Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 12, 2018

ဖခင်၏ဈာပနသို့ရဲမင်းပိုင် ပြန်မလာနိုင်


ရုပ်ရှင်သရုပ်ဆောင် ဦးဌေးဝင်း၏ ရုပ်ကလာပ်ကို ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)မွန်းတည့် ၁၂ နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ပြီး ဈာပနသို့ သရုပ်ဆောင် ရဲမင်းပိုင် ပြန်မလာနိုင်ကြောင်း သိရသည်။

“မပြန်လာနိုင်သေးဘူးလို့ ပြောပါတယ်”ဟု ရဲမင်းပိုင်၏ ရင်းနှီးသူတဦးကပြောသည်။

ဦးဌေးဝင်းသည် ဒီဇင်ဘာ ၉ ရက် နံနက် ၂နာရီ၊ မိနစ် ၂၀ ခန့်က ကွယ်လွန်သွားခဲ့ခြင်းပြီး ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်ရဲမင်းပိုင်မှာ လက်ရှိတွင် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိ ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက်က မြန်မာနိုင်ငံသို့ ပြည်တော်ပြန်လာရောက်ခဲ့ပြီး ၁၄ နှစ်ကြာဝေးကွာနေသည့် မိသားစုနှင့် ပြန်လည်ဆုံစည်းခဲ့သည်။

ကိုလင်း
Photo – ရွှေဖီး
Caption – နှစ်ပေါင်းများစွာကြာပြီးမှ ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့သည့် သားအဖနှစ်ဦး၏ ၀မ်းနည်းဝမ်းသာ မျက်ရည် (၃၁-၁-၂၀၁၈)

No comments:

Post a Comment