Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 24, 2018

ဆီးချိုဝေဒနာရှင်များအတွက်ဆေးစွမ်းထက်တဲ့ဆေးညွှန်းလေးတခု


ဆီးချိုဝေဒနာရှင်များအတွက်ဆေးစွမ်းထက်တဲ့ဆေးညွှန်းလေးတခုမျှဝေပေးလိုက်ပါတယ်

ကျွန်တော် ၂၀၁၆ ခုနှစ်ခန့်မှစ၍ နှုတ်ခမ်းတွေတအားခြောက် ရေတွေတအားငတ် ခဏ ခဏသောက် ထမင်းစားသလောက် ဝမလာဘဲ ပိန်ကျသွားခဲ့ပါတယ်……

ကျွန်တော်မှ မသင်္ကာ၍ ဆေးစစ်ကြည့်ရာ ဆီးချို ၄၉၀ ကျော်တက်နေပါတယ်………
ဒါနဲ့ ဆရာဝန်နဲ့တိုင်ပင်ကုသပြီး ဆေးသောက်ခဲ့ပါတယ် နည်းနည်းဘဲ ကျပါတယ်…
တခြားမြန်မာဆေးတွေ ပြောင်းသောက်တာ သက်သာလာပေမယ့် ပုံမှန် ၂၀၀ နီးပါးကနေ သိပ်မကျခဲ့ပါဘူး……




လွန်ခဲ့တဲ့ ၃ လခန့်က Facebook ကနေ မီးကွင်းဂမုန်းအ​သေးကို သုံးခွက်တခွက်တင်ကြိုသောက်တာ တပတ်လောက်အကြာမှာ ဆီးချိုရောဂါလက္ခဏာတွေဖြစ်တဲ့ အရေပြားယားတာ မျက်စိဝါးတာ ရေငတ်တာ ညအိပ်မပျော်တာတွေ သက်သာပါတယ် ဆီးချိုလည်း ၁၂၀ လောက်ထိ ကျသွားပါတယ်…

အခုတော့ ဆီးချိုက တိုင်းကြည့်တာ ၉၁ ဘဲရှိပါတော့တယ်…ဆီးချို လက္ခဏာတွေလည်း လုံးဝပျောက်ကင်းခဲ့ပါပြီ

ဒါ့ကြောင့် ဆီးချို ဆီးကျင် ဆီးအောင့် ဆီးကျန် ဆီးရောဂါအမျိုးမျိုးအတွက် မီးကွင်းဂမုန်းက အမှန်တကယ် သက်သာပျောက်ကင်းပါကြောင်း ဝမ်းမြောက်စွာ တင်လိုက်ရပါတယ် ……

သုံးစွဲနည်း
………………
မီးကွင်းဂမုန်း အရွက်(သေးရင်)အပင်​လိုက်​ ၉ ခက်ခန့် (ကြီးရင်)အပင်​လိုက်​၄ ခက်ခန့် အား ရေစင်အောင်ဆေးပါ
သံပရာသီး တစိတ်ခန့်ထည့်ပါ
ရေမတ်ခွက် ၃ ခွက်ထည့်ပါ
ဆားသင့်တင့်ယုံ နည်းနည်းထည့်ပါ
(အများကြီးထည့်ရင် ငန်ပါတယ်)
၃ ခွက်တခွက်တင်ကျန်အောင်ကြိုပါ……
တနေ့ တခွက်သာ သောက်ပါ ။ ။ ။

###ဒီမိတ်​​ဆွေတင်​တဲ့​ဆေးနည်းက
အခုမ​တွေ့တာပါ ###

ဒီပို့ကိုအ​ကြောင်းပြုပြီးလက်​​တွေ့​ပြောရရင်​ ပြီးခဲ့တဲ့လ(၈လပိုင်း၂၀၁၈) တပည့်​ဦးဇင်း​လေးမယ်​​တော်​ ဆီးချို ၅၀၀​လောက်​တက်​ပြီးမနိုင်​လို့ ဒူး​အောက်​က​နေဖြတ်လိုက်​​ရတယ်​ အနာကမကျက်​ဘူး ဆက်​ပြီးဖြတ်​ရမလို​ဖြစ်​​နေတာ ဆွမ်းစားကြွရင်းတကာတ​ယောက်​က​​ဆေးနည်း​ပေးလို့ ပေးတဲ့​ဆေးနည်းအတိုင်း

မီးကွင်းဂမုန်းအ​သေးကို အရွက်​ရင့့်​၇ရွက်​(အပင်​ဆိုရင်​တပင်​) သံပုရာသီး​က လေးစိတ်​တစိတ်​ ဆားအနည်းငယ်​နဲ့ သုံးခွက်​တခွက်​ကျန်​အောင်​ကြိုပြီး မနက်​ပိုင်းတခွက်​ ညပိုင်းတခွက်​ အင်္ဂလိပ်​​ဆေးနဲ့ ၁နာရီခြားပြီးတိုက်​တာ ၅ရက်​​လောက်​​နေ​တော့ အနာကျက်​ပြီးဆင်းခွင့်​ရတယ်​ ယ္ခု​အနာပျောက်လို့​ဆေးရုံကဆင်းပြီးရွာပြန်​​ရောက်​သွားပြီ ။

#လူနာရှင်​ရဲ့ခွင့်​ပြုချက်​အရ # 

(ယ္ခင်​၁၆လမ်းဆိုတာက လူနာရှင်​မကြိုက်​မှာစိုးလို့ လိပ်​စာ​ရှောင်​​ရေးတာပါ)
လိပ်​စာအတိအကျ​ရေးရရင်
မြောက်​ပြင်​ သန္တာရုံ​ကျောင်း​မြောက်​ဘက်​က ဆီးချိုရှင်​လူနာ မယ်​​တော်​ကြီးတ​ယောက်​က​တော့ ​ခြေမကိုဖြတ်​လုဖြတ်​ခင်​ ဆရာဝန်​ကလဲဆီးချိုမနိုင်​လို့ စိတ်​မ​ကောင်းဖြစ်​​နေတဲ့အချိန်​ ယ္ခု​သောက်​နည်းနဲ့ ​ဆေးပင်​ကိုပြ​တော့ ဆရာဝန်​ခွင့်​ပြုလို့​သောက်​လိုက်​တာ အဖြတ်​ငြိမ်းပြီး​ အနာ​ပျောက်​လို့​ ဆေးရုံကဆင်းခွင့်​ရတယ်​တဲ့

အစ ၁ပါတ်​​သောက်တာ၆(၁၀၈)အထိကျ တလ​​အထိဆက်​​သောက်​တာ ၅(၉၀)အထိကျပြီး အခု၂လ​လောက်​​ဆက်​သောက်​တာ ၄•၅{၈၁}အထိ ဆီချိုထိန်းနိုင်​သွားလို့မှို့ ဆရာဝန်​ကဆီးချိုထိန်းနိုင်​သွားပြီ ဒီ​ဆေးဆက်​မ​သောက်​ဘဲ ​ပေါ့​ပေါ့ပါးပါးအင်္ဂလိပ်​​ဆေးဘဲ​သောက်ောတ့ဆိုလို့ ဆက်​မ​သောက်​​တော့ဘူးလို့ပြောပါတယ်​​ဗျ

စားခြင်​တာလဲ အသင့်​အတင့်​စားလို့ရပြီတဲ့ {လူနာမယ်​​တော်​ကြီးသ္မီးက​ပြော​တယ်​} မ​နေ့က ကြက်​ဆီထ္မင်း၂ပွဲတထိုင်​တဲစားလို့ ဆီးချိုနဲနဲ{၆ ​ကျော်​၁၁၀}ပြန်​တက်​တဲ့အတွက်​ ​ဆေးပြန်​တိုက်​ရသတဲ့ ၊​ဆီးချိုရှိ​နေမ​တော့ ဆင်​ခြင်​ပြီးစားသင့်​တာ​ပေါ့ဗျာ ။

#မှတ်​သားရန်​#

မြောက်​ပြင်​ကမယ်​​တော်​ကြီးက​တော့ မာလကာရွက်​​ဆေးနည်း​ကိုတိုက်​ရင်​မတည့်​တဲ့အတွက်​ ရင်​တုံမူး​ဝေပြီး ​အော့အန်​လို့ မ​သောက်​ရဲဘူးတဲ့ဗျ ။

#တပည့်​​ကျောင်းသားတ​ယောက်​ရဲ့အမျိုးသ္မီး သားဖွားဆရာမလဲ အခု​ပြောတဲ့နည်းအတိုင်းကြို​သောက်​တာ ဆီးချိုထိန်းနိုင်​တယ်​လို့​ပြောတယ်​ဗျ

#ဘုန်းဘုန်း​တွေ့တဲ့​ဆေးနည်းနဲ့ ​ဖေ့ဘုတ်​ထဲက ​တွေ့တဲ့​ဆေးနည်းတူ​နေလို့ ​ဆေးအစွမ်းကို ယုံကြည်​ပြီး ဆီးချို​ဝေဒနာရှင်​များအတွက်​ဖြန့်​​ဝေလိုက်တာပါ ။
ကံ​ကောင်းပြီး အနာနဲ့​ဆေးတည့်​​အောင်​​ပေးနိုင်​ကြပါ​စေ။

#မှတ်​ချက်​=မီးကွင်းဂမုန်းအကြီးမဟုတ်​ပါ မီးကွင်းဂမုန်းအ​သေးပါ ပန်းကလပ်​​တွေ ပလက်​​ဖောင်း​တွေမှာ အလှစိုက်​တဲ့အ​သေးပင်​ပါ ။ မိးကွင်းဂမုန်းအကြီးက အလျား ၉လက္မ ၁​ပေ ၊ ဗျက်တလက္မခွဲ ​၂လက္မ ။ သန်​ရင်အလျား​တ​ပေခွဲ ဗျက်​၃လက္မ​လောက်​ ရှိပါတယ်​ ဤ​ဆေးပင်​က အလျား၃လက္မက​နေ ၉လက္မအထိဘဲရှိပြီးဗျက်​က၅မူး ၃မတ်​ တလက္မ​လောက်​ဘဲရှိပါတယ်​ ။

#မီးကွင်းဂမုန်းအကြီး​သောက်​လို့
ဆီးချိုမ​ပျောက်​ဘူးလို့ လက်​​တွေ့​သောက်​ပြီး မ​ပျောက်​တဲ့လူနာက​ပြောပြတယ်​ ၊ မီးကွင်းဂမုန်းအကြီးကို သံပုရာ တစိတ်​ ဆားအနည်းငယ်​ထည့်​ ၃ခွက်​၁ခွက်​ကြို​သောက်​တာ တလ​လောက်​​သောက်​​ပေမဲ့ သူ့​တော့မ​ပျောက်​ဘူးလို့ ဆီးချိုမသက်​သာလို့ မန်း​လေး​ရောက်​လာတဲ့ ဆီးချိုလူနာက​ပြောပြပါတယ်​ ။

မန်း​လေးမစိုးရိမ်​တိုက်​သစ်​ ​ဆေး​ကျောင်း​ရှေ့ကကလာပ်​ထဲရယ်​ မုံရွာဝင်​ဝင်​ခြင်း အဝိုင်း​ကျော်​ မြို့တွင်းလမ်းလည်​ကျွန်း အစပိုင်းမှာ​တွေ့ပါတယ်​ ကျုံး​တောင်​ဘက်​တို့ အ​ရှေ့ဘက်​တို့က လမ်းလည်​ကျွန်း​တွေမှာလဲ​တွေ့မိတယ်​ဗျ

တနည်း= ရွာကဒူး​အောက်​က ဖြတ်လိုက်​ရ​တဲ့တကာမက​တော့ ​ဆေးမကြိုအားရင်​ အ​​ရေး​ပေါ်မာလကာရွက်​၅ရွက်​ကို ​ဝါးစားပြီး​ရေ​သောက်​တာ ဆီးချိုအကျများလို့ အချို​​တောင်​ဆောင်​ထားရသတဲ့ ကိုယ်​နဲ့သင့်​ရာဉာဏ်​ရှိသလိုသုံး​ပေါ့(မာလကာရွက်​​ဆေးနည်း သီးခြားရှယ်​ထားပါသည်​ *ဒါ​ပေမယ့်​ မာလကာရွက်​​ကမတည့်​သူဆိုရင်​ ရင်​တုံ မူး​ဝေ​ အော့အန်​သတဲ့ ခန္ဓာကိုယ်​ချင်းလဲမတူသလို ကံချင်းလဲမတူကြဘူး​လေ)

လိုအပ်​တဲ့​ဝေဒနာရှင်​များ လိုအပ်​သလို သုံးစွဲနိုင်​ဘို့ ကုသိုလ်​ရ​အောင်​ ဖြန့်​​ဝေ​ပေးကြပါဗျ ။

(ဆေးပင်​ကို ​ပေတံနှင့်​တိုင်းတာ၍ပြထားပါသည်​၅လက္မရှိတဲ့အ​သေးပင်​ကို​သောက်​ပါ ၁​ပေ​ကျော်​ရှိတဲ့အကြီးပင်​ကိုမ​သောက်​ရပါ)
#ဆီးချို​ရောဂါအန္တရာယ်​မှကင်း​ဝေးကြပါ​စေ#

ခရက်ဒစ် ပုလဲရတနာဘုန်းဘုန်းဗန်မော်တိုက်

No comments:

Post a Comment