Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

မဲေဆာက္က ေလးေလာင္းၿပိဳင္လူသတ္သမား (၂) ဦးကို ဘာအံၿမိဳ ႔တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ကဖမ္းဆီးရမိ


ဒီဇင္ဘာ - ၁၉ - ၂၀၁၈
ဖမ္းဆီးရမိသူႏွစ္ဦးမွာ ကိုေဆြ ေက်ာက္ျဖဴၿမိဳနယ္ႏွင့္ေဇာ္ေဇာ္ မင္းျပားၿမိဳ ႔နယ္ ရခိုင္ျပည္နယ္မွျဖစ္ၾကၿပီး ၎တို႔ကို ၿမိဳင္ကေလးရြာတြင္ ျပည္သူမ်ား၏သတင္းေပးမႈေၾကာင့္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါဖမ္းဆီးရမိမႈမွန္ကန္ေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖြဲ႔မွ ရဲအရာရိွႀကီးတဦးက ကရင္အမ်ိဳးသားမီဒီယာသို႔ အတည္ျပဳေျပာဆိုခဲ့သည္။

စစ္ေဆးခ်က္မ်ားအရ ေလးေလာင္းၿပိဳင္လူသတ္မႈႏွင့္ပတ္သက္၍ ကိုေဆြႏွင့္ေဇာ္ေဖာ္တို႔ႏွစ္ဦးက ၾကဴးလြန္ခဲ့ေၾကာင္း ၀န္ခံထြက္ဆိုခဲ့ၾကသည္။
၎တို႔ႏွစ္ဦးအနက္တဦးက လသားအရြယ္ကေလးငယ္ကို ေျခေထာက္ျဖင့္ႏွင္းသတ္ခဲ့ျခင္းျဖစ္သည္ဟုလည္း ထြက္ဆိုခဲ့သည္။

၎တို႔ႏွစ္ဦးကိုဖမ္းဆီးရမိခဲ့သည့္ ၿမိဳင္ကေလးေက်းရြာအနီးရိွ ဖားပုရြာသည္ ကိုေဆြ၏ဇနီးမထြန္းေမ၏ ဇာတိေက်းရြာျဖစ္သည္။ေလးေလာင္းၿပိဳင္လူသတ္မႈအတြက္ ထိုင္းရဲတပ္ဖြဲ႔က အလိုရိွေနသူ (၃) ဦးမွာ ကိုေဆြ (ခ) အေရႊ - ေဇာ္ေဇာ္ (ခ)အငယ္ေကာင္ - မထြန္းေမတို႔ျဖစ္ၿပီး မထြန္းေမကိုမူ ထိုင္းအာဏာပိုင္မ်ားက မဲေဆာက္ၿမိဳ ႔တြင္ ယမန္ေန႔ကဖမ္းဆီးရမိခဲ့သည္။

ကိုေဆြႏွင့္ေဇာ္ေဇာ္တို႔သည္ မဲေဆာက္ၿမိဳ႔တြင္ အေရႊႏွင့္အငယ္ေကာင္ဟူသည့္ အမည္မ်ားျဖင့္ေနထိုင္ၾကသူမ်ားျဖစ္သည္။
ကရင္အမ်ဳိးသား မီဒီယာ
ဓာတ္ပံု - ကရင္ျပည္နယ္ရဲတပ္ဖြဲ႔
ပံုစာ - ဘားအံၿမိဳ ႔ရဲစခန္းတြင္ ယေန႔ညပိုင္းကျမင္ေတြ႔ရသည့္ မဲေဆာက္ၿမိဳ ႔က ေလးေလာင္းၿပိဳင္လူသတ္မႈမွထြက္ေျပးသြားသူ ကိုေဆြႏွင့္ေဇာ္ေဇာ္ ။


ဒီဇင်ဘာ - ၁၉ - ၂၀၁၈
ဖမ်းဆီးရမိသူနှစ်ဦးမှာ ကိုဆွေ ကျောက်ဖြူမြိုနယ်နှင့်ဇော်ဇော် မင်းပြားမြို ့နယ် ရခိုင်ပြည်နယ်မှဖြစ်ကြပြီး ၎င်းတို့ကို မြိုင်ကလေးရွာတွင် ပြည်သူများ၏သတင်းပေးမှုကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖမ်းဆီးရမိမှုမှန်ကန်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက ကရင်အမျိုးသားမီဒီယာသို့ အတည်ပြုပြောဆိုခဲ့သည်။
စစ်ဆေးချက်များအရ လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ကိုဆွေနှင့်ဇော်ဖော်တို့နှစ်ဦးက ကြူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသည်။
၎င်းတို့နှစ်ဦးအနက်တဦးက လသားအရွယ်ကလေးငယ်ကို ခြေထောက်ဖြင့်နှင်းသတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထွက်ဆိုခဲ့သည်။
၎င်းတို့နှစ်ဦးကိုဖမ်းဆီးရမိခဲ့သည့် မြိုင်ကလေးကျေးရွာအနီးရှိ ဖားပုရွာသည် ကိုဆွေ၏ဇနီးမထွန်းမေ၏ ဇာတိကျေးရွာဖြစ်သည်။လေးလောင်းပြိုင်လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသူ (၃) ဦးမှာ ကိုဆွေ (ခ) အရွှေ - ဇော်ဇော် (ခ)အငယ်ကောင် - မထွန်းမေတို့ဖြစ်ပြီး မထွန်းမေကိုမူ ထိုင်းအာဏာပိုင်များက မဲဆောက်မြို ့တွင် ယမန်နေ့ကဖမ်းဆီးရမိခဲ့သည်။

ကိုဆွေနှင့်ဇော်ဇော်တို့သည် မဲဆောက်မြို့တွင် အရွှေနှင့်အငယ်ကောင်ဟူသည့် အမည်များဖြင့်နေထိုင်ကြသူများဖြစ်သည်။

ကရင်အမျိုးသား မီဒီယာ
ဓာတ်ပုံ - ကရင်ပြည်နယ်ရဲတပ်ဖွဲ့

ပုံစာ - ဘားအံမြို ့ရဲစခန်းတွင် ယနေ့ညပိုင်းကမြင်တွေ့ရသည့် မဲဆောက်မြို ့က လေးလောင်းပြိုင်လူသတ်မှုမှထွက်ပြေးသွားသူ ကိုဆွေနှင့်ဇော်ဇော် ။

No comments:

Post a Comment