Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 23, 2018
တိမ်စွဲနေသော မျက်စိဝေဒနာရှင်များအတွက် သတင်းကောင်းပါ။ တိမ်ပြာဂမုန်း အကျိုးကျေးဇူးမျာ
အရှင်ကုမာရ
ဆေးနည်း
အခြားရောဂါများအတွက်-
မင်္ဂလာပါ
မိသားစုတစ်ခုဖြစ်လာပြီဆိုရင်မရှိဖြစ်စိုက်ထားသင့်တဲ့အပင်မျိုးပါ။
Ko Ko Kyaw D
=================================================================
Zawgyi
အောက်ဖော်ပြပါ အပင်ကတော့ တိမ်ဂမုန်းပင်လို့ခေါ်ပါတယ် တောရဆောက်တည်နေသော ဆရာတော်တစ်ပါး၏ လေခါးဘေးနားမှာ တမင်တကာစိုက်ပျိုးထားတာပါ ။
ဦးဇင်းလည်း သိချင်တာနဲ့မေးကြည့်တော့ တိမ်ဂမုန်းပင်လို့ခေါ်ကြောင့် မျက်စိတိမ်စွဲလျှင် လည်းကောင်းအပင်မှ ဥကိုလက်တစ်ဆစ်ဖြတ် ပြီးလျှင်အပေါက်ဖောက်ပြီး တိမ်စွဲနေသောမျက်စိကို အသက်အောင့်ပြီး ၉ခါမုတ်ထုတ်လျှင် တိမ်စွဲနေသောမျက်စိပြန်ကောင်း သွားကြောင့်ပြောပြပါသည် ။
ဦးဇင်းလည်းသေချာအောင်လို့ အရှင်ဘုရားကလက်တွေ့လားဟု မေးကြည့်တော့ လက်တွေ့ဖြစ်ကြောင့် သူကိုယ်တိုင် မျက်စိတိမ်ဝေဒနာကိုခံစားရသဖြင့် ၎င်းအစ်ကိုက တိမ်ဂမုန်းဥကိုယူပြီး ကုသပေးသဖြင့်ပျောက်ကင်း သွားကြောင့် ထိုကြောင့် ၎င်းအပင်ကို တောင်းယူပြီး စိုက်ပျိုးထားတာဖြစ်ကြောင့်
အခုချိန်ထိမျက်စိပြန်ကောင်းနေကြောင်းပြောပြပါသည်
ဦးဇင်းလည်း ဗဟုသုတအဖြစ် ပြန်လည်း ပေချင်တာနဲ့ ပါလာသော ဖုန်းဖြင့်ဓာတ်ပုံရိုက်ပြီး တင်ပြပေးလိုက်ပါတယ် ။
အရှင်ကုမာရ
ထပ်မှန်ဖြည့်စွက်ပါရစေ
မျက်စိတိမ်စွဲရောဂါအတွက် တိမ်ဂမုန်းပင်
ယခုပုံမှာ မြင်နေရတဲ့အပင်ကတော့ တိမ်ဂမုန်းပင်ဖြစ်ပါတယ်။ တစ်ချို့ဒေသမှာတော့ ဂမုန်းတိမ်ပြာလို့ ခေါ်ကြပါတယ်။
အမြှစ်ဥကို ချိုးကြည့်လျှင် အထဲမှာ တိမ်ရောင်ပေါက်နေမည်။ မျက်စိရောဂါများနှင့် အခြားသောရောဂါများအတွက် အလွန်ဆေးဖက်ဝင်သည့် အပင်တစ်မျိုးဖြစ်ပါတယ်။
တွံတေးဘက်နှင့် ရခိုင်ဘက်မှာ သဘာဝအလျှောက်ပေါက်တယ်လို့ သိရပြီး စိုက်ပျိုးလျှင်လည်း ပွါးတတ်တယ်လို့ သိရပါတယ်။
တောရဆောက်တည်နေသော ဆရာတော်တစ်ပါး၏ လက်တွေ့ပျောက်ကင်းခဲ့သော ဆေးနည်းတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ဆရာတော်ကိုယ်တိုင် ထိုတိမ်ဂမုန်းဖြင့် တိမ်စွဲနေသော မျက်စိကို ကုသ၍ ပျောက်ကင်းခဲ့ပါတယ်။ မျက်စိတိမ်စွဲရောဂါဖြစ်နေ၍ရောက်လာကြသော ဒကာ၊ ဒကာမများကိုလည်း ၄င်းဆေးနည်းကို မျှဝေပေးခဲ့၍ သက်သာပျောက်ကင်းသွားကြပါတယ်။
ဆေးနည်း
(၁) တိမ်ဂမုန်းပင်၏ ဥကိုတူယူ၍ နေရိပ်တွင် အခြောက်လှန်းပါ။
(၂) ထိုဥကို အမှုန့်ကြိတ်၍ ပျားရည်နှင့် မန်ကျည်းစေ့ခန့် လုံးထားကာ ညစဉ် တစ်လုံးစီ သောက်ပါ။
(၃) ထိုအမှုန့်ကို မကြာခဏ ရှူပေးပါ။
(၄) ထိုအမှုန့်ကို အဝတ်သန့်သန့်တွင် ထည့်၍ မျက်စိပေါ်ကို (၁၀) မိနစ်ခန့် အုပ်ထားပေးပါ။
(၅) တိမ်ဂမုန်း၏ ဥကို ပြုတ်၍ ၄င်းပြုတ်ရည်ဖြင့် မျက်နှာသစ်ပါ။ မျက်စိကို ဆေးကြောပေးပါ။
အခြားရောဂါများအတွက်-
(၁) ထိခိုက်ရှနာနှင့် ဒဏ်ရာများအတွက် ၄င်းတိမ်ဂမုန်းဥကို ထုထောင်း၍ ဒဏ်ရာပေါ်ကို အုပ်ပေးထားပါက ဒဏ်ရာများ အမြန်ပျောက်ကင်း သက်သာစေပါသည်။
(၂) အဖုအကြိတ်များပေါက်လျှင် တိမ်ဂမုန်းဥကိုသွေး၍ လိမ်းပေးပါ။
(၃) အဆိပ်မိလာလျှင် အမြှစ်ကို သွေး၍ သောက်ပါ။ အဆိပ်ပြေစေပါသည်။
(၄) အရိုးကျီးပေါင်းအတွက် အမြှစ်ကို ဆေးရည်အဖြစ် ကျို၍ သောက်ပေးပါ။
မျက်စိတိမ်စွဲနေသော ဝေဒနာရှင်များအတွက် ဒီဆေးနည်းကို မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – ဦးကုမာရ၊ သက်ရှည်ကျန်းမာအစွမ်းထက် သဘာဝဆေးနည်းများ
@မင်္ဂလာပါ
ဒီတခါကျွန်တော်ပြောပြချင်တာကတော့ ဂမုန်းတိမ်ပြာအပင်အကြောင်းလေးပါ။
မိသားစုတစ်ခုဖြစ်လာပြီဆိုရင်မရှိဖြစ််စိိုုက်ထားသင့်တဲ့အပင်မျိုးပါ။
အထူးသဖြင့်ကလေးငယ်တွေရှိသောမိသားစုတွေအတွက်အလွန်အသုံးဝင်ပါတယ်။
မွေးကာစကလေးငယ်တွေစကားမပြောတတ်သေးတဲ့ ကလေးငယ်တွေအတွက် မိဘတွေရင်လေးစေတတ် ပူပင်ကြောင့်ကြစေတတ်သောသူငယ်နာကိုနိုင်စေသောအစွမ်းရှိကြောင့်ပါ။
သူငယ်နာအပြင်တတ်ဆိုမိဘတွေသိနိုင်ပေမဲ့သူငယ်နာကိုယ်တိုးဆိုဘယ်လိုမှမသိနိုင်ပါဘူး။
မိဘတွေအနေနဲ့အရွယ်မတိုင်မှီကိုယ့်ရင်သွေးငယ်တွေအကြွေမစောအောင်မွေးစအရွယ်မှလည်းကောင်း သူငယ်နာဖြစ်နေချင်းသူငယ်နာတတ်နေချိန်မှာတောင်ချက်ချင်းကောင်းစေနိုင်သော အစွမ်းရှိသည့်အပင်မျိုးဖြစ်ပါသည်။
ကြိုတငိကာကွယ်ချင်းကကုသချင်းထက်ထိရောက်သည်မို့ကလေးငယ်တွေကိုမွေးကာစအရွယ်တည်းကဂမုန်းတိမ်ပြာဥ လေးကိုအနည်းငယ်သွေး၍ခွံပေးထားခြင်းဖြင့်မိမိရင်သွေးငယ်တွေအတွက်သူငယ်နာကင်းဝေးနိုင်သလိုကျန်းမာစေနိုင်ပါသည်။
ဂမုန်းတိမ်ပြာဥသည် မျက်စိတိမ်ဖြစ်ခါစလူတွေ မျက်သားတတ်သူတွေအတွက်လည်းမျက်စဉ်းခက်ပေးသလိုအနည်းငယ်သွေးပြီးရေရောကာခက်ပေးချင်းဖြင့်လည်းပျောက်ကင်းနိုင်သည်ဟုသိရပါသည်။
ပြထားသောပုံမှာ ဂမုန်းတိမ်ပြာအပင်နှင့် ဥများဖြစ်ပါသည်။ဂမုန်းတိမ်ပြာအရွက်၏အလည်ကြောရိုးတွင်ခရမ်းရောင်ကဲ့သို့အရောင်ပါရှိပြီးဥကိုလှီးဖြတ်ကြည့်
လျှင်လည်းပြာလဲ့လဲ့အရောင်ကွင်းပါရှိပါသည်။
ဂမုန်းတိမ်ပြာအပင်သည်နွေရာသီ၌အပင်သေ၍ဥသာကျန်ရစ်ပြီးမိုးဦးကျမှအပင်ပြန်လည်ပေါက်တတ်ပါသည် မိုးတွင်း၌ တချိုဥများ အရောင်မပေါ်တတ်ပါ။
ကျွန်တော်တိုမိသားစုရဲ့လက်တွေ့သက်ဆောင့်ဆေးမလို့မိသားစုတိုင်း မိသားစုတိုင်းစိုက်ထားနိုင်ကြပါစေလို့ ဆန္ဒဖြင့်တင်ပြလိုက်ရပါသည်။
အားလုံးဘဲပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
Ko Ko Kyaw D
No comments:
Post a Comment