Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 13, 2018

လိပ္ေခါင္းေရာဂါကုသနည္း


လိပ္ေခါင္းဆိုတာ လူေတြကို စိတ္ဒုကၡေပးတဲ့ ေရာဂါေတြထဲက တစ္ခုျဖစ္တယ္။
ကမာၻေပၚမွာ က်ား၊ မ၊ အသက္အရြယ္မေရြး ဒီေရာဂါျဖစ္ႏိုင္တယ္။ အထူးသျဖင့္ အသက္ ၄၅-၆၅ အတြင္း အသက္ႀကီးသူေတြမွာ အဓိကျဖစ္ၾကပါတယ္။
လိပ္ေခါင္းဆိုတာ စအိုေသြးေၾကာေရာင္ရမ္းရာက ျဖစ္လာတဲ့ ေရာဂါပါ။

လိပ္ေခါင္းျဖစ္ေစတဲ့ ေနာက္ခံအေၾကာင္းရင္း မ်ားစြာရွိပါတယ္။ အစားအေသာက္၊ အေနအထိုင္၊ အလုပ္အကိုင္ေတြနဲ႕ ဆက္စပ္မႈရွိတယ္။
အမွ်င္ဓာတ္ပါတဲ့ အသီးအႏွံ အစားနည္းသူ၊ ဝမ္းခ်ဳပ္လြယ္သူ၊ အဆီအဆိမ့္ အစားမ်ားသူေတြမွာလည္း ျဖစ္ၾကတယ္။
အထိုင္မ်ားသူ၊ ဝမ္းသြားခ်ိန္ၾကာသူ၊ အေလးအပင္မသူ၊ လႈပ္ရွားမႈနည္းသူေတြမွာ အျဖစ္မ်ားတယ္။
အဝလြန္သူ၊ နာတာရွည္ ဝမ္းခ်ဳပ္သူေတြမွာ အဓိကေတြ႕ရတယ္။
ကိုယ္ဝန္ေဆာင္ေတြမွာ ပိုေတြ႕ရတယ္။
ေဂးေတြမွာလည္း ဒီေရာဂါနဲ႕မကင္းပါ။
အသည္းေ႐ာဂါေတြက စအိုေသြးျပန္ေၾကာေတြကို ဖိအားသက္ေရာက္ေစလို႕ လိပ္ေခါင္းပိုျဖစ္ႏိုင္တယ္။
ႏွာေခ်၊ေခ်ာင္းဆိုး၊ ဝမ္းညႇစ္လိုက္တာေတြက ဗိုက္ဖိအားမ်ားၿပီး စအိုေသြးေၾကာေတြကို ဖိထားသလိုျဖစ္တယ္။ၾကာလာေတာ့ လိပ္ေခါင္းျဖစ္လာတယ္။ အေနာက္ႏိုင္ငံေတြမွာ လူဦးေရရဲ႕ ၅% နီးပါးဟာ ဒီေဝဒနာ ခံစားရသတဲ့။

လိပ္ေခါင္းဆိုတာ စအိုကေန အျပင္ျပဴထြက္ က်လာတဲ့ ေသြးျပန္ေၾကာေတြ ျဖစ္ပါတယ္။
စအိုဆိုတာ မစင္အညစ္အေၾကးစြန္႕ရာ ေနာက္ဆံုး အစိတ္အပိုင္း ျဖစ္ပါတယ္။
အူမႀကီးရဲ႕ ေအာက္ဆံုးအပိုင္းလည္း ျဖစ္တယ္။
စအိုဆိုတာ ၂ လက္မေလာက္ ရွည္တဲ့ က်ံဳ႕ႏိုင္ဆန္႔ႏိုင္တဲ့ ႂကြက္သားႁပြန္တစ္ခု ျဖစ္တယ္။
စအိုေသြးေၾကာေတြက မ်ားတယ္။ ဒီေသြးေၾကာေတြကို အစာေဟာင္းအိမ္ (rectum) နဲ႕ ဆက္သြယ္ထားပါတယ္။
ဒီေသြးေၾကာေတြမွာ ေသြးအိုင္ၿပီး ေဖာင္းလာ၊ ေရာင္လာရာကေန လိပ္ေခါင္းဆိုတာ ျဖစ္လာတယ္။
လိပ္ေခါင္းမွာ အျပင္လိပ္နဲ႕ အတြင္းလိပ္ဆိုၿပီး ရွိတယ္။ ေဆးပညာက ခြဲျခားထားတဲ့ လိပ္ေခါင္းနဲ႕ သာမန္လူေတြ နားလည္ထားတဲ့ လိပ္ေခါင္းမတူပါ။ 
ေဆးပညာအရ အျပင္လိပ္နဲ႕ အတြင္းလိပ္ကို စအိုမွာရွိတဲ့ dentate line နဲ႕ ခြဲျခားသတ္မွတ္လိုက္တယ္။

dentate line အမွတ္ရဲ႕အေပၚ (သံုးပံုႏွစ္ပံု) မွာရွိရင္ အတြငိးလိပ္၊ အမွတ္ရဲ႕ ေအာက္ဖက္ (သံုးပံုတစ္ပံု) မွာရွိရင္ အျပင္လိပ္လို႕ သတ္မွတ္ထားတယ္။
လူအမ်ားနားလည္တာက အျပင္ကို စူထြက္လာတဲ့ လိပ္ေခါင္းကိုသာ အျပင္လိပ္လို႕ထင္ၾကတာ ျဖစ္တယ္။ တကယ္က လိပ္ေခါင္း အဆငိ့သတ္မွတ္ခ်က္သာ ျဖစ္ပါတယ္။

၁၉၈၅ ခုႏွစ္ကစၿပီး လိပ္ေခါင္းကို အဆင့္ေလးဆင့္ ခြဲျခားလိုက္တယ္။
အဆင့္တစ္ လိပ္ေခါင္း(Grade 1)
စအိုတြင္းေသြးေၾကာ ေဖာင္းမယ္၊ တခ်ိဳ႕မွာ ေသြးစပါေပမယ့္ တခ်ိဳ႔က ဘာလကၡဏာမွ မျပေသးဘူး။
အဆင့္ႏွစ္ လိပ္ေခါင္း(Grade 2)
ဝမ္းသြားတဲ့အခါ လိပ္ေခါင္းက အျပင္ကို စူထြက္လာတယ္။ ၿပီးရင္ သူ႔ဘာသာ ျပန္ဝင္သြားတယ္။
အဆင့္သံုး လိပ္ေခါင္း(Grade 3)
ဝမ္းသြားခ်ိန္မွာ လိပ္ေခါင္း ထြက္လာတယ္။ ဒီအဆင့္မွာ လိပ္ေခါင္းကို လက္နဲ႕ ျပန္ထည့္လို႕ ရေသးတယ္။
အဆင့္ေလး လိပ္ေခါင္း(Grade 4)
ေနာက္ဆံုးအဆင့္ ျဖစ္ပါတယ္။ အျပင္ထြက္ေနတဲ့ လိပ္ေခါင္းဟာ ျပန္သြင္းလို႕ မရေတာ့ဘူး။

စအိုုက အျပင္ထြက္လာတဲ့ လိပ္ေခါင္းကို အဆင့္ (၂) ေနာက္ပိုင္းမွ ေတြ႕ျမင္ရတယ္။ လူအမ်ားသိတဲ့ အျပင္လိပ္က အဆင့္ သံုး နဲ႔ ေလးကို ဆိုလိုတာျဖစ္ပါတယ္။

လိပ္ေခါင္းရဲ႕ အဓိကလကၡဏာ (၅) ခုရွိတယ္။ ဝမ္းသြားတိုင္း ေသြးယိုတာ၊ ယားယံတတ္တာ၊ စအိုေနရာ နာက်င္ၿပီး အေနရခက္တာ၊ ေအာက္ခံစိုတာနဲ႕ အဖုအက်ိတ္ ထြက္လာတာ ျဖစ္ပါတယ္။

လိပ္ေခါင္းရဲ႕ ကနဦးလကၡဏာက ဝမ္းသြားၿပီးတဲ့အခါ ေသြးစေလးေတြ စမ္းမိတာျဖစ္ပါတယ္။ ထြက္တဲ့ေသြးက ခပ္ရဲရဲျဖစ္ပါတယ္။ ၾကာလာတာနဲ႕ ေရာင္တာ၊ ယားတာ၊ နာတာ၊ ရဲတာ၊ အက်ိအခၽြဲထြက္တာေတြ ျဖစ္လာတယ္။

တျဖည္းျဖည္း ပိုဆိုးလာတဲ့အဆင့္မွ စအိုကေန လိပ္ေခါင္းထြက္တာကို စမ္းသပ္မိတယ္။ အျပင္ထြကိတဲ့ လိပ္ေခါင္းဟာ ၾကာတဲ့အခါ လိမ္ၿပီး ေသြးမေလွ်ာက္ေတာ့ဘူး။ အရမ္းနာလာတယ္။
နာက်င္မႈဟာ ပထမ ၂ ရက္အတြင္း အဆိုးဆံုးျဖစ္ၿပီး တစ္ပတ္အတြင္း ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာတယ္။
ေနာက္ျဖစ္ႏိုင္ေခ် တစ္ခုက ေသြးခဲပိတ္တာျဖစ္တယ္။ ဒီအဆင့္မွာ ေသခ်ာေပါက္ ကုဖို႕ လိုပါတယ္။


လိပ္ေခါင္း ကုသနည္း

လိပ္ေခါင္း ကုသနည္း အမ်ိဳးမ်ိဳးွရွိတယ္။ ေရာဂါကို ကုသနည္းေတြထဲမွာ သားေရကြင္းပစ္ ကုသနည္း (rubber band ligation)ကို အမ်ားဆံုး သံုးပါတယ္။
လိပ္ေခါင္းအေျခကို ညႇပ္ၿပီး သားေရနဲ႔ ခ်ည္ပစ္ရတာ ျဖစ္ပါတယ္။
အဆင့္တစ္ ၊အဆင့္ႏွစ္နဲ႕ အဆင့္သံုး လိပ္ေခါင္းေတြမွာ သံုးႏိုင္တယ္။
တျခားနည္းေတြလည္း ရွိတယ္။ လိပ္ေခါင္းထဲကို အသားရံႈ႕ေဆး (phenol) ထိုးထည့္ေပးတဲ့နည္း၊ အပူ၊ လွ်ပ္စစ္ စတာေတြသံုးၿပီး လိပ္ေခါင္းတစ္ရႈးေတြ ပ်က္ဆီးေစတဲ့နည္း စသည္ျဖင့္ အမ်ိဳးမ်ိဳးရွိတယ္။
အဆင့္ေလး (ေနာက္ဆံုးအဆင့္) လိပ္ေခါင္းအတြက္ ခြဲစိတ္နည္းကေတာ့ အေကာင္းဆံုးျဖစ္ပါတယ္။

လကၡဏာေတြကို သက္သာေစဖို႕ လိမ္းေဆးေတြက အသံုးဝင္တယ္။
လကၡဏာကို ယာယီ သက္သာေစတယ္။ ေရွ႕ဆံုးႏွစ္ဆင့္ အတြက္ လိမ္းေဆး၊ ေသာက္ေဆး၊ စအိုထည့္ေဆး အမ်ိဳးမ်ိဳးရွိတယ္။
lignocaine ပါတဲ့ လိမ္းေဆးေတြကို အခ်ိန္တို လိမ္းေပးတဲ့အခါ နာက်င္မႈကို သက္သာေစတယ္။ ဒါေပမယ့္ တပတ္ထက္ ပိုၾကာေအာင္လိမ္းရင္ အေရျပား ပိုမိုယားယံတတ္တယ္။
စတီးရြိဳက္ပါတဲ့ လိမ္းေဆးေတြကလည္း ေကာင္းတယ္။ နာက်င္ယားယံမႈကို သိသိသာသာ ေပ်ာက္ကင္းေစတယ္။ ဒါေပယ့္ ေဘးထြက္ဆိုးက်ိဳး ရွိတယ္။ ဆရာဝန္ၫႊန္ၾကားမႈ မရွိပဲ ႏွစ္ပတ္ထက္ ပိုမသံုးသငိ့ဘူး။
petroleum jelly , zinc oxide လိမ္းေဆးေတြက လိပ္ေခါင္းအေရျပားကို ကာကြယ္ေပးတယ္။ အကိုက္အခဲ ေပ်ာက္ေဆးေတြလည္း လိုအပ္ရင္ အသံုးျပဳႏိုင္တယ္။
ကိုယ္ဝန္ေဆာင္ လိပ္ေခါင္းေရာဂါ အမ်ားစုဟာ ကေလးေမြးၿပီးတာနဲ႕ ေပ်ာက္ကင္း သက္သာႏိုင္ပါတယ္။

ထပ္မျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ
ကာကြယ္ဖို႕ အေနအထိုင္၊ အစားအေသာက္ ဆင္ျခင္ရမယ္။ တကယ္ေတာ့ ဝမ္းမညႇစ္ရေအာင္နဲ႕ ဝမ္းဗိုက္ဖိအား နည္းေအာင္ လုပ္ရတဲ့သေဘာပဲ။

၁။ အမွ်င္ပါတာ မ်ားမ်ားစားသင့္တယ္။ အမွ်င္အားျဖည့္ေဆး ေတြထဲမွာ ispaghula, methylcellulose , sterculia စတာေတြက ေကာင္းတယ္။ အသီးအႏွံ၊ ဟင္းသီးဟင္းရြက္၊ ဆန္လံုးညိဳ၊ေကြကာ၊ ေပါင္မုန္႔ စားပါ။ သစ္သီးေဖ်ာ္ရည္ ေသာက္ပါ။ ကိတ္မုန္႕၊ဘီစကြတ္ စတာေတြ ေလွ်ာ့စားပါ။

၂။ ေရမ်ားမ်ား ေသာက္ပါ။ တစ္ရက္ကို အနည္းဆံုး ၂-လီတာ ဝင္ေအာင္ ေသာက္ပါ။ ေကာ္ဖီ၊ လက္ဖက္ရည္၊ အရက္၊ ဘီယာ၊ ဝိုင္ စတာေတြက ေရဓာတ္ကို ဆံုးရံႈးေစတယ္။ ဝမ္းမာေစမယ္။

၃။ အဆီမ်ားတဲ့၊ နီတဲ့အသား (အမဲသား၊ ဝက္သား၊ ဆိတ္သား) ေတြက ဝမ္းခ်ဳပ္ေစလို႔ ေလွ်ာ့စားပါ။

၄။ ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ။ လမ္းေလွ်ာက္၊ စက္ဘီးစီး၊ ေျပးတာမ်ိဳး ေန႕စဥ္လုပ္ပါ။ ေရကူးျခင္းက လိပ္ေခါင္းအတြက္ အေကာင္းဆံုး ေလ့က်င့္ခန္း ျဖစ္ပါတယ္။

၅။ ပိုအေရးႀကီးတာက ဝမ္းသြားခ်င္စိတ္ ရွိတာနဲ႕ သြားလိုက္ပါ။ ေအာင့္မထားပါနဲ႕။ ဝမ္းမာလာရင္ ဝမ္းသြားရခက္မယ္။ လိပ္ေခါင္းျပန္ျဖစ္တတ္တယ္။

၆။ ေဆာင့္ေၾကာင့္ ထိုင္တာမ်ိဳးတတ္ႏိုင္သမွ် ေရွာင္ပါ။ ေခြးေျခခံုေနာက္မွီ မပါတဲ့ ခံုမ်ိဳးနဲ႔ မထိုင္ပါနဲ႔။ ကြန္ျပဴတာသမား အထူးသတိထားပါ။ နာရီဝက္တစ္ခါ မတ္တပ္ရပ္ၿပီး လႈပ္ရွားမႈတစ္ခုခု လုပ္ပါ။

Sitz bath ေရေႏြးနဲ႕တင္ပါးထိုင္နည္း

လိပ္ေခါင္းအတြက္ ဒီေရေႏြးထိုင္နည္းက အင္မတန္ အသံုးဝင္တယ္။ လကၡဏာေတြ သက္သာေစတယ္။ Sitz bathဆိုတာ ဂ်ာမန္စကား sitzbad ဆိုတာကလာတယ္။ ေရထဲ ထိုင္တာကိုေျပာတာ ျဖစ္တယ္။

တခ်ိဳ႔က hip bath လို႔လည္း ေခၚတယ္။ ဒီနည္းက စအိုနဲ႕ ခႏၶာကိုယ္ ေအာက္ပိုင္း အေနရခက္၊ နာက်င္တဲ့ ေရာဂါေဝဒနာေတြမွာ အသံုးဝင္တယ္။ 

လိပ္ေခါင္းတင္မက စအိုနာ၊ ဂရင္ဂ်ီနာ၊ အူလမ္းေၾကာင္းေရာဂါ၊ သားအိမ္ေရာဂါ၊ ေမြးလမ္း ျပန္ခ်ဳပ္ၿပီးတဲ့အခါ၊ ဆီးက်ိတ္၊ ဆီးအိတ္နဲ႕ ေမြးလမ္းပိုးဝင္တဲ့ အခါမ်ိဳးမွာပါ သံုးေသးတယ္။

အာနိသင္က ျဖစ္တဲ့ေနရာကို သန္႕ရွင္းေစဖို႕နဲ႕ ေသြးေလလႈပ္ရွားမႈ ေကာင္းေစဖို႕ ျဖစ္ပါတယ္။

sitz bath ေရေႏြးထိုင္ဖို႕ သိပ္မခက္ပါ။ တင္ပါးထိုင္လို႕ ရတဲ့အရြယ္ ေရဇလံု၊ ပလတ္စတစ္ ေဘဇင္တစ္ခု လိုပါတယ္။

ေရခ်ိဳးဇလံုထဲကို တင္ပါးနစ္ရံုျဖညိ့ၿပီး မိနစ္အနည္းငယ္ၾကာ ထိုင္ရတာျဖစ္တယ္။

ေရွးဦးစြာ ဇလံုထဲကို အပူခ်ိန္ 43 ဒီဂရီ စင္တီဂရိတ္ရွိတဲ့ ေရေႏြးကို အျမင့္ ၄ လက္မ ေရာက္ေအာင္ျဖည့္ပါ။ ၿပီးရင္ မုန္႕ဖုတ္ဆိုဒါ (သို႕) ဆားခါး (သို႕) ဗနီဂါ စတာေတြ ထည့္ေရာေပးရတယ္။

အလြယ္ဆံုးနည္းက အိမ္သံုးဆား ခပ္ပါ။ ၿပီးရင္ ၁၅မိနစ္ၾကာ ထိုင္ပါ။ သို႕မဟုတိ ေရေႏြး ေအးသြားသည္ထိ ထိုင္ပါ။ အလုပ္ရႈပ္သက္သာဖို႕ သန္႔တဲ့ အဝတ္စကို ေရေႏြးစိမ္ၿပီး သံုးႏိုင္တယ္။

ေမြးလမ္း မိႈပိုးဝင္ရင္ ေရေႏြးထဲ ဆားနဲ႕ဗီနီဂါ ဆတူေရာၿပီး သံုးသငိ့တယ္။ sitz bath မွာ သံုးတဲ့ေရက ေရပူ၊ ေရေအး ႀကိဳက္ႏွစ္သက္ရာ သံုးလို႔ရတယ္။

ဆီး၊ ဝမ္း မထိန္းႏိုင္တာ၊ ဝမ္းခ်ဳပ္တာ၊ ေမြးလမ္း ပိုးဝင္တဲ့အခါ ေရေအးကိုသာ သံုးသငိ့တယ္။ စအိုနဲ႕ဆိုင္တဲ့ ေရာဂါေတြမွာ ေရပူကိုသာ သံုးပါ။

လိပ္ေခါင္း လူနာေတြအတြက္  ၾကက္သီးေႏြးေရကသာ အသင့္ေတာ္ဆံုး ျဖစ္ပါတယ္။

 ေဒါက္တာ ေအးမင္းထူး

#Unicode Version#
လိပ်ခေါင်းဆိုတာ လူတွေကို စိတ်ဒုက္ခပေးတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်တယ်။

ကမ္ဘာပေါ်မှာ ကျား၊ မ၊ အသက်အရွယ်မရွေး ဒီရောဂါဖြစ်နိုင်တယ်။ အထူးသဖြင့် အသက် ၄၅-၆၅ အတွင်း အသက်ကြီးသူတွေမှာ အဓိကဖြစ်ကြပါတယ်။
လိပ်ခေါင်းဆိုတာ စအိုသွေးကြောရောင်ရမ်းရာက ဖြစ်လာတဲ့ ရောဂါပါ။

လိပ်ခေါင်းဖြစ်စေတဲ့ နောက်ခံအကြောင်းရင်း များစွာရှိပါတယ်။ အစားအသောက်၊ အနေအထိုင်၊ အလုပ်အကိုင်တွေနဲ့ ဆက်စပ်မှုရှိတယ်။

အမျှင်ဓာတ်ပါတဲ့ အသီးအနှံ အစားနည်းသူ၊ ဝမ်းချုပ်လွယ်သူ၊ အဆီအဆိမ့် အစားများသူတွေမှာလည်း ဖြစ်ကြတယ်။

အထိုင်များသူ၊ ဝမ်းသွားချိန်ကြာသူ၊ အလေးအပင်မသူ၊ လှုပ်ရှားမှုနည်းသူတွေမှာ အဖြစ်များတယ်။

အဝလွန်သူ၊ နာတာရှည် ဝမ်းချုပ်သူတွေမှာ အဓိကတွေ့ရတယ်။

ကိုယ်ဝန်ဆောင်တွေမှာ ပိုတွေ့ရတယ်။

ဂေးတွေမှာလည်း ဒီရောဂါနဲ့မကင်းပါ။

အသည်းရောဂါတွေက စအိုသွေးပြန်ကြောတွေကို ဖိအားသက်ရောက်စေလို့ လိပ်ခေါင်းပိုဖြစ်နိုင်တယ်။

နှာချေ၊ချောင်းဆိုး၊ ဝမ်းညှစ်လိုက်တာတွေက ဗိုက်ဖိအားများပြီး စအိုသွေးကြောတွေကို ဖိထားသလိုဖြစ်တယ်။

ကြာလာတော့ လိပ်ခေါင်းဖြစ်လာတယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ၅% နီးပါးဟာ ဒီဝေဒနာ ခံစားရသတဲ့။

လိပ်ခေါင်းဆိုတာ စအိုကနေ အပြင်ပြူထွက် ကျလာတဲ့ သွေးပြန်ကြောတွေ ဖြစ်ပါတယ်။

စအိုဆိုတာ မစင်အညစ်အကြေးစွန့်ရာ နောက်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

အူမကြီးရဲ့ အောက်ဆုံးအပိုင်းလည်း ဖြစ်တယ်။

စအိုဆိုတာ ၂ လက်မလောက် ရှည်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားပြွန်တစ်ခု ဖြစ်တယ်။

စအိုသွေးကြောတွေက များတယ်။ ဒီသွေးကြောတွေကို အစာဟောင်းအိမ် (rectum) နဲ့ ဆက်သွယ်ထားပါတယ်။

ဒီသွေးကြောတွေမှာ သွေးအိုင်ပြီး ဖောင်းလာ၊ ရောင်လာရာကနေ လိပ်ခေါင်းဆိုတာ ဖြစ်လာတယ်။

လိပ်ခေါင်းမှာ အပြင်လိပ်နဲ့ အတွင်းလိပ်ဆိုပြီး ရှိတယ်။ ဆေးပညာက ခွဲခြားထားတဲ့ လိပ်ခေါင်းနဲ့ သာမန်လူတွေ နားလည်ထားတဲ့ လိပ်ခေါင်းမတူပါ။
ဆေးပညာအရ အပြင်လိပ်နဲ့ အတွင်းလိပ်ကို စအိုမှာရှိတဲ့ dentate line နဲ့ ခွဲခြားသတ်မှတ်လိုက်တယ်။

dentate line အမှတ်ရဲ့အပေါ် (သုံးပုံနှစ်ပုံ) မှာရှိရင် အတွငိးလိပ်၊ အမှတ်ရဲ့ အောက်ဖက် (သုံးပုံတစ်ပုံ) မှာရှိရင် အပြင်လိပ်လို့ သတ်မှတ်ထားတယ်။

လူအများနားလည်တာက အပြင်ကို စူထွက်လာတဲ့ လိပ်ခေါင်းကိုသာ အပြင်လိပ်လို့ထင်ကြတာ ဖြစ်တယ်။

တကယ်က လိပ်ခေါင်း အဆငိ့သတ်မှတ်ချက်သာ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်ကစပြီး လိပ်ခေါင်းကို အဆင့်လေးဆင့် ခွဲခြားလိုက်တယ်။

အဆင့်တစ် လိပ်ခေါင်း(Grade 1)
စအိုတွင်းသွေးကြော ဖောင်းမယ်၊ တချို့မှာ သွေးစပါပေမယ့် တချို့က ဘာလက္ခဏာမှ မပြသေးဘူး။

အဆင့်နှစ် လိပ်ခေါင်း(Grade 2)
ဝမ်းသွားတဲ့အခါ လိပ်ခေါင်းက အပြင်ကို စူထွက်လာတယ်။ ပြီးရင် သူ့ဘာသာ ပြန်ဝင်သွားတယ်။

အဆင့်သုံး လိပ်ခေါင်း(Grade 3)
ဝမ်းသွားချိန်မှာ လိပ်ခေါင်း ထွက်လာတယ်။ ဒီအဆင့်မှာ လိပ်ခေါင်းကို လက်နဲ့ ပြန်ထည့်လို့ ရသေးတယ်။

အဆင့်လေး လိပ်ခေါင်း(Grade 4)
နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ အပြင်ထွက်နေတဲ့ လိပ်ခေါင်းဟာ ပြန်သွင်းလို့ မရတော့ဘူး။

စအိုက အပြင်ထွက်လာတဲ့ လိပ်ခေါင်းကို အဆင့် (၂) နောက်ပိုင်းမှ တွေ့မြင်ရတယ်။ လူအများသိတဲ့ အပြင်လိပ်က အဆင့် သုံး နဲ့ လေးကို ဆိုလိုတာဖြစ်ပါတယ်။

လိပ်ခေါင်းရဲ့ အဓိကလက္ခဏာ (၅) ခုရှိတယ်။ ဝမ်းသွားတိုင်း သွေးယိုတာ၊ ယားယံတတ်တာ၊ စအိုနေရာ နာကျင်ပြီး အနေရခက်တာ၊ အောက်ခံစိုတာနဲ့ အဖုအကျိတ် ထွက်လာတာ ဖြစ်ပါတယ်။

လိပ်ခေါင်းရဲ့ ကနဦးလက္ခဏာက ဝမ်းသွားပြီးတဲ့အခါ သွေးစလေးတွေ စမ်းမိတာဖြစ်ပါတယ်။ ထွက်တဲ့သွေးက ခပ်ရဲရဲဖြစ်ပါတယ်။ ကြာလာတာနဲ့ ရောင်တာ၊ ယားတာ၊ နာတာ၊ ရဲတာ၊ အကျိအချွဲထွက်တာတွေ ဖြစ်လာတယ်။

တဖြည်းဖြည်း ပိုဆိုးလာတဲ့အဆင့်မှ စအိုကနေ လိပ်ခေါင်းထွက်တာကို စမ်းသပ်မိတယ်။ အပြင်ထွကိတဲ့ လိပ်ခေါင်းဟာ ကြာတဲ့အခါ လိမ်ပြီး သွေးမလျှောက်တော့ဘူး။ အရမ်းနာလာတယ်။

နာကျင်မှုဟာ ပထမ ၂ ရက်အတွင်း အဆိုးဆုံးဖြစ်ပြီး တစ်ပတ်အတွင်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာတယ်။

နောက်ဖြစ်နိုင်ချေ တစ်ခုက သွေးခဲပိတ်တာဖြစ်တယ်။ ဒီအဆင့်မှာ သေချာပေါက် ကုဖို့ လိုပါတယ်။


လိပ်ခေါင်း ကုသနည်း

လိပ်ခေါင်း ကုသနည်း အမျိုးမျိုးှရှိတယ်။ ရောဂါကို ကုသနည်းတွေထဲမှာ သားရေကွင်းပစ် ကုသနည်း (rubber band ligation)ကို အများဆုံး သုံးပါတယ်။

လိပ်ခေါင်းအခြေကို ညှပ်ပြီး သားရေနဲ့ ချည်ပစ်ရတာ ဖြစ်ပါတယ်။

အဆင့်တစ် ၊အဆင့်နှစ်နဲ့ အဆင့်သုံး လိပ်ခေါင်းတွေမှာ သုံးနိုင်တယ်။

တခြားနည်းတွေလည်း ရှိတယ်။ လိပ်ခေါင်းထဲကို အသားရှုံ့ဆေး (phenol) ထိုးထည့်ပေးတဲ့နည်း၊ အပူ၊ လျှပ်စစ် စတာတွေသုံးပြီး လိပ်ခေါင်းတစ်ရှုးတွေ ပျက်ဆီးစေတဲ့နည်း စသည်ဖြင့် အမျိုးမျိုးရှိတယ်။

အဆင့်လေး (နောက်ဆုံးအဆင့်) လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။

လက္ခဏာတွေကို သက်သာစေဖို့ လိမ်းဆေးတွေက အသုံးဝင်တယ်။

လက္ခဏာကို ယာယီ သက်သာစေတယ်။ ရှေ့ဆုံးနှစ်ဆင့် အတွက် လိမ်းဆေး၊ သောက်ဆေး၊ စအိုထည့်ဆေး အမျိုးမျိုးရှိတယ်။

lignocaine ပါတဲ့ လိမ်းဆေးတွေကို အချိန်တို လိမ်းပေးတဲ့အခါ နာကျင်မှုကို သက်သာစေတယ်။ ဒါပေမယ့် တပတ်ထက် ပိုကြာအောင်လိမ်းရင် အရေပြား ပိုမိုယားယံတတ်တယ်။

စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေကလည်း ကောင်းတယ်။ နာကျင်ယားယံမှုကို သိသိသာသာ ပျောက်ကင်းစေတယ်။ ဒါပေယ့် ဘေးထွက်ဆိုးကျိုး ရှိတယ်။ ဆရာဝန်ညွှန်ကြားမှု မရှိပဲ နှစ်ပတ်ထက် ပိုမသုံးသငိ့ဘူး။

petroleum jelly , zinc oxide လိမ်းဆေးတွေက လိပ်ခေါင်းအရေပြားကို ကာကွယ်ပေးတယ်။ အကိုက်အခဲ ပျောက်ဆေးတွေလည်း လိုအပ်ရင် အသုံးပြုနိုင်တယ်။

ကိုယ်ဝန်ဆောင် လိပ်ခေါင်းရောဂါ အများစုဟာ ကလေးမွေးပြီးတာနဲ့ ပျောက်ကင်း သက်သာနိုင်ပါတယ်။

ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ကာကွယ်ဖို့ အနေအထိုင်၊ အစားအသောက် ဆင်ခြင်ရမယ်။ တကယ်တော့ ဝမ်းမညှစ်ရအောင်နဲ့ ဝမ်းဗိုက်ဖိအား နည်းအောင် လုပ်ရတဲ့သဘောပဲ။

၁။ အမျှင်ပါတာ များများစားသင့်တယ်။ အမျှင်အားဖြည့်ဆေး တွေထဲမှာ ispaghula, methylcellulose , sterculia စတာတွေက ကောင်းတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ဆန်လုံးညို၊ကွေကာ၊ ပေါင်မုန့် စားပါ။ သစ်သီးဖျော်ရည် သောက်ပါ။ ကိတ်မုန့်၊ဘီစကွတ် စတာတွေ လျှော့စားပါ။

၂။ ရေများများ သောက်ပါ။ တစ်ရက်ကို အနည်းဆုံး ၂-လီတာ ဝင်အောင် သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဘီယာ၊ ဝိုင် စတာတွေက ရေဓာတ်ကို ဆုံးရှုံးစေတယ်။ ဝမ်းမာစေမယ်။

၃။ အဆီများတဲ့၊ နီတဲ့အသား (အမဲသား၊ ဝက်သား၊ ဆိတ်သား) တွေက ဝမ်းချုပ်စေလို့ လျှော့စားပါ။

၄။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လမ်းလျှောက်၊ စက်ဘီးစီး၊ ပြေးတာမျိုး နေ့စဉ်လုပ်ပါ။ ရေကူးခြင်းက လိပ်ခေါင်းအတွက် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

၅။ ပိုအရေးကြီးတာက ဝမ်းသွားချင်စိတ် ရှိတာနဲ့ သွားလိုက်ပါ။ အောင့်မထားပါနဲ့။ ဝမ်းမာလာရင် ဝမ်းသွားရခက်မယ်။ လိပ်ခေါင်းပြန်ဖြစ်တတ်တယ်။

၆။ ဆောင့်ကြောင့် ထိုင်တာမျိုးတတ်နိုင်သမျှ ရှောင်ပါ။ ခွေးခြေခုံနောက်မှီ မပါတဲ့ ခုံမျိုးနဲ့ မထိုင်ပါနဲ့။ ကွန်ပြူတာသမား အထူးသတိထားပါ။ နာရီဝက်တစ်ခါ မတ်တပ်ရပ်ပြီး လှုပ်ရှားမှုတစ်ခုခု လုပ်ပါ။

Sitz bath ရေနွေးနဲ့တင်ပါးထိုင်နည်း

လိပ်ခေါင်းအတွက် ဒီရေနွေးထိုင်နည်းက အင်မတန် အသုံးဝင်တယ်။ လက္ခဏာတွေ သက်သာစေတယ်။ Sitz bathဆိုတာ ဂျာမန်စကား sitzbad ဆိုတာကလာတယ်။ ရေထဲ ထိုင်တာကိုပြောတာ ဖြစ်တယ်။

တချို့က hip bath လို့လည်း ခေါ်တယ်။ ဒီနည်းက စအိုနဲ့ ခန္ဓာကိုယ် အောက်ပိုင်း အနေရခက်၊ နာကျင်တဲ့ ရောဂါဝေဒနာတွေမှာ အသုံးဝင်တယ်။

လိပ်ခေါင်းတင်မက စအိုနာ၊ ဂရင်ဂျီနာ၊ အူလမ်းကြောင်းရောဂါ၊ သားအိမ်ရောဂါ၊ မွေးလမ်း ပြန်ချုပ်ပြီးတဲ့အခါ၊ ဆီးကျိတ်၊ ဆီးအိတ်နဲ့ မွေးလမ်းပိုးဝင်တဲ့ အခါမျိုးမှာပါ သုံးသေးတယ်။

အာနိသင်က ဖြစ်တဲ့နေရာကို သန့်ရှင်းစေဖို့နဲ့ သွေးလေလှုပ်ရှားမှု ကောင်းစေဖို့ ဖြစ်ပါတယ်။

sitz bath ရေနွေးထိုင်ဖို့ သိပ်မခက်ပါ။ တင်ပါးထိုင်လို့ ရတဲ့အရွယ် ရေဇလုံ၊ ပလတ်စတစ် ဘေဇင်တစ်ခု လိုပါတယ်။

ရေချိုးဇလုံထဲကို တင်ပါးနစ်ရုံဖြညိ့ပြီး မိနစ်အနည်းငယ်ကြာ ထိုင်ရတာဖြစ်တယ်။

ရှေးဦးစွာ ဇလုံထဲကို အပူချိန် 43 ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေနွေးကို အမြင့် ၄ လက်မ ရောက်အောင်ဖြည့်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ (သို့) ဆားခါး (သို့) ဗနီဂါ စတာတွေ ထည့်ရောပေးရတယ်။

အလွယ်ဆုံးနည်းက အိမ်သုံးဆား ခပ်ပါ။ ပြီးရင် ၁၅မိနစ်ကြာ ထိုင်ပါ။ သို့မဟုတိ ရေနွေး အေးသွားသည်ထိ ထိုင်ပါ။ အလုပ်ရှုပ်သက်သာဖို့ သန့်တဲ့ အဝတ်စကို ရေနွေးစိမ်ပြီး သုံးနိုင်တယ်။

မွေးလမ်း မှိုပိုးဝင်ရင် ရေနွေးထဲ ဆားနဲ့ဗီနီဂါ ဆတူရောပြီး သုံးသငိ့တယ်။ sitz bath မှာ သုံးတဲ့ရေက ရေပူ၊ ရေအေး ကြိုက်နှစ်သက်ရာ သုံးလို့ရတယ်။

ဆီး၊ ဝမ်း မထိန်းနိုင်တာ၊ ဝမ်းချုပ်တာ၊ မွေးလမ်း ပိုးဝင်တဲ့အခါ ရေအေးကိုသာ သုံးသငိ့တယ်။ စအိုနဲ့ဆိုင်တဲ့ ရောဂါတွေမှာ ရေပူကိုသာ သုံးပါ။

လိပ်ခေါင်း လူနာတွေအတွက်  ကြက်သီးနွေးရေကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
 ဒေါက်တာ အေးမင်းထူး

No comments:

Post a Comment