Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 8, 2018

ျမန္မာ႔ေဆးဖက္ဝင္ ခ်င္းစိမ္းပင္


► အသံုးဝင္ပံု

ျမန္မာေဆးက်မ္းမ်ား အလိုအရ ခ်င္းစိမ္းသည္ ခ်ိဳခါး ေသာ အရသာ ရွိ၏ ။ ေအးေသာ သတၱိရွိ၏ ။ ႏႈတ္ကို ၿမိန္ေစ၏ ။ ေၾကက်က္လြယ္၏ ၊ ၀မ္းမီးကို ေတာက္ေစ၏ ၊ သလိပ္ သည္းေျခေဒါသကို ႏိုင္၏ ၊ ဆီး၀မ္းကိုရႊင္ေစ၏ ၊ အဆိပ္ကို ႏိုင္၏ ၊ အသံနာ ၊ ရင္နာ ၊ ေလနာတို႔ကို ႏိုင္၏ ။ျပင္းထန္ေသာ အနာေပါက္ျခင္း ႏွင့္ ထိခိုက္မႈ တို႕ေၾကာင့္ ျဖစ္ေသာ ေရာင္တင္းေသာ ေရာဂါတို႔ကို ေပ်ာက္ကင္းေစ၏ ။

► ဥအတက္အသံုးျပဳပံု

၁ ။ ခ်င္းစိမ္းရည္ႏွင့္ ပ်ားရည္ေရာစပ္၍ လ်က္ေပးပါက ႏွာေစးခ်ာင္းဆိုး ၊ ပန္းနာရင္က်ပ္ ေပ်ာက္၏ ။

၂ ။ ခ်င္းစိမ္းရည္ႏွင့္ ၾကက္သြန္နီဥမွ ၫွစ္၍ ရေသာ အရည္ကို သင့္ေလ်ာ္ေအာင္ ေရာေသာက္ေသာ္ ေအာ့အန္ျခင္း ၊ႀကိဳ႕ထိုးျခင္း ေပ်ာက္၏ ။

၃ ။ ခ်င္းစိမ္းႏွင့္ ပင္းစိမ္း ရြက္မွ ၫွစ္၍ရေသာ အရည္တို႔ကို အမွ်စပ္၍ ပ်ားရည္အနည္းငယ္ ထည့္ ေသာက္ေသာ္ ကာလ၀မ္းေရာဂါ ေပ်ာက္ကင္း၏ ။

၄ ။ ခ်င္းစိမ္း သတၱဳရည္ကို မီးတြင္ ေႏြးရံု ေႏႊး၍ နား၌ ခတ္ေသာ္ နားကိုက္ေရာဂါ ေပ်ာက္ကင္း၏ ။

၅ ။ ခ်င္းစိမ္းသတၱဳရည္ကို ႏွမ္းဆီႏွင့္ က်ိဳ၍ ရေသာဆီကို အဆစ္အမ်က္ ေရာင္ရမ္းေသာ ေနရာ၌ လိမ္းေပးေသာ္ အဆစ္အမ်က္ ကိုက္ျခင္း ၊ ေရာင္ရမ္းျခင္း ေပ်ာက္၏ ။

၆ ။ ခ်င္းစိမ္းကို ၀ါး၍ သြားကိုက္ေသာေနရာတြင္ ငံုထားပါက သြားကိုက္ျခင္း ၊ သြားနာျခင္း ေပ်ာက္၏ ။

၇ ။ ခ်င္းစိမ္း ၊ ထန္းလ်က္ ႏွင့္ ကြမ္းရြက္တို႔ကို ျပဳတ္ေသာက္ေသာ္ တုပ္ေကြးဖ်ား ေပ်ာက္၏ ။ အစာေၾကေစ၏ ။ သားဖြား မိခင္မ်ားအတြက္ ေသြးသားစင္ၾကယ္ေစသည္။

ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား
က်န္းမာေရးအတြက္ေဆးတစ္ခြက္

#Unicode Version#
► အသုံးဝင်ပုံ

မြန်မာဆေးကျမ်းများ အလိုအရ ချင်းစိမ်းသည် ချိုခါး သော အရသာ ရှိ၏ ။ အေးသော သတ္တိရှိ၏ ။ နှုတ်ကို မြိန်စေ၏ ။ ကြေကျက်လွယ်၏ ၊ ဝမ်းမီးကို တောက်စေ၏ ၊ သလိပ် သည်းခြေဒေါသကို နိုင်၏ ၊ ဆီးဝမ်းကိုရွှင်စေ၏ ၊ အဆိပ်ကို နိုင်၏ ၊ အသံနာ ၊ ရင်နာ ၊ လေနာတို့ကို နိုင်၏ ။ပြင်းထန်သော အနာပေါက်ခြင်း နှင့် ထိခိုက်မှု တို့ကြောင့် ဖြစ်သော ရောင်တင်းသော ရောဂါတို့ကို ပျောက်ကင်းစေ၏ ။

► ဥအတက်အသုံးပြုပုံ

၁ ။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချာင်းဆိုး ၊ ပန်းနာရင်ကျပ် ပျောက်၏ ။

၂ ။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ ရသော အရည်ကို သင့်လျော်အောင် ရောသောက်သော် အော့အန်ခြင်း ၊ကြို့ထိုးခြင်း ပျောက်၏ ။

၃ ။ ချင်းစိမ်းနှင့် ပင်းစိမ်း ရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့် သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏ ။

၄ ။ ချင်းစိမ်း သတ္တုရည်ကို မီးတွင် နွေးရုံ နွှေး၍ နား၌ ခတ်သော် နားကိုက်ရောဂါ ပျောက်ကင်း၏ ။

၅ ။ ချင်းစိမ်းသတ္တုရည်ကို နှမ်းဆီနှင့် ကျို၍ ရသောဆီကို အဆစ်အမျက် ရောင်ရမ်းသော နေရာ၌ လိမ်းပေးသော် အဆစ်အမျက် ကိုက်ခြင်း ၊ ရောင်ရမ်းခြင်း ပျောက်၏ ။

၆ ။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း ၊ သွားနာခြင်း ပျောက်၏ ။

၇ ။ ချင်းစိမ်း ၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏ ။ အစာကြေစေ၏ ။ သားဖွား မိခင်များအတွက် သွေးသားစင်ကြယ်စေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

No comments:

Post a Comment