Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

(၄)ေလာင္းၿပိဳင္လူသတ္မႈတရားခံေျပး(၂)ဦးအားရဲတပ္ဖြဲ႔က ဖမ္းလိုက္ျပီ


ထိုင္းႏိုင္ငံမဲေဆာက္(၄)ေလာင္းၿပိဳင္လူသတ္မႈတရားခံေျပး(၂)ဦးအား ၿမိဳင္ကေလးရဲတပ္ဖြဲ႔ကဖမ္းဆီးရမိ ။ ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕မဲေသာင္ေက်းရြာ အုပ္စု(၁)တြင္ျမန္မာလုပ္သားမိသားစုဝင္ေလးဦးအားသတ္ၿပီးထြက္ေျပးတိမ္းေ႐ွာင္ေနသူ(၂)ဦးအား ဘားအံၿမိဳ႕နယ္ ၿမိဳင္ကေလးရဲတပ္ဖြဲ႔စခန္းမွစခန္းမွဴးရဲအုပ္ေဇာ္လင္းနယ္ထိန္းဒုတပ္ၾကပ္ ထြန္းမင္းလတ္ ထံသို႔ဖားပုေက်းရြာသားမ်ား၏ သတင္းေပးမႈ့ေၾကာင့္ ဒီဇင္ဘာ(၁၉)ရက္ညေန၆နာရီခန္႔ကဖမ္းဆီးရမိခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါဖမ္းဆီးရမိသူမ်ားမွာ အစြယ္ ေျမာက္ဦးၿမိဳ႕ေနသူႏွင့္ ေဇာ္ေဇာ္မင္းျပားၿမိဳ႕ေနသူမ်ားျဖစ္ေၾကာင္း သိရပါတယ္။အဆိုပါဖမ္းဆီးရမိသူမ်ားအား ဘားအံၿမိဳ႕မွစခန္းတြင္စစ္ေဆးေနေၾကာင္းသိရၿပီး အဆိုပါ၂ဦးအနက္ ေလးလသားခေလးငယ္အား ေျခေထာက္ျဖင့္နင္းသတ္ခဲ့သူတဦးပါေၾကာင္း၄င္းတို႔၏အစစ္ခံခ်က္အရသိရပါတယ္။
အေရႊႏွင့္အငယ္ေကာင္သည္ ယခင္ကလည္း မူးယစ္ရမ္းကားမႈမ်ားေၾကာင့္ ရပ္ကြက္လံုၿခံဳေရးအဖြဲ႔မ်ား၏ ဖမ္းဆီးျခင္းခံရဖူးသူမ်ားျဖစ္ၿပီး အေရႊႏွင့္မထြန္းေမသည္လင္မယားျဖစ္သည္။အိမ္းနီးခ်င္းမ်ားျဖစ္ၾကၿပီး စကားမ်ားရာမွမေက်နပ္ေသာေၾကာင့္ ေသဆံုးသူမိသားစုမ်ားအိပ္ေပ်ာ္ေနစဥ္ နံနက္ ၁ နာရီေက်ာ္ခန္႔က အေရႊႏွင့္အေပါင္းပါမ်ားက အိမ္ေပၚသို႔တက္လာကာ အိပ္ေပ်ာ္ေနသူမ်ားကိုတုတ္ျဖင့္ ရိုက္သတ္ခဲ့ျခင္းျဖစ္သည္ဟု ထိုင္းသတင္းမ်ားတြင္ေဖာ္ ျပထားသည္။အသတ္ခံရသူ မိသားစု၀င္မ်ားမွာသထံုခရိုင္ေက်ာက္ေရတြင္းရြာမွ ပအို၀့္လူမ်ိဳးမ်ားျဖစ္ၾကသည့္ ကတံုး (၄၅) ႏွစ္ မခင္လွ (၄၀) ေပါဒင္း (၄) ႏွစ္ ေလးလသားအရြယ္ သားေယာေက်ၤားေလးတဦးတို႔ျဖစ္ၾကသည္။

ေလးေလာင္းၿပိဳင္အသတ္ခံရသည့္ ျမန္မာႏိုင္ငံသား (၄) ဦး၏ စ်ာပနအမႈကို မနက္ျဖန္ျပဳလုပ္မည္။သတင္း – ကရင္အမ်ိဳးသားမီဒီယာ ။မဲေဆာက္ၿမိဳ႕တြင္ ေလးေလာင္းၿပိဳင္အသတ္ခံခဲံရသည့္ ျမန္မာႏိုင္ငံသား (၄) ဦး၏စ်ာပနအတြက္ မနက္ျဖန္မြန္းလႊဲပိုင္းတြင္ မယ္ေတာ္ဘုန္းေတာ္ႀကီးေက်ာင္း (၀ပ္ထိုင္း၀ပ္ထနာလမ္) မွတဆင့္ မယ္ေတာ္သုသာန္သို႔ပို႔ေဆာင္ၿပီး စ်ာပနအမႈကိုျပဳလုပ္မည္ျဖစ္သည္။

ေသဆံုးသူမ်ား၏ရုပ္ကလာပ္မ်ားကို ယေန႔တြင္မယ္ေတာ္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ထားရိွၿပီး အသုဘပို႔လိုက္ပါလိုသူမ်ား မယ္ေတာ္ဘုန္းေတာ္ႀကီးေက်ာင္းသို႔ မြန္းလႊဲ (၁) ရီအခ်ိန္မတိုင္မီ ေရာက္ရိွၾကပါရန္ က်န္ရစ္သူေဆြမ်ိဳးမ်ားကဆိုသည္။ေသဆံုးသူမ်ားမွာ ေလးလသားကေလးငယ္တဦး ေလးႏွစ္သားကေလးငယ္တဦး ဦးကတံုး (၄၅) ႏွစ္ မခင္လွ (၄၀) ႏွစ္တို႔ျဖစ္သည္။

ထြက္ေျပးတိမ္းေရွာင္ေနရာမွ ယမန္ေန႔ကဖမ္းဆီးရမိခဲ့သည့္ မထူးျမင့္၏ထြက္ဆိုခ်က္အရ ယခုလ (၁၅) ရက္ေန႔က ႏွစ္ဖက္စကားမ်ားရန္ျဖစ္ၾကရာမွအစျပဳ၍ ေသဆံုးသူမိသားစု၀င္မ်ား အိပ္ေပ်ာ္ေ်နစဥ္ ည ၁၀ နာရီေက်ာ္ခန္႔တြင္ အိမ္ေပၚတက္၍ တုတ္ျဖင့္ရိုတ္သတ္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။ပံုစာ – ေလးေလာင္းၿပိဳင္လူသတ္မႈအတြက္ ထိုင္းရဲကအပူတျပင္းလိုက္လံရွာေဖြေနသည့္ ဖမ္၀ရမ္းထုတ္ထားသူ အေရႊ အငယ္ေကာင္ ႏွင့္ ယမန္ေန႔ကဖမ္းမိခဲ့ေသာမထူးျမင့္ (၄၇) ႏွစ္။

ကရင္အမ်ဳိးသား မီဒီယာ

==========

ထိုင်းနိုင်ငံမဲဆောက်(၄)လောင်းပြိုင်လူသတ်မှုတရားခံပြေး(၂)ဦးအား မြိုင်ကလေးရဲတပ်ဖွဲ့ကဖမ်းဆီးရမိ ။ ထိုင်းနိုင်ငံမဲဆောက်မြို့မဲသောင်ကျေးရွာအုပ်စု(၁)တွင်မြန်မာလုပ်သားမိသားစုဝင်လေးဦးအားသတ်ပြီးထွက်ပြေးတိမ်းရှောင်နေသူ(၂)ဦးအား ဘားအံမြို့နယ် မြိုင်ကလေးရဲတပ်ဖွဲ့စခန်းမှစခန်းမှူ းရဲအုပ်ဇော်လင်းနယ်ထိန်းဒုတပ်ကြပ် ထွန်းမင်းလတ် ထံသို့ဖားပုကျေးရွာသားများ၏ သတင်းပေးမှု့ကြောင့်ဒီဇင်ဘာ(၁၉)ရက်ညနေ၆နာရီခန့်ကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

အဆိုပါဖမ်းဆီးရမိသူများမှာ အစွယ် မြောက်ဦးမြို့နေသူနှင့် ဇော်ဇော်မင်းပြားမြို့နေသူများဖြစ်ကြောင်း သိရပါတယ်။အဆိုပါဖမ်းဆီးရမိသူများအား ဘားအံမြို့မှစခန်းတွင်စစ်ဆေးနေကြောင်းသိရပြီး အဆိုပါ၂ဦးအနက်လေးလသားခလေးငယ်အား ခြေထောက်ဖြင့်နင်းသတ်ခဲ့သူတဦးပါကြောင်း၄င်းတို့၏အစစ်ခံချက်အရသိရပါတယ်။Ko Ye Gyi

အရွှေနှင့်အငယ်ကောင်သည် ယခင်ကလည်း မူးယစ်ရမ်းကားမှုများကြောင့် ရပ်ကွက်လုံခြုံရေးအဖွဲ့များ၏ဖမ်းဆီးခြင်းခံရဖူးသူများဖြစ်ပြီး အရွှေနှင့်မထွန်းမေသည်လင်မယားဖြစ်သည်။အိမ်းနီးချင်းများဖြစ်ကြပြီးစကားများရာမှမကျေနပ်သောကြောင့် သေဆုံးသူမိသားစုများအိပ်ပျော်နေစဉ် နံနက် ၁ နာရီကျော်ခန့်ကအရွှေနှင့်အပေါင်းပါများက အိမ်ပေါ်သို့တက်လာကာအိပ်ပျော်နေသူများကို တုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများတွင်ဖော် ပြထားသည်။အသတ်ခံရသူ မိသားစုဝင်များမှာ သထုံခရိုင်ကျောက်ရေတွင်းရွာမှ ပအိုဝ့်လူမျိုးများဖြစ်ကြသည့် ကတုံး (၄၅) နှစ် မခင်လှ (၄၀) ပေါဒင်း (၄) နှစ် လေးလသားအရွယ် သားယောကျေင်္ားလေးတဦးတို့ဖြစ်ကြသည်။

လေးလောင်းပြိုင်အသတ်ခံရသည့် မြန်မာနိုင်ငံသား(၄) ဦး၏ စျာပနအမှုကို မနက်ဖြန်ပြုလုပ်မည်။သတင်း– ကရင်အမျိုးသားမီဒီယာ ။မဲဆောက်မြို့တွင် လေးလောင်းပြိုင်အသတ်ခံခဲံရသည့် မြန်မာနိုင်ငံသား (၄) ဦး၏စျာပနအတွက် မနက်ဖြန်မွန်းလွှဲပိုင်းတွင်မယ်တော်ဘုန်းတော်ကြီးကျောင်း (ဝပ်ထိုင်းဝပ်ထနာလမ်) မှတဆင့် မယ်တော်သုသာန်သို့ပို့ဆောင်ပြီး စျာပနအမှုကိုပြုလုပ်မည်ဖြစ်သည်။

သေဆုံးသူများ၏ရုပ်ကလာပ်များကို ယနေ့တွင်မယ်တော်ဘုန်းတော်ကြီးကျောင်းတွင်ထားရှိပြီးအသုဘပို့လိုက်ပါလိုသူများ မယ်တော်ဘုန်းတော်ကြီးကျောင်းသို့ မွန်းလွှဲ (၁) ရီအချိန်မတိုင်မီ ရောက်ရှိကြပါရန် ကျန်ရစ်သူဆွေမျိုးများကဆိုသည်။သေဆုံးသူများမှာ လေးလသားကလေးငယ်တဦး လေးနှစ်သားကလေးငယ်တဦး ဦးကတုံး (၄၅) နှစ် မခင်လှ (၄၀) နှစ်တို့ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေရာမှ ယမန်နေ့ကဖမ်းဆီးရမိခဲ့သည့် မထူးမြင့်၏ထွက်ဆိုချက်အရ ယခုလ (၁၅) ရက်နေ့က နှစ်ဖက်စကားများရန်ဖြစ်ကြရာမှအစပြု၍သေဆုံးသူမိသားစုဝင်များ အိပ်ပျော်ေျနစဉ် ည ၁၀ နာရီကျော်ခန့်တွင် အိမ်ပေါ်တက်၍ တုတ်ဖြင့်ရိုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ပုံစာ – လေးလောင်းပြိုင်လူသတ်မှုအတွက် ထိုင်းရဲကအပူတပြင်းလိုက်လံရှာဖွေနေသည့် ဖမ်ဝရမ်းထုတ်ထားသူ အရွှေ အငယ်ကောင် နှင့် ယမန်နေ့ကဖမ်းမိခဲ့သောမထူးမြင့် (၄၇) နှစ်။

ကရင်အမျိုးသား မီဒီယာ

No comments:

Post a Comment