Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 29, 2018

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း အကောင်အထည်ဖော်ရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ရစဉ်/ Photo: Myanmar State Counsellor Office
တရုတ်-မြန်မာစီးပွားရေး စင်္ကြန်လမ်း “The Belt and Road” အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြန်မာအစိုးရက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe က အခုလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သူရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝန်ကြီးဌာန ၇ ခုက ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန စတဲ့ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း ပူးတွဲတည်ထောင်ရေးကို တွန်းအားပေးဖော်ဆောင်ဖို့နဲ့ ရန်ကုန်မြို့သစ်ဖော်ဆောင်ရေး လုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်လို့လည်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment