Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

သရက္သီးေစ့ကေန ရ ရွိႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူး


သရက္သီးရဲ႕  အသားကိုစားၾကေပမဲ့  သရက္ေစ့ကိုေတာ့စားတာမ်ိဳးရွားပါတယ္။  ဒါေပမဲ့ သည္လိုမစားဘဲေနတဲ့ သရက္သီးေစ့ကေနလည္း က်န္းမာေရးအက်ိဳး ေက်းဇူးေတြရရွိႏိုင္ပါတယ္။ သရက္သီးေစ့ကို  အေျခာက္ခံအမႈန႔္လုပ္ၿပီးစားသုံးေပးလို႔ရပါတယ္။ သရက္သီးေစ့မွာ bioactive နဲ႔ phenolic  တို႔လိုမ်ိဳး bioactive  ဓာတ္ေတြမ်ားစြာပါဝင္ေနသလို ဓာတ္တိုးဆန႔္က်င္အာနိသင္ေတြလည္း မ်ားစြာပါဝင္ေနၿပီး  unsaturated fatty acid  တို႔လည္း ပါဝင္ေနပါေသးတယ္။

သရက္သီးေစ့ဆိုတဲ့  ေနရာမွာမမွည့္ေသးတဲ့ သရက္သီးရဲ႕အေစ့ျဖဴျဖဴေလးေတြကိုစားခိုင္းတာပါ။ သရက္သီးက ရင့္မွည့္လာေလေလမာေက်ာေလေလပါ။ သရက္သီးေစ့က    ေဗာက္ေပ်ာက္ေစၿပီး ဆံသားကိုက်န္းမာသန္စြမ္းေတာက္ေျပာင္ေစႏိုင္ပါတယ္။ အစာေျခစနစ္အတြက္ဆိုရင္ေတာ့ အစာေၾကေစၿပီး  ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးတဲ့အျပင္ ခႏၶာကိုယ္ရဲ႕ ပိုလွ်ံေနတဲ့အေလးခ်ိန္ကိုေလွ်ာ့ခ်ရာမွာလည္း ထိေရာက္မႈရွိေစပါတယ္။


အေရျပားနဲ႔  သရက္ေစ့
သရက္ေစ့မွာ ဓာတ္တိုးဆန႔္က်င္အာနိသင္ေတြႂကြယ္ဝစြာပါဝင္တာေၾကာင့္   အေရျပားမွာျဖစ္တဲ့ ေရာင္ရမ္းမႈ၊ ဝက္ၿခံ၊  ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာ႐ြတ္၊ မ်က္ႏွာအသားအေရမွာ  အေရးအေၾကာင္းျဖစ္တာနဲ႔ အသက္အ႐ြယ္ေၾကာင့္  အေရျပားမွာအစက္အေျပာက္ေတြျဖစ္တာကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။


ဆံသားအတြက္ သရက္ေစ့
သရက္ေစ့အမႈန႔္ကို ေရနဲ႔ေရာစပ္ၿပီး ဆံသားေပၚမွာေပါင္းတင္ေပးမယ္ဆိုရင္   ဆံပင္ကိုအရင္းကေနအဖ်ားထိသန္မာေစမွာျဖစ္ပါတယ္။ သည္အႏွစ္ကို ဦးေရျပားေပၚမွာ လူးေပး မယ္ဆိုရင္ ေဗာက္ေတြကို ေလ်ာ့ပါးသက္သာေစမွာျဖစ္ပါတယ္။

ဆီးခ်ိဳနဲ႔  သရက္ေစ့
သရက္ေစ့အေျခာက္ခံထားတဲ့ အမႈန႔္ကိုပုံမွန္စားသုံးေပးမယ္ဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို  ထိန္းညႇိေပးႏိုင္မွာျဖစ္ပါတယ္။ ဆီးခ်ိဳေဝဒနာခံစားရေနသူ မွီဝဲဖို႔သင့္ေတာ္တဲ့    သဘာဝေဆးတစ္မ်ိဳးပါ။  ဆီးခ်ိဳမျဖစ္ေအာင္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ စားသုံးလို႔လည္းရပါတယ္။

ေရာင္ရမ္းျခင္းနဲ႔   သရက္ေစ့
အစာေျခစနစ္ကေနစလို႔    နာတာရွည္ေရာဂါ၊ လိပ္ေခါင္း၊  ေဂါက္ေရာဂါေတြနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာျဖစ္တဲ့ ေရာင္ရမ္းမႈေဝဒနာေတြကို ေလ်ာ့ပါးသက္သာေစဖို႔ အတြက္  ေရွးအစဥ္အဆက္ကေရာ အခုလက္ရွိအခ်ိန္မွာပါ သရက္ေစ့ကိုအသုံးျပဳခဲ့ၾကပါတယ္။

ႏွလုုံးေသြးေၾကာဆိုင္ရာ  ေရာဂါေတြနဲ႔ သရက္ေစ့
သရက္ေစ့က  ေသြးတြင္း ကိုလက္စထေရာကိုက်ဆင္းေစႏိုင္စြမ္းရွိၿပီး ဇီဝတြင္းျဖစ္စဥ္ေတြကို လႈံ႕ေဆာ္ေပးႏိုင္တာေၾကာင့္   ကိုယ္အေလးခ်ိန္ကိုက်ေအာင္လႈံ႕ေဆာ္ေပးပါတယ္။  ႏွလုံးေသြးေၾကာက်န္းမာေရးကိုလည္း တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။

သရက္ေစ့ကို ဘယ္လိုစားမလဲ

•    သရက္သီးစိမ္းရဲ႕ အေစ့ကိုစားရမွာပါ။
•    သရက္သီးကို  ထက္ျခမ္း ျခမ္းၿပီးသရက္ေစ့ကို ဇြန္းဒါမွမဟုတ္ ဓားသုံးၿပီး ေကာ္ထုတ္လိုက္ပါ။ 
•    ၿပီးရင္ေတာ့  ေရစင္ေအာင္ေဆးလိုက္ပါ။
•    အစိမ္းလိုက္ဝါးစားလို႔လည္းရပါတယ္။
•    ေနျပအေျခာက္ခံၿပီး  အမႈန႔္လုပ္ၿပီးစားလို႔လည္းရပါတယ္။

Kumudra
.............................................
#Unicode Version#

သရက်သီးရဲ့  အသားကိုစားကြပေမဲ့  သရက်စေ့ကိုတော့စားတာမျိုးရှားပါတယ်။  ဒါပေမဲ့ သည်လိုမစားဘဲနေတဲ့ သရက်သီးစေ့ကနေလည်း ကျန်းမာရေးအကျိုး ကျေးဇူးတွေရရှိနိုင်ပါတယ်။ သရက်သီးစေ့ကို  အခြောက်ခံအမှုန့်လုပ်ပြီးစားသုံးပေးလို့ရပါတယ်။ သရက်သီးစေ့မှာ bioactive နဲ့ phenolic  တို့လိုမျိုး bioactive  ဓာတ်တွေများစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်အာနိသင်တွေလည်း များစွာပါဝင်နေပြီး  unsaturated fatty acid  တို့လည်း ပါဝင်နေပါသေးတယ်။

သရက်သီးစေ့ဆိုတဲ့  နေရာမှာမမှည့်သေးတဲ့ သရက်သီးရဲ့အစေ့ဖြူဖြူလေးတွေကိုစားခိုင်းတာပါ။ သရက်သီးက ရင့်မှည့်လာလေလေမာကျောလေလေပါ။ သရက်သီးစေ့က    ဗောက်ပျောက်စေပြီး ဆံသားကိုကျန်းမာသန်စွမ်းတောက်ပြောင်စေနိုင်ပါတယ်။ အစာခြေစနစ်အတွက်ဆိုရင်တော့ အစာကြေစေပြီး  ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ပိုလျှံနေတဲ့အလေးချိန်ကိုလျှော့ချရာမှာလည်း ထိရောက်မှုရှိစေပါတယ်။


အရေပြားနဲ့  သရက်စေ့

သရက်စေ့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်တာကြောင့်   အရေပြားမှာဖြစ်တဲ့ ရောင်ရမ်းမှု၊ ဝက်ခြံ၊  ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်၊ မျက်နှာအသားအရေမှာ  အရေးအကြောင်းဖြစ်တာနဲ့ အသက်အရွယ်ကြောင့်  အရေပြားမှာအစက်အပြောက်တွေဖြစ်တာကို လျော့ပါးသက်သာစေနိုင်ပါတယ်။


ဆံသားအတွက် သရက်စေ့

သရက်စေ့အမှုန့်ကို ရေနဲ့ရောစပ်ပြီး ဆံသားပေါ်မှာပေါင်းတင်ပေးမယ်ဆိုရင်   ဆံပင်ကိုအရင်းကနေအဖျားထိသန်မာစေမှာဖြစ်ပါတယ်။ သည်အနှစ်ကို ဦးရေပြားပေါ်မှာ လူးပေး မယ်ဆိုရင် ဗောက်တွေကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

ဆီးချိုနဲ့  သရက်စေ့

သရက်စေ့အခြောက်ခံထားတဲ့ အမှုန့်ကိုပုံမှန်စားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို  ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ဆီးချိုဝေဒနာခံစားရနေသူ မှီဝဲဖို့သင့်တော်တဲ့    သဘာဝဆေးတစ်မျိုးပါ။  ဆီးချိုမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားသုံးလို့လည်းရပါတယ်။

ရောင်ရမ်းခြင်းနဲ့   သရက်စေ့

အစာခြေစနစ်ကနေစလို့    နာတာရှည်ရောဂါ၊ လိပ်ခေါင်း၊  ဂေါက်ရောဂါတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တဲ့ ရောင်ရမ်းမှုဝေဒနာတွေကို လျော့ပါးသက်သာစေဖို့ အတွက်  ရှေးအစဉ်အဆက်ကရော အခုလက်ရှိအချိန်မှာပါ သရက်စေ့ကိုအသုံးပြုခဲ့ကြပါတယ်။

နှလုံးသွေးကြောဆိုင်ရာ  ရောဂါတွေနဲ့ သရက်စေ့

သရက်စေ့က  သွေးတွင်း ကိုလက်စထရောကိုကျဆင်းစေနိုင်စွမ်းရှိပြီး ဇီဝတွင်းဖြစ်စဉ်တွေကို လှုံ့ဆော်ပေးနိုင်တာကြောင့်   ကိုယ်အလေးချိန်ကိုကျအောင်လှုံ့ဆော်ပေးပါတယ်။  နှလုံးသွေးကြောကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

သရက်စေ့ကို ဘယ်လိုစားမလဲ

•    သရက်သီးစိမ်းရဲ့ အစေ့ကိုစားရမှာပါ။

•    သရက်သီးကို  ထက်ခြမ်း ခြမ်းပြီးသရက်စေ့ကို ဇွန်းဒါမှမဟုတ် ဓားသုံးပြီး ကော်ထုတ်လိုက်ပါ။ 

•    ပြီးရင်တော့  ရေစင်အောင်ဆေးလိုက်ပါ။

•    အစိမ်းလိုက်ဝါးစားလို့လည်းရပါတယ်။

•    နေပြအခြောက်ခံပြီး  အမှုန့်လုပ်ပြီးစားလို့လည်းရပါတယ်။     

No comments:

Post a Comment