသူေတြပါ.. သူတို႔ဟာ အေနေအးတယ္…. အရွက္အေၾကာက္ႀကီးတယ္…စိတ္ရင္း ေကာင္းသေလာက္ အားနာလည္း ႀကီးတတ္ၾကတယ္။ လူစိမ္းေတြနဲ႔ဆို မာနႀကီးသလိုလို ေနတတ္ၾကေပမဲ့ သူတို႔နဲ႔ ရင္းႏွီးတဲ့ သူေတြနဲ႔ၾကေတာ့ ကေလးေလး တစ္ေယာက္လို အၿမဲ ေပ်ာ္႐ႊင္ေနတတ္ ၾကတယ္….

႐ိုးသားၾကတယ္…. မ်ားေသာအားျဖင့္ စကားနည္းတယ္… လူအမ်ားႀကီး ေရွ႕မွာဆို စကားသိပ္မေျပာ ေပမဲ့… သူတို႔ ရင္းႏွီးတဲ့ သူေတြနဲ႔ဆို ေဖာင္ဖြဲ႕ေအာင္ ေျပာေနတတ္ တဲ့သူမ်ိဳး…. ႐ိုး႐ိုးေလး ေနရတာကို သေဘာက်တယ္.. ဒါေပမဲ့ ေခတ္နဲ႔ ေလ်ာ္ညီေအာင္လည္း ဝတ္တတ္ စားတတ္ ေနတတ္ ထိုင္တတ္ၾကတယ္..

အခ်စ္ေရးမွာ ကံေကာင္းၾကတယ္… ခ်စ္သူခင္သူလည္း ေပါတယ္… ခ်စ္သူရဲ႕ အလိုလိုက္ျခင္းကိုလည္း ခံရတတ္တယ္.. တကယ္ခ်စ္ တဲ့သူနဲ႔ပဲ လက္ထပ္ရလိမ့္မယ္….. ရည္းစားမမ်ားဘူး ဆိုေပမဲ့ ႏွစ္ေယာက္ သုံးေယာက္ ထားၿပီးမွ အခ်စ္စစ္ကို ေတြ႕လိမ့္မယ္… သူတို႔ကို ခင္တဲ့သူ ေပါၾကတယ္… အထူးသျဖင့္ သူတို႔ေလးေတြရဲ႕ ႐ိုးသားျခင္းကို သ ေဘာက်ၿပီး မိတ္ေဆြေပါတာ ျဖစ္တယ္….

အႏုပညာကို ႏွစ္သက္တယ္ အရမ္းႀကီးေတာ့ မ႐ူးသြပ္ဘူး… ဘယ္အရာကိုျဖစ္ျဖစ္ အရမ္းႀကီး အစြဲအလန္းမထားဘူး… ဒါ့ေၾကာင့္ သိပ္ၿပီး မခံစားရတတ္ဘူး… အထူးသျဖင့္ သူတို႔ေလးေတြက အလုပ္လုပ္ရမွာ ပ်င္းတတ္ ၾကတယ္.. ဒါေပမဲ့ သူတို႔ စိတ္ရွိတဲ့ အခ်ိန္ဆိုလည္း မၿငီးမျငဴ လုပ္တတ္ ၾကတယ္…

အအိပ္မက္တယ္ … အစားမႀကီးဘူး ဆိုေပမဲ့ အသင့္အတင့္ စားတတ္တဲ့သူမ်ိဳး.. သူတို႔ေလးေတြဟာ အရမ္း႐ိုးသား ၾကတဲ့အတြက္ ခ်စ္စရာ ေကာင္းၾကတယ္… မိသားစုမွာ သူတို႔ေလးေတြက အေရး ေပးခံရတယ္… အထူးျခားဆုံးကေတာ့ သူမ်ားေတြထက္ ႐ိုးသားတာ ေၾကာင့္… လူခ်စ္လူခင္ ေပါၾကတယ္…

ဦးဘုန္း

#Unicode Version#


အင်္ဂါတွေဟာ အပြင်ပန်း သဏ္ဍန် တည်ငြိမ် အေးဆေးစွာနဲ့ နေတတ်ကြပေမဲ့ အင်မတန်မှ ဒေါသကြီးတဲ့ နေ့နာမ်တွေ ဖြစ်ကြတယ်… မဟုတ်ရင် မခံချင်ကြဘူး။ ဒေါသဖြစ်ရင် အပြင်မှာ ပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ ရေရွတ်နေ တတ်ကြတယ်… လူတွေအပေါ် ဖော်ရွေစွာနဲ့ ခင်မင်တတ်ပါတယ်… ဝတ္တရား ပျက်ကွက်မိ ရင်လည်း အပြန်ပြန်အလှန်လှန် တွေးပူနေတတ်ကြတယ်…

မိသားစု တွေ အပေါ်မှာ ပျော်ရွှင်မှုတွေ ပေးချင်တဲ့ စိတ်တွေ ရှိကြတယ်… တည်ငြိမ် အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင် နိုင်တတ်ကြတယ်။ အလုပ်လုပ်တဲ့ နေရာမှာ သူများအပေါ် ဦးဆောင်လိုတဲ့စိတ် ရှိတယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ ထင်မြင်တတ်ကြတာ အင်္ဂါ…

အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်… အင်္ဂါတွေဟာ ကိုယ့်ကို ယုံကြည်မှု အပြည့်အဝ ရှိတယ်. . တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ်.. သူများတွေ မြှောက်ပေးရင်တော့ သိပ်မကြိုက်ဘူး.. အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ အေးအေးဆေးဆေး နေတတ်ကြတာ အင်္ဂါပါ။ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားကြတယ်. .

ကိုယ့်အပေါ်ကောင်းတဲ့လူ ဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်သလောက် ကိုယ့် အပေါ် မကောင်းတဲ့လူဆိုရင်တော့ တသက်လုံး ပြန်လှည့် မကြည့်တတ်ကြဘူး… အင်္ဂါတွေဟာ တိရစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်.. အိမ်မက် ထူးထူးဆန်းဆန်းတွေ မက်ရင် သူငယ်ချင်းတွေကို သို့မဟုတ် မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီး ပြောပြချင်တတ်ကြတယ်. .

ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင် မျက်ရည် လွယ်တတ်ကြတာ အင်္ဂါပါ… တော်ရုံနဲ့ မမေ့တတ်ကြဘူး။ သို့ပေမဲ့ မေ့ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန် ပြန်စတတ်ကြတယ်… သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ် အပြည့်အဝရှိတယ်… အားနာတတ်တယ်။ စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်… အမှတ်တရ တွေကိုတော့ တခုမကျန် မမေ့တတ်တာ အင်္ဂါပါပဲ… သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့ နေရာမှာ တိုးတိုးတိတ်တိတ် နားကျပ်နဲ့ နားထောင်နေရတာတွေကို နှစ်သက်ကြတာအင်္ဂါပါ…

အင်္ဂါသားသမီးလေးတွေဟာ အမြင်မှာ မထူးဆန်းဘူး ထင်ရပေမဲ့ တကယ် တော့ အများနှင့် မတူတဲ့အချက်တွေကို ပိုင်ဆိုင်ထားသူတွေပါ.. သူတို့ဟာ အနေအေးတယ်…. အရှက်အကြောက်ကြီးတယ်…စိတ်ရင်း ကောင်းသလောက် အားနာလည်း ကြီးတတ်ကြတယ်။ လူစိမ်းတွေနဲ့ဆို မာနကြီးသလိုလို နေတတ်ကြပေမဲ့ သူတို့နဲ့ ရင်းနှီးတဲ့ သူတွေနဲ့ကြတော့ ကလေးလေး တစ်ယောက်လို အမြဲ ပျော်ရွှင်နေတတ် ကြတယ်….

ရိုးသားကြတယ်…. များသောအားဖြင့် စကားနည်းတယ်… လူအများကြီး ရှေ့မှာဆို စကားသိပ်မပြော ပေမဲ့… သူတို့ ရင်းနှီးတဲ့ သူတွေနဲ့ဆို ဖောင်ဖွဲ့အောင် ပြောနေတတ် တဲ့သူမျိုး…. ရိုးရိုးလေး နေရတာကို သဘောကျတယ်.. ဒါပေမဲ့ ခေတ်နဲ့ လျော်ညီအောင်လည်း ဝတ်တတ် စားတတ် နေတတ် ထိုင်တတ်ကြတယ်..

အချစ်ရေးမှာ ကံကောင်းကြတယ်… ချစ်သူခင်သူလည်း ပေါတယ်… ချစ်သူရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတတ်တယ်.. တကယ်ချစ် တဲ့သူနဲ့ပဲ လက်ထပ်ရလိမ့်မယ်….. ရည်းစားမများဘူး ဆိုပေမဲ့ နှစ်ယောက် သုံးယောက် ထားပြီးမှ အချစ်စစ်ကို တွေ့လိမ့်မယ်… သူတို့ကို ခင်တဲ့သူ ပေါကြတယ်… အထူးသဖြင့် သူတို့လေးတွေရဲ့ ရိုးသားခြင်းကို သ ဘောကျပြီး မိတ်ဆွေပေါတာ ဖြစ်တယ်….

အနုပညာကို နှစ်သက်တယ် အရမ်းကြီးတော့ မရူးသွပ်ဘူး… ဘယ်အရာကိုဖြစ်ဖြစ် အရမ်းကြီး အစွဲအလန်းမထားဘူး… ဒါ့ကြောင့် သိပ်ပြီး မခံစားရတတ်ဘူး… အထူးသဖြင့် သူတို့လေးတွေက အလုပ်လုပ်ရမှာ ပျင်းတတ် ကြတယ်.. ဒါပေမဲ့ သူတို့ စိတ်ရှိတဲ့ အချိန်ဆိုလည်း မငြီးမငြူ လုပ်တတ် ကြတယ်…

အအိပ်မက်တယ် … အစားမကြီးဘူး ဆိုပေမဲ့ အသင့်အတင့် စားတတ်တဲ့သူမျိုး.. သူတို့လေးတွေဟာ အရမ်းရိုးသား ကြတဲ့အတွက် ချစ်စရာ ကောင်းကြတယ်… မိသားစုမှာ သူတို့လေးတွေက အရေး ပေးခံရတယ်… အထူးခြားဆုံးကတော့ သူများတွေထက် ရိုးသားတာ ကြောင့်… လူချစ်လူခင် ပေါကြတယ်…

No comments:

Post a Comment